Connect with us

Hi, what are you looking for?

သတင်း

သံတွဲနဲ့ ပုဏ္ဏားကျွန်းကို စစ်တပ်ဗုံးကြဲ သံဃာ​တော်အပါအဝင် ၇ ဦးထက်မနည်း ဒဏ်ရာရ

ဇူလိုင်၁၉မှာရခိုင်မြို့နယ်သုံးခုကိုစစ်တပ်ဗုံးကြဲလို့ ၅ဦးသေ၊၂၁ဦးထက်မနည်းဒဏ်ရာရ

(သံတွဲမြို့ ရဲစခန်းလမ်းကြားကိုစစ်တပ်ဗုံးကြဲခံရပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-CJ )

ဇူလိုင်-၁၉၊၂၀၂၆။ခိုင်မြတ်/People’s Spring

အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ညနေပိုင်းမှာရခိုင်ပြည်နယ်၊သံတွဲမြို့ပေါ်နဲ့ ပုဏ္ဏားကျွန်းမြို့အနီးဝန်းကျင်တို့ကို ဂျက်ဖိုက်တာအုပ်လိုက်နဲ့ လေကြောင်းဗုံးကြဲခဲ့တာကြောင့် သံဃာတော်၊ အမျိုးသမီး​တွေအပါအဝင် ၇ ဦးထက်မနည်းဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

ဇူလိုင်လ၁၉ရက်ညနေလေးနာရီကျော်အချိန်မှာသံတွဲမြို့လယ်ရဲစခန်း၊တရားရုံးဝန်းကျင်တို့ကို ဂျက်ဖိုက်တာသုံးစီးနဲ့ ဗုံးကြဲခဲ့တာကြောင့်အမျိုးသမီး၂ ဦးအပါအဝင်၄ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

“လေးယောက်ကြားတယ်။အဲဒါထက်လည်း များနိုင်တယ်။ဒဏ်ရာပြင်းတော့အသေအပျောက်လည်း ရှိနိုင်တယ်”လို့ သံတွဲဒေသခံတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဒီနေ့ ညနေခြောက်နာရီကျော်အချိန်မှာလည်း ပုဏ္ဏားကျွန်းမြို့အနီးကို ဗုံးကြဲခဲ့တာကြောင့် သံဃာတော် ၂ ပါးအပါအဝင် အရပ်သားပြည်သူ ၃ ဦး ထပ်မံထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ “အုန်းခနဲ အသံကြားလိုက်တယ်။ နှစ်ချက်ကြားလိုက်တာပါ။ဘုန်းကြီးနှစ်ပါးလုံး ဒဏ်ရာပြင်းတယ်”လို့ပုဏ္ဏားကျွန်းမြို့ခံတဦးက ပြောပါတယ်။

အဲဒီဗုံးကြဲမှုတွေကြောင့်သေဆုံး၊ဒဏ်ရာရသူတွေရဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။စစ်တပ်ဟာဇူလိုင် ၁၉ ရက်​နေ့တရက်တည်းမှာပဲမနက်ပိုင်း ၁၁ နာရီကျော်အချိန်ကလည်း တောင်ကုတ်မြို့နယ် မအီမြို့ပေါ်ကို ဗုံကြဲခဲ့ပြီး ၅ ဦးသေဆုံးကာ ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

“ဒီနေ့ တညနေလုံးလေယာဉ်ဝဲနေတာမင်းပြားအထက်ကလည်းဝဲသွားသေးတယ်။ ဒီကောင်တွေကို ဘယ်လိုမှ မယုံရဘူး။အရမ်းသတိထားနေရတယ်။အခုမှရေဘေးပြီးတာ၊ လေယာဉ်တွေလာတာ ယုတ်မာလွန်းအားကြီးတယ်”လို့မင်းပြားမြို့ခံအမျိုးသမီးတဦးက ပြောပါတယ်။

စစ်တပ်ဟာအာရက္ခတပ်တော်(AA)ရဲ့ ထိုးစစ်တွေကိုစစ်တွေ၊ ကျောက်ဖြူအပြင် ဧရာ၀တီ၊ မကွေး၊ ပဲခူးတိုင်း၊ ချင်းပြည်နယ်စစ်မျက်နှာတို့မှာပါ တပြိုင်တည်း ရင်ဆိုင်နေရပြီး အဲဒီတိုက်ပွဲတွေအတွင်း တပ်စခန်းတွေ ဆက်တိုက် လက်လွှတ်နေရကာ ​သေဆုံးထိခိုက်မှုများနေတာကြောင့် အခုလို အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားကာ လေကြောင်းဗုံးကြဲမှုတွေ လုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

AA ကလည်း ရခိုင်ဒေသတွင်း ရေဘေးဒုက္ခကြုံနေရချိန် ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်းတင်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရဲဘော်အထိအခိုက်မရှိခဲ့ပေမယ့် စခန်းပျက်စီးဆုံးရှုံးမှုများခဲ့တယ်လို့ မကွေးတိုင်း၊ရေစကြိုမြို့နယ် အခြေစိုက် Yesagyo Revolution Group (YRG) က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်၊ဇီးချောင်းဆည်ဝန်းကျင် နဲ့ မြောက်ဦးမြို့နယ် ကျောက်ဆည်ပြင်၊ ကျောက်ကျပ်ရွာအနီးဝန်းကျင်တို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ညနေပိုင်းမှာ လေယာဉ်အုပ်လိုက်နဲ့ ဗုံးအလုံးဆယ်ချီ ကြဲ ချခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ငြိမ်းချမ်းရေးကို ဗုံးကြဲပြီးခေါ်ရင် ကျည်ဆံပဲရမယ်လို့ AAသတိ​ပေး