Connect with us

Hi, what are you looking for?

သတင်း

မြစ်သားမြို့အနီး​မြေငလျင်လှုပ်၊ သိသိသာသာခံစားလိုက်ရ

မန္တလေးတိုင်း၊ မြစ်သားမြို့အနီးတွင် မြေအနက် ၆မိုင်ခန့်ကို ဗဟိုပြု၍ရစ်ခ်တာစကေး ၄ဒဿမ၈အဆင့်ရှိ ​နောက်ဆက်တွဲမြေငလျင်လှုပ်ရှားသွားရာနေအိမ်အဆောက်အအုံများ သိသိသာသာလှုပ်ရမ်းသွားသည်။

မန္တ​လေးမြို့တွင် စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး ၃ လပြည့်သည့်​တိုင် ပျက်စီး အ​ဆောက်အအုံများရှင်းလင်း၍ မပြီး​သေးသလို ပြည်သူများမှာ ကိုယ်ထူကိုယ်ထ ရှင်းလင်း​နေကြရခြင်းဖြစ်သည်။ ဓါတ်ပုံ-ZA

ဇွန်-၂၉၊၂၀၂၅။အိမ်သွင်/People’s Spring

မန္တလေးတိုင်း၊ မြစ်သားမြို့အနီးတွင် မြေအနက် ၆မိုင်ခန့်ကို ဗဟိုပြု၍ရစ်ခ်တာစကေး ၄ဒဿမ၈အဆင့်ရှိ ​နောက်ဆက်တွဲမြေငလျင်လှုပ်ရှားသွားရာနေအိမ်အဆောက်အအုံများ သိသိသာသာလှုပ်ရမ်းသွားသည်။

စစ်ကိုင်းငလျင်ကြီးလှုပ်ပြီး သုံးလပြည့်ပြီးနာရီပိုင်းအလွန်တွင် ​နောက်ဆက်တွဲ​မြေငလျင်မှာ ဇွန်လ၂၉ ရက်နံနက် ၁နာရီထိုးကာနီး ၌လှုပ်ရှားခဲ့ခြင်းဖြစ်ပြီး မြစ်သားမြို့အပြင် ကျောက်ဆည်၊ ဝမ်းတွင်း၊ မန္တလေးမြို့တို့တွင် ပါသိသိသာသာခံစားခဲ့ရကြောင်းလည်း ဒေသခံများကပြောသည်။

“အသံပါ ကြားပြီး လှုပ်တာပဲ။ နေရတာ မကောင်းဘူး။ ငလျင် ဘယ်တော့ လှုပ်မလဲလို့ နာရီနဲ့အမျှ စိုးရိမ်နေရတယ်”ဟု ကျောက်ဆည်မြို့ခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါငလျင်မလှုပ်ခင်နာရီပိုင်းအလိုတွင် နေပြည်တော်၌ ရစ်ခ်တာစကေး ၂ဒဿမ၉၊ မန္တလေးမြို့အနီး၌ ရစ်ခ်တာစကေး ၃ဒဿမ၉အဆင့်ငလျင်ငယ်များလှုပ်ခဲ့သည်။ ထိုနှစ်ကြိမ်စလုံးတွင်လည်းငလျင်အင်အားနည်း​သော်လည်း လှုပ်ရှားမှုသိသာခဲ့သည်ဟု ဒေသခံများကပြောသည်။

မတ်လ ၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခဲ့သည့် သုံးလပြည့်နေ့တွင် ငလျင်မကြာခဏလှုပ်ရှားနေ၍ ဘေးသင့်ဒေသမှပြည်သူများ စိုးရိမ်နေကြစဉ် ရစ်ခ်တာစကေး ၄အထက်ငလျင် ထပ်မံလှုပ်ရှားခြင်းဖြစ်သည်။

ဇွန်လဆန်းပိုင်းက ရစ်ခ်တာစကေး ၄ မှ ၅ကြား ငလျင်အချို့သည် ပဲခူးတိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကချင်ပြည်နယ် နှင့် မန္တလေးတိုင်းအတွင်း မကြာခဏ လှုပ်ခဲ့သည်။ ဇွန်လလယ်ပိုင်းတွင် ငြိမ်သက်နေရာမှ ယခု လကုန်ပိုင်း၌ ​နောက်ဆက်တွဲငလျင်များ ထပ်မံလှုပ်ရှားနေခြင်းဖြစ်သည်။

ဇွန်လ ၂၇ရက်က မန္တလေးမြို့အနီး၌ ရစ်ချ်တာစကေး ၄ဒဿမ၃အဆင့်၊ဇွန်လ ၂၅ရက်က ပြင်ဦးလွင်မြို့အနီး၌ ရစ်ချ်တာစကေး ၄ဒဿမ၄အဆင့်၊ဇွန်လ ၂၃ရက်က ပဲခူးတိုင်း ပြည်မြို့အနီး၌ ရစ်ခ်တာစကေး ၄ဒဿမ၂အဆင့်ငလျင်များလှုပ်ရှားခဲ့သည်။

အင်အားပြင်းငလျင်ကြီးများလှုပ်ခတ်ပြီး​နောက် ​နောက်ဆက်တွဲ​မြေငလျင်များမှာ လနှင့်ချီ၍ ကြာတက်​ကြောင်း ​မြေငလျင်ပညာရှင်များက​ပြောသည်။

မတ်လ ၂၈ရက်က စစ်ကိုင်းမြို့အနီးကိုဗဟိုပြု၍ ရစ်ချ်တာစကေး၇ ဒဿမ ၇ အဆင့်ရှိ အင်အားအလွန်ပြင်းထန်သောငလျင်ကြီလှုပ်ခဲ့ကာ မိနစ်ပိုင်းအကြာတွင် ရစ်ချ်တာစ​ကေး ၆ ဒဿမ ၈ ငလျင်ကြီးမှာ တံတားဦးမြို့နယ်ကိုဗဟိုပြုလှုပ်ခတ်​သော ကြောင့် မြန်မာ့သမိုင်းတ​လျှောက် လူ​သေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု အများဆုံးဖြစ်ခဲ့သည်။ ငလျင်ကြီး​ကြောင့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ​ကောင်းစွာမလုပ်နိုင်သေးသလို သေဆုံးသူများကိုပင် အပြီး

သတ်ရှာဖွေနိုင်ခြင်းမရှိသေးပေ။ စစ်ကောင်စီသည် ငလျင်ဘေး ပြန်လည်ထူထောင်ရေးအစား ရွေးကောက်ပွဲလုပ်နိုင်ရေးကိုသာ ဦးစားပေးလုပ်ကိုင်နေသည်ဟု ငလျင်ဘေးသင့်ခဲဲ့သူများက ဝေဖန်နေကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။