Connect with us

Hi, what are you looking for?

သတင်း

ရှမ်းပြည်နယ်ရှိ CDMကျောင်းတွင် စစ်ကောင်စီ၏ ထောင်တွင်းအကြမ်းဖက် သတ်ဖြတ်မှုကို လက်မခံကြောင်း ကမ်ပိန်းပြုလုပ်

ကျောင်းသား မိဘပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထောင်တွင်းအကြမ်းဖက်များနှင့် နိုင်ငံ​ရေးအကြောင်းများကို ဟောပြောဆွေးနွေး၍ သိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ဓာတ်ပုံ - S&C
ဓာတ်ပုံ - S&C

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် (မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး) S&C အဖွဲ့မှ တည်ထောင်ထားသည့် CDMကျောင်းတစ်ကျောင်း၌ ယနေ့ (သြဂုတ် ၂၀) နံနက်ပိုင်းက “ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့လူထုအသံ”ဆိုသည့် ဖဲကြိုးနက် ကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။

သံတိုင်နောက်ကွယ်က တော်လှန်ရေး ရဲဘော်များအတွက် ရည်ရွယ်၍ ယင်းကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ကာကွယ်ရေးအဖွဲ့ဝင်များက ဖဲကြိုးနက်များ တပ်ဆင်၍ စစ်အုပ်စု၏ ထောင်တွင်းအကြမ်းဖက်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - S&C
ဓာတ်ပုံ – S&C

ထို့နောက် ကျောင်းသား မိဘပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထောင်တွင်းအကြမ်းဖက်များနှင့် နိုင်ငံ​ရေးအကြောင်းများကို ဟောပြောဆွေးနွေး၍ သိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

” အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက စပြီး မတရားဖိနှိပ်နှိပ်စက်ထောင်တွင်းအကျဉ်းချခဲ့တဲ့ အပြစ်မဲ့ ပြည်သူအပေါင်းဟာ (၉၃၉၉)ခန့်ရှိပါပြီ။ အကျဉ်းထောင်အတွင်း ထောင်တွင်းအကြမ်းဖက် နှိပ်စက်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှု များစွာအပြင် လိင်အကြမ်းဖက်မှုလို အဆ်ိုးဝါးဆုံးလုပ်ရပ်တွေကို ထောင်တွင်းမှာ ခံစားနေရပါတယ်။ မိမိတို့ဟာ ကိုယ့်အိမ်မှာသက်တောင်သက်သာနဲ့ နေရချိန်မှာ ထောင်တွင်းအကျဉ်းကျခံနေရတဲ့ ရဲဘော်တွေဟာ နေ့စဉ်နဲ့အမျှ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် တော်လှန်ရေး အရှိန်အဟုန်မြန်ဆန်စွာ ပြီးစီးဖို့ ပြင်ပက ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်မှသာ အမေစုနဲ့တကွ ထောင်တွင်း အကျဉ်းချခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်နိုင်မှာပါ “ဟု ဖဲကြိုးနက်ကမ်ပိန်း ဦးဆောင်သူ လူငယ်တစ်ဦးက တိုက်တွန်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ကလေးများ၏ အနာဂတ် ပညာရေးသာမက ပြည်သူများ၏ အသ်ိအမြင်၊ မျက်စိအလင်းများ ဖွင့်ပေးသည့် ပညာရေးနှင့်လူထုအသံ အစီအစဥ်သည် “ပညာရေးကဏ္ဍမှသည် တော်လှန်ရေးကဏ္ဍ ဆီသို့”ရည်မှန်း၍ ချိတ်ဆက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း S&C အဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်၊ အင်းလေးဒေသကို စစ်တပ်လက် အောက်ခံ ပအိုဝ်းပြည်သူ့စစ်(PNO)က ရယူမယ့်လျှို့ဝှက်စာ ထွက်ပေါ်လာပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။