Hi, what are you looking for?
တရုတ်အစိုးရ၏ စီစဉ်မှုဖြင့် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီ ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ကူမင်းမြို့၌ ဆွေးနွေးနေချိန်မှာပင် စစ်ကောင်စီက TNLA ထိန်းချုပ်နယ်မြေ ကွတ်ခိုင်-နမ္မတူ အစပ်နေရာနှင့် နောင်ချိုမြို့နယ်တောင်းခမ်း ဒေသကို လေကြောင်းမှထပ်မံ တိုက်ခိုက်ခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်အချို့က ပြောသည်။
ကနီမြို့နယ်၊ချောင်းမရွာရှိ လက်ဖက်ရည်ဆိုင်ကိုစစ်ကောင်စီက ဂျက်ဖိုက်တာဖြင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံ၆ ဦး သေဆုံးပြီး ဒဏ်ရသူများပြားကြောင်းဒေသခံအချို့ကပြောသည်။
အိမ်သွင်/People’s Spring ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီးတိုက်ပွဲ ပြင်းထန်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ရာ အာရက္ခတပ်တော်(AA)ကလည်း စစ်ကောင်စီ၏ ရဲတပ်ရင်းအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ စစ်တွေမြို့အဝင် အမြင့်ကျွန်းစစ်ကောင်စီစခန်းအနီးတွင် ဖေဖော်ဝါရီ ၁၇ရက်ညနေ ၆နာရီမှ ည ၉နာရီခန့်အထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ခြင်းဟု စစ်ရေးသတင်းမြစ်တစ်ဦးက ပြောသည်။...