Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို တနေရာတမျိုး ပြောက်ကျားတိုက်ခိုက်ခြင်းထက် အားလုံးစုစည်းတိုက်ခိုက်နိုင်ဖို့ ကြိုးစားနေဟု NUGပြော

အာဏာသိမ်းစစ်တပ်တိုက်ခိုက်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးစုစည်းပြီး အမိန့်ပေးမှု တခုတည်းအောက်က တော်လှန်တိုက်ခိုက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေသလို မဟာမိတ်တွေနဲ့ ပူးတွဲအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ပြီး လုပ်ဆောင်နိုင်ဖို့လည်းကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)က NUGရဲ့ PDFတပ်ရင်းအဖြစ် ပြောင်းလဲဖွဲ့စည်းစဉ်။ ဓာတ်ပုံ - MOD

မတ်-၂၇၊ ၂၀၂၆။ထားမြတ်/People’s Spring

အာဏာသိမ်းစစ်တပ်တိုက်ခိုက်ရာမှာ တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးစုစည်းပြီး အမိန့်ပေးမှု တခုတည်းအောက်က တော်လှန်တိုက်ခိုက်နိုင်ဖို့ ကြိုးစားဆောင်ရွက်နေသလို မဟာမိတ်တွေနဲ့ ပူးတွဲအမိန့်ပေးကွပ်ကဲမှုတည်ဆောက်ပြီး လုပ်ဆောင်နိုင်ဖို့လည်းကြိုးစားနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ တမူးဒေသအခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က NUG ကာကွယ်ရေးဝန်ကြီးဌာန PDFတပ်ရင်းများအဖြစ် ကူးပြောင်းရပ်တည်လာတဲ့ ကိစ္စဟာလည်း အဲဒီလို ကြိုးစားမှုရဲ့ အစိတ်အပိုင်းတခုဖြစ်တယ်လို့လည်း ဦးနေဘုန်းလတ်က ပြောပါတယ်။

” အဓိက ရည်မှန်းချက်ဖြစ်တဲ့ စစ်အုပ်စုကို တယောက်တနေရာတယောက်တမျိုး အဆင်ပြေသလို ပြောက်ကျားပြောက်ကျား တိုက်နေကြတာထက် အားလုံးစုစုစည်းစည်းနဲ့ command တခုတည်းရဲ့အောက်မှာ သွားနိုင်ဖို့ စဉ်ဆက်မပြတ်ကြိုးစားနေတာဖြစ်တယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

Chain of Command(COC) တခုတည်း အောက်မှာမရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့အချို့ရှိသကဲ့သို့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ကဲ့သို့ မဟာမိတ်တပ်ဖွဲ့တွေလည်းရှိရာ အဲဒီလို တပ်ဖွဲ့တွေနဲ့လည်း ပူးတွဲအမိန့်ပေးကွပ်ကဲမှု တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်အောင် လုပ်ဆောင်နေတယ်လို့ အသိပေးပါတယ်။

” အဓိကအားဖြင့်တော့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့က အကြမ်းဖက်စစ်အုပ်စုကို တော်လှန်တဲ့ လက်နက်ကိုင်တိုက်ပွဲမှာ ဒီတော်လှန်ရေးမှာကျနော်တို့ တစုတစည်းတည်း ကွန်မန်းတခုအောက်ကနေ သွားနိုင်ဖို့ဆိုတဲ့ကိစ္စကို တက်နိုင်သမျှ ဆောင်ရွက်နေတာတွေရှိပါတယ်။ အဲဒီအတွက်ကြောင့်လည်း တချို့လည်းပဲ MOD အောက်က PDF တပ်ရင်းတွေအဖြစ်နဲ့ ပြောင်းလဲပြီးတော့ ကွပ်ကဲမှုတခုတည်းအောက်မှာ လုပ်ကိုင်ဆောင်ရွက်ကြတာတွေလည်းရှိသလို တချို့ဆိုရင်လည်း COC တိုက်ရိုက်အောက်ကို ဝင်တာမျိုး မဟုတ်ပေမယ့်လည်း စစ်ရေးအရတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတာမျိုး သဘောတူညီထားတဲ့ တပ်ရင်းတပ်ဖွဲ့အချို့လည်းရှိပါတယ်”လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ဟာ NUGကာကွယ်ရေးဝန်ကြီးဌာန အမှတ် (၁)စစ်ဒေသ ကွပ်ကဲမှုကို ၂၀၂၆ မတ်လ ၂၀ရက်မှာ ခံယူခဲ့တာပါ။

ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ကွပ်ကဲမှု‌အောက် မရောက်ရှိသေးတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့များအား ကွပ်ကဲမှု‌အောက် တာဝန်ထမ်းဆောင်ဖို့ဖြစ်စေ၊ ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့ စစ်ရေး ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဖြစ်စေ အစဉ်အမြဲကြိုဆိုလျက်ရှိကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်(မူတြော်)ခရိုင် မှာစစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ထပ်ဖြစ်ခဲ့ပြီး လက်နက် ၇လက် သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅)က စက်တင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပွင့်လင်းကာလဖြစ်တဲ့ မိုးအကုန်ဆောင်းအစမှာ ရက္ခိုင်ကို ဦးတည်တဲ့စစ်တပ်ထိုးစစ်ဟာ လက်ရှိထက် ပိုများတဲ့ အင်အားတွေနဲ့ ထိုးစစ်ကြီးတပြိုင်တည်း ပြုလုပ်လာနိုင်လို့တိုက်ပွဲတွေ ပြင်းထန်လာနိုင်ကြောင်း အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က ပြောကြားပါတယ်။

သတင်း

မန္တလေး အိုးဘိုထောင်မှာ စစ်တပ်နဲ့ ထောင်အာဏာပိုင်တွေ ပူးပေါင်းပြီး အကျဉ်းသားတွေကို စစ်မှုထမ်းဖို့ ဖိအားပေးတာ၊ သီးခြားခွဲထုတ်တာတွေ လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အရပ်သား​တွေကိုပစ်မှတ်ထားတိုက်ခိုက်မှု​ကြောင့်လက်တုန့်ပြန်မယ်လို့ကောလင်းခရိုင်တပ်ရင်း(၁)ကထုတ်ပြန်

Facebook