Connect with us

Hi, what are you looking for?

သတင်း

မိုင်းလားခေါင်းဆောင်ဈာပနအခမ်းအနားနေ့တွင် MNDAAက အလံတစ်ဝက်လွှင့်ထူဝမ်းနည်းကြောင်း ပြသ

ဦးစိုင်းလင်းအပါအဝင် မိုင်းလားတပ်ဖွဲ့သည် MNDAA၏ တော်လှန်ရေးအတွက် ထင်ရှားသည့် ကူညီမှုများပေးခဲ့ဟု ဖော်ပြ

ဟန်နွေ/People’s Spring

မိုင်းလားလက်နက်ကိုင်အဖွဲ့(NDAA) ခေါင်းဆောင်ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့်စည်းလုံးရေးကော်မတီ ဥက္ကဋ္ဌဦးစိုင်းလင်း၏ ဈာပနအခမ်းအနားကို ဩဂုတ် ၂၃ရက်တွင် ကျင်းပခဲ့ရာ ကိုးကန့်တပ်မတော်(MNDAA)က ဝမ်းနည်းကြောင်း အထိမ်းအမှတ်အဖြစ် တပ်ဖွဲ့၏ အလံကို တိုင်တစ်ဝက်လွှင့်ထူခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

ဩဂုတ် ၇ရက်တွင် ကွယ်လွန်ခဲ့သည့် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းသည် ကိုးကန့် တပ်ဖွဲ့ (MNDAA) ထူထောင်သူ ဦးဖုန်ကြားရှင်၏ သားမက်ဖြစ်သည်။

ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)နှင့် အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော်ကို တည်ထောင်သူဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် အဓိကပါဝင်ကူညီသူဖြစ်ကြောင်း MNDAAက ထုတ်ပြန်ကာ မြန်မာနိုင်ငံ၏ အမျိုးသားဒီမိုကရေစီ တော်လှန်ရေး၏ ရှေ့ဆောင်သူဖြစ်ကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဦးစိုင်းလင်းကွယ်လွန်ချိန်ကလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) အထူးဒေသ(၁)တပ်မတော်၊အုပ်ချုပ်မှုကော်မတီနှင့် အရပ်သားတို့သည် အထူးဒေသ(၄) ရှိ ဆွေမျိုးသားချင်းနှင့်အတူ ဝမ်းနည်းပူဆွေးခဲ့ကြရပြီး အထူးဒေသ(၁)အုပ်ချုပ်မှုကော်မတီသည် ရှေ့ဦးစွာ ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ပါတီ၊အုပ်ချုပ်မှုကော်မတီ၊တပ်မတော်နှင့် ပြည်သူ့ကိုယ်စားပြု၍ ဥက္ကဌကြီး ဦးစိုင်းလင်း အား ဂါရဝပြုကြောင်း၊ ဥက္ကဋ္ဌ ဦးစိုင်းလင်းသည် ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ(၁)၏ အရိုးသားဆုံး မိတ်ဆွေဖြစ်ကြောင်း၊ အထူးဒေသ(၄)နှင့် အထူးဒေသ(၁)တို့သည် လေးနက် သော အစဉ်အလာ ချစ်ကြည် ရင်းနှီးမှု ရှိကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသော အမျိုးသားပါတီMNTJနှင့်မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)တို့အမျိုးသား ဒီမိုကရေစီ တော်လှန်ရေးအတွက် အထူးကာလ၌ အထူးဒေသ(၄)မှ ခေါင်းဆောင် များ၊တပ်မတော်နှင့် အရပ်သားများသည် သိသာထင်ရှားသော အကူအညီများ ပေးခဲ့သည်ဟု ထုတ်ပြန်သည်။

MNDAAသည် ၂၀၂၃ အောက်တိုဘာ ၂၇ရက်တွင် မဟာမိတ်များနှင့်ပူးပေါင်းပြီး ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့ရာ ကိုးကန့်ဒေသတစ်ခုလုံး ရှိ စစ်ကောင်စီတပ်စခန်းများကို ရှင်းထုတ် သိမ်းပိုက်နိုင်ခဲ့သည်။ ထို့ပြင် ယခု ဩဂုတ် ၃ရက် တွင်လည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

အထူးဒေသ(၄)မိုင်းလားတပ်ဖွဲ့လည်း ဩဂုတ် ၂၂ရက်တွင် ဦးစိုင်းလင်းအား လွမ်းဆွတ်တမ်းတခြင်းအခမ်းအနား ပြုလုပ်ခဲ့ရာ ဦးစိုင်းလင်း၏ ဒေသအတွက် စွမ်းဆောင်ခဲ့မှုများနှင့် ၎င်း၏ မွန်မြတ်သည့် စိတ်ဓာတ်ကို ပြန်လည်အောက်မေ့တမ်းတခဲ့ကြောင်း၊ ဦးစိုင်းလင်း၏ ရည်မှန်းချက် များကို အမွေဆက်ခံပြီး သားဖြစ်သူ လက်ရှိ ဥက္ကဋ္ဌဦးထိန်လင်း ဦးဆောင်သည့် အဖွဲ့က အထူးဒေသ(၄) ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့အတွက် စည်းလုံးညီညွတ်စွာ ကြိုးပမ်းသွားမည်ဟု အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

သတင်း

၂၀၂၀ ​ရွေး​ကောက်ပွဲအနိုင်ရ မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်မန္တလေးတိုင်း(ပကဖ)တာဝန်ခံ ကိုဝဏ္ဏအောင် ကို မိုင်းလားလက်နက်ကိုင်အဖွဲ့( NDAA)က ဖမ်းဆီးပြီး စစ်တပ်ထံ အပ်လိုက်တယ်လို့ နီးစပ်သူအချို့က​ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် နဲ့ MNDAAတို့ လားရှိုးမြို့မှာ ယနေ့ တွေ့ဆုံ ဆွေးနွေးခဲ့သလို စစ်သုံ့ပန်း ၁၀၀ ခန့်ကိုလည်း MNDAAက ပြန်လွှဲပေးလိုက်တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းကသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြိုနယ် မော်ဟန်ရွာနားက ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်ဆေးရေးဂိတ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင် ၈ရက်ညနေပိုင်းမှာ အင်အားသုံးဖျက်ဆီးခဲ့ရာ အဲဒီ ဖြစ်စဉ်အပေါ် ကိုးကန့်တပ်က ပြန်တောင်းပန်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။