Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲ

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

ဇွန်-၁၆၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဝက်ဘလူးအိုင်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင် ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ စစ်တပ်ရဲ့ လေ့ကျင့်ရေး (၈)တပ်က ဒရုန်း ၅စီးနဲ့ ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂စီးက ဝက်လူးအိုင်ကေိးရွာက နေအိမ်ပေါ်ကျပြီး အသက်(၅၅)နှစ်အရွယ် ဒေါ်ဘုတ်ဆုံသေဆုံးပြီး သားဖြစ်သူ ကိုသားပြည့်(၂၄)နဲ့ (၁၈)နှစ်အရွယ် သမီးဖြစ်သူ မချောချောတို့ ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။

” ဘာမှမရှိဘူးဗျ။စစ်ကြောင်းလည်း မရှိဘူး။ဒီလို လူတွေ လှုပ်ရှားသွားလာနေချိန်လာချသွားတာပဲ။ဘာသတင်းမှလည်းမကြားဘူး။သက်သက်လာကြဲသွားတာ”လို့ Wetlet information Network တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

‌ကျန်တဲ့ ဒရုန်း၂စီးကလည်း ဝက်လက်မြို့နယ်က သာလိုင်းရွာသစ်အတွင်း ကျပြီး နွားစာတဲမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နောက် ၁စီးကတော့ ဝက်လက်မြို့နယ် မြောက်ခြမ်းကျတာလို့ သိရပြီး လက်ရှိအချိန်အထိ တော့အထိခိုက်မသိရ သေးပါဘူး။

ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာ ၊ဒရုန်းနဲ့ဗုံးကြဲတာ တွေမကြာခဏပြုလုပ်နေပြီး ဝက်လက် မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်တပ်က မေလ၁၃ ရက်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ သံဃာ ၁ပါးနဲ့ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းက နှမစားရစ်ကျေးရွာ ဘုန်းကြီးကျောင်း ရေသန့် စက်ဖွင့်ပွဲကို စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မူပြီး ပြည်သူ ၂ဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဆွေးနွေးပွဲမတိုင်မီ RCSS ထိန်းသိမ်းထားတဲ့ ပအိုဝ်း PNLA တပ်ဖွဲ့ဝင်နဲ့ မိသားစု ၇၈ဦးကို စစ်တပ်ထံ လွှဲပေးခဲ့