Connect with us

Hi, what are you looking for?

သတင်း

ဒီးမော့ဆိုမြို့အနီးတိုက်ပွဲ တော်လှန်ရေး ရဲဘော် ၂ဦး ကျဆုံး

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

(ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ တော်လှန်ရေး ရဲဘော် ၂ဦး။ ဓာတ်ပုံ - P3-1109 Phoenix Battalion)

ဇူလိုင်- ၁၉၊၂၀၂၆။ဇော်၀င်း/People’s Spring

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အနီးတိုက်ပွဲမှာ တော်လှန်ရေး ရဲဘော် ၂ဦးကျဆုံးခဲ့တယ်လို့ အမှတ်(၁၁၀၉)တပ်ရင်းက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

ဒေါငံခါးကျေးရွာ ရှေ့တန်းစစ်မျက်နှာမှာ စစ်တပ်ကို ခုခံရင်း ရဲဘော်ဖိုးသား (ခ) ရန်နိုင်ထွန်းနဲ့ ရဲဘော် ဝင်သိန်းတို့ဟာ အခုဇူလိုင် ၁၈ ရက်နဲ့ ၁၉ ရက် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့တာလို့ ဆိုပါတယ်။

“တိုက်ပွဲက အတော်ကြမ်းတယ်။ကျသွားတဲ့ ရဲဘော်တစ်ယောက်ရဲ့ ခန္ဓာကိုယ်က ပြန်မရခဲ့ဘူး”လို့ ဒေါငံခါး တိုက်ပွဲအခြေအနေကို သိရှိသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေါငံခါးကျေးရွာဟာ လွိုင်ကော်-ဒီးမော့ဆို လမ်းဆုံ အနီးမှာရှိပြီး ဖရူဆိုမြို့နယ်က အခြေစိုက်တပ်တွေကိုချိတ်ဆက်ဖို့ အရေးပါတဲ့ နေရာတစ်ခုလို့ အသိပေးပါတယ်။

ဒါကြောင့် စစ်တပ်ဟာ အလုံးစုံထိန်းချုပ်နိုင်ဖို့ မကြာခဏ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြီး အခုလထဲမှာပဲ ထိတွေ့မှုများစွာရှိတယ်လို့ မြေပြင်ရဲဘော်တွေက ပြောပါတယ်။

စစ်တပ်က ဒေါငံခါးရွာ ဘုရားကျောင်းဝင်းမှာ တပ်စွဲထားပြီး နယ်မြေထပ်ချဲ့နိုင်ဖို့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။

နှစ်သက်တမ်း ၆၀ကျော်ရှိတဲ့ ဒေါငံခါးဘုရား ကျောင်းဝင်းက သီလရှင်ကျောင်းဆောင်တွေကို စစ်တပ်က မေလ ၁၃ ရက်မှာ မီးရှို့ဖျက်ဆီးခဲ့ပါ‌သေးတယ်။

ကျောင်းဆောင်တွေကို မီးရှို့တာက ဒီးမော့ဆိုမြို့ အခြေစိုက် ခလရ(၁၀၂)၊ ခမရ(၄၂၇)တပ်ရင်းနဲ့ စစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNOတွေလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၅ ဩဂုတ်လပိုင်းမှာ စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာပြီးနောက် ဒီးမော့ဆိုမြို့ပေါ်က နေရာအများစုကို ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။အဲဒီနောက်ပိုင်း မြို့အနီးပတ်ဝန်းကျင်နေရာတွေကို အထိုင်ချတပ်စွဲ ပြီး စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ မကြာခဏ ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ မိဘမဲ့ကျောင်းကို စစ်တပ်က အသေခံဒရုန်း(ကာမီကာဇေ)နဲ့ တိုက်ခိုက်မှုကြောင့် ကလေး ၁ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရကာ ၂ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံ‌နဲ့စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။