Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်မြို့နယ်ကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲ

မိခင်ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးဒဏ်ရာရ

ဇွန်-၁၆၊၂၀၂၆၊ကတ်သရင်းနှင်း၊People’s Spring

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ဝက်ဘလူးအိုင်ကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိခင် ဖြစ်သူသေဆုံးပြီး သား၊သမီး ၂ဦးထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေဘိုမြို့ စစ်တပ်ရဲ့ လေ့ကျင့်ရေး (၈)တပ်က ဒရုန်း ၅စီးနဲ့ ဝက်လက်မြို့နယ်ကို လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၂စီးက ဝက်လူးအိုင်ကေိးရွာက နေအိမ်ပေါ်ကျပြီး အသက်(၅၅)နှစ်အရွယ် ဒေါ်ဘုတ်ဆုံသေဆုံးပြီး သားဖြစ်သူ ကိုသားပြည့်(၂၄)နဲ့ (၁၈)နှစ်အရွယ် သမီးဖြစ်သူ မချောချောတို့ ဒဏ်ရာ ရခဲ့တာလို့ သိရပါတယ်။

” ဘာမှမရှိဘူးဗျ။စစ်ကြောင်းလည်း မရှိဘူး။ဒီလို လူတွေ လှုပ်ရှားသွားလာနေချိန်လာချသွားတာပဲ။ဘာသတင်းမှလည်းမကြားဘူး။သက်သက်လာကြဲသွားတာ”လို့ Wetlet information Network တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

‌ကျန်တဲ့ ဒရုန်း၂စီးကလည်း ဝက်လက်မြို့နယ်က သာလိုင်းရွာသစ်အတွင်း ကျပြီး နွားစာတဲမီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

နောက် ၁စီးကတော့ ဝက်လက်မြို့နယ် မြောက်ခြမ်းကျတာလို့ သိရပြီး လက်ရှိအချိန်အထိ တော့အထိခိုက်မသိရ သေးပါဘူး။

ဝက်လက်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က လေကြောင်းတိုက်တာ ၊ဒရုန်းနဲ့ဗုံးကြဲတာ တွေမကြာခဏပြုလုပ်နေပြီး ဝက်လက် မြို့နယ်အရှေ့ခြမ်း နဘဲပင်လှကျေးရွာ ဘုန်းကြီး ကျောင်းကို စစ်တပ်က မေလ၁၃ ရက်မှာ ရဟတ်ယာဉ်နဲ့ ဗုံးကြဲခဲ့တာမို့ သံဃာ ၁ပါးနဲ့ပြည်သူ ၁ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရှောင်တွေကို အကူအညီတွေပေးဖို့နဲ့ No-Fly Zone သတ်မှတ်ပေးဖို့ တောင်းဆို

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် တောကျောင်းလေးကျေးရွာက ရွှေဝါရောင်ဆရာတော်ရဲ့ကျောင်းမှာ သံဃာတွေ ပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာ ၁ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်းသရက်ချောင်းမြို့နယ် ကညင်ချောင်းကျေးရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့လို့ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးပြီးဒဏ်ရာရသူတွေလည်းရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်ကသတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ် ရေပေါ်မီးကျေးရွာက စစ်တပ်နဲ့ ရှမ်းနီ SNA ပူးပေါင်းတပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။