Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်း လှုပ်ရှားမှု ဂျပန်ရောက်​မြန်မာတွေ ပြုလုပ်

ဂျပန်နိုင်ငံ Fukuoka မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး “Free Her” ကမ်ပိန်းလှုပ်ရှားမှုကို နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

နိုဝင်ဘာ ၃၊၂၀၂၆။သုည/People’s Spring

ဂျပန်နိုင်ငံ Fukuoka မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး “Free Her” ကမ်ပိန်းလှုပ်ရှားမှုကို နိုဝင်ဘာ ၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဂျပန်ရောက်တော်လှန်ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ရုပ်ပုံနဲ့ “Free Aung San Suu Kyi, Release Now, End Political Detention” ၊ “Free Her Aung San Suu Kyi” စတဲ့ စာသားကို ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။

ဒါ့အပြင် “အမေစုနဲ့တကွ ဖမ်းဆီးချုပ်နှောင်ခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ်အနှောင်မှအမြန်ဆုံးလွတ်မြောက်ပါစေ” လို့လည်း ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Federal Myanmar – Japan

ဆက်စပ်သတင်းများ

Facebook