Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရှမ်းပြည်နယ်ရှိ CDMကျောင်းတွင် စစ်ကောင်စီ၏ ထောင်တွင်းအကြမ်းဖက် သတ်ဖြတ်မှုကို လက်မခံကြောင်း ကမ်ပိန်းပြုလုပ်

ကျောင်းသား မိဘပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထောင်တွင်းအကြမ်းဖက်များနှင့် နိုင်ငံ​ရေးအကြောင်းများကို ဟောပြောဆွေးနွေး၍ သိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ဓာတ်ပုံ - S&C
ဓာတ်ပုံ - S&C

ရှမ်းပြည်နယ် မဘိမ်းမြို့နယ်တွင် (မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေး) S&C အဖွဲ့မှ တည်ထောင်ထားသည့် CDMကျောင်းတစ်ကျောင်း၌ ယနေ့ (သြဂုတ် ၂၀) နံနက်ပိုင်းက “ထောင်တွင်းအကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့လူထုအသံ”ဆိုသည့် ဖဲကြိုးနက် ကမ်ပိန်းကို ပြုလုပ်ခဲ့ကြသည်။

သံတိုင်နောက်ကွယ်က တော်လှန်ရေး ရဲဘော်များအတွက် ရည်ရွယ်၍ ယင်းကမ်ပိန်းကို ပြုလုပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် ကာကွယ်ရေးအဖွဲ့ဝင်များက ဖဲကြိုးနက်များ တပ်ဆင်၍ စစ်အုပ်စု၏ ထောင်တွင်းအကြမ်းဖက်သတ်ဖြတ်မှုများကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဓာတ်ပုံ - S&C
ဓာတ်ပုံ – S&C

ထို့နောက် ကျောင်းသား မိဘပြည်သူများ၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက ထောင်တွင်းအကြမ်းဖက်များနှင့် နိုင်ငံ​ရေးအကြောင်းများကို ဟောပြောဆွေးနွေး၍ သိလိုသည်များကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

” အာဏာသိမ်းစစ်ကောင်စီဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ ကတည်းက စပြီး မတရားဖိနှိပ်နှိပ်စက်ထောင်တွင်းအကျဉ်းချခဲ့တဲ့ အပြစ်မဲ့ ပြည်သူအပေါင်းဟာ (၉၃၉၉)ခန့်ရှိပါပြီ။ အကျဉ်းထောင်အတွင်း ထောင်တွင်းအကြမ်းဖက် နှိပ်စက်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှု များစွာအပြင် လိင်အကြမ်းဖက်မှုလို အဆ်ိုးဝါးဆုံးလုပ်ရပ်တွေကို ထောင်တွင်းမှာ ခံစားနေရပါတယ်။ မိမိတို့ဟာ ကိုယ့်အိမ်မှာသက်တောင်သက်သာနဲ့ နေရချိန်မှာ ထောင်တွင်းအကျဉ်းကျခံနေရတဲ့ ရဲဘော်တွေဟာ နေ့စဉ်နဲ့အမျှ ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် တော်လှန်ရေး အရှိန်အဟုန်မြန်ဆန်စွာ ပြီးစီးဖို့ ပြင်ပက ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်မှသာ အမေစုနဲ့တကွ ထောင်တွင်း အကျဉ်းချခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်နိုင်မှာပါ “ဟု ဖဲကြိုးနက်ကမ်ပိန်း ဦးဆောင်သူ လူငယ်တစ်ဦးက တိုက်တွန်း ပြောကြားခဲ့သည်။

Public Service Announcement

Public Service Announcement

ကလေးများ၏ အနာဂတ် ပညာရေးသာမက ပြည်သူများ၏ အသ်ိအမြင်၊ မျက်စိအလင်းများ ဖွင့်ပေးသည့် ပညာရေးနှင့်လူထုအသံ အစီအစဥ်သည် “ပညာရေးကဏ္ဍမှသည် တော်လှန်ရေးကဏ္ဍ ဆီသို့”ရည်မှန်း၍ ချိတ်ဆက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း S&C အဖွဲ့က ဆိုသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။