Connect with us

Hi, what are you looking for?

သတင်း

စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

တော်လှန်ရေးကို အင်အားစုကြီးတစ်ရပ်ဖြင့် ပိုမိုအရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်ရန်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များအကြား အချင်းအချင်း ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများကိုပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း
စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ရန် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းလိုက်‌ကြောင်း တော်လှန်ရေးအင်အားစုများက ယနေ့ ထုတ်ပြန်သည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ ပြည်သူ့ကာကွယ်ရေးအဖွဲ့များဖြစ်သော Force 36 Ranger၊Joe Phyu Guerillas Force၊YE-NGAN Urban Guerillas၊Urban Task Force- Aung Banနှင့်Red Ants Guerillas Forceတို့ စုစည်းကာ ရှမ်းပြည်နယ် တောင်ပိုင်းဒေသခံတော်လှန်ရေးတပ်ပေါင်းစုကို ဖွဲ့စည်းလိုက်‌ခြင်းဖြစ်သည်။ အဆိုပါ သတင်းကို ယနေ့(အောက်တိုဘာ ၂၄ရက်) အတည်ပြုထုတ် ပြန်ထားသည်။

စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း
စစ်အာဏာရှင်တော်လှန်ရေးအရှိန်မြှင့်ရန် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်း

ရှမ်းပြည်(တောင်ပိုင်း)မှ ဒေသခံတော်လှန်ရေးအင်အားစု(Local PDF) များနှင့် မြို့ပြပြောက်ကျားတပ်ဖွဲ့ (UG) တို့ကို တစ်စုတစည်းတည်းစုစည်း၍ ဒေသခံတော်လှန်ရေးတပ်ပေါင်းစုအဖြစ် အဖွဲ့တာဝန်ခံများ တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းကဲ့သို့ စုစည်းလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

တော်လှန်ရေးကို အင်အားစုကြီးတစ်ရပ်ဖြင့် ပိုမိုအရှိန်ဟုန်မြှင့်လုပ်ဆောင်နိုင်ရန်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များအကြား အချင်းအချင်း ကူညီရိုင်းပင်း၍ စစ်ဆင်ရေးများကိုပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးခဲ့ကြသည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မဟာမိတ်တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းချိတ်ဆက်ပြီး စစ်ရေးများပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ဗဟိုကော်မတီတစ်ရပ်ကိုလည်း ဖွဲ့စည်းခဲ့ကြသည်။

“ဘာပဲဖြစ်ဖြစ် အားလုံးစုစည်းမိတာကောင်းပါတယ်။သူတစ်လူ ငါတစ်မင်း မဖြစ်ဖို့နဲ့ အမိန့်တစ်ခုတည်းအောက်မှာသွားရင် စစ်အာဏာရှင်တော်လှန်ရေးအတွက် ပိုအဆင်ပြေတယ်။ မြန်မြန်ပြီးချင်ရင်တော့အားလုံး အမြန် အတူတကွပူးပေါင်းတိုက်ထုတ်ရမယ်”ဟု ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစုနှင့် မဟာမိတ်ဖြစ်သော ပြည်သူ့ကာကွယ်ရေးအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းမှ အခြား‌သောတော်လှန် ရေးအင်အားစုများအနေဖြင့်လည်း စစ်ရေးများကို အရှိန်မြှင့်ဖော်ဆောင်နိုင်ရန် အတွက်ပူးပေါင်းပါဝင်ကြရန် ရှမ်းပြည်(တောင်ပိုင်း)ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

အဆိုတော်ထူးအိမ်သင် ​ရေးဖွဲ့ထားတဲ့ "အရေးကြီးပြီ" သီချင်းကို စစ်တပ်က ဝါဒဖြန့်ချိရေးအတွက် ခိုးသုံးတဲ့ အပြင် ဒီသီချင်းကို ၁၉၆၀ ကတည်းက ရှိခဲ့တယ်လို့ လိမ်လည်နေတာတွေအပေါ် သီချင်းရဲ့ မူရင်းအဆိုရှင် မွန်းအောင်က အချက်အလက်တွေနဲ့ တုန့်ပြန်​​ပြောကြားလိုက်ပါတယ်။