Connect with us

Hi, what are you looking for?

သတင်း

နယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ထိုင်းရဲ့ စိုးရိမ်မှုတွေကို မြန်မာဖက် အသိပေးထားကြောင်း ဝန်ကြီးချုပ် အနူတင်ဆို

မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဖက်က စိုးရိမ်မှုတွေကို တရားဝင် အသိပေး အကြောင်းကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

■ပဋိပက္ခ​တွေပိုကြီးလာအောင် ဝင်ပါတာမျိုး လုံးဝမလုပ်ဖို့ ထိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေကိုတင်းတင်းကျပ်ကျပ်ညွှန်ကြားထားဟုဆို

■မဲ​ဟောင်​ဆောင်ခရိုင်တာဝန်ရှိသူကစစ်တပ်ရဲ့​လေ​ကြောင်းတိုက်ခိုက်မှု​တွေကိုပြစ်တင်ရှုတ်ချ

နိုဝင်ဘာ-၂၊၂၀၂၆။People’s Spring

မြန်မာဖက်ခြမ်း နယ်စပ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရဖက်က စိုးရိမ်မှုတွေကို တရားဝင် အသိပေး အကြောင်းကြားထားကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အတိုက်အခံ နိုင်ငံရေး ပါတီတွေက ထိုင်းအစိုးရ အနေနဲ့ နယ်စပ်နားမှာ ဖြစ်ပွားနေတဲ့ မြန်မာဖက်ခြမ်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဘယ်လိုစီမံတုံ့ပြန်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းအသိပေးဖို့လိုကြောင်းတောင်းဆိုလာချိန်မှာအနူတင်ကအခုလို တုံ့ပြန်ခဲ့တာပါ။

နိုဝင်ဘာ ၂ ရက်နေ့ နေ့လယ်ပိုင်းတုန်းက နွမ်ခိုင်ဆေးရုံရှေ့မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့အခါ အနူတင်က အာဏာသိမ်း မြန်မာစစ်တပ်နဲ့ တော်လှန်ရေး တပ်တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရက စစ်ရေးအရရော၊ သံတမန်ရေးအရပါ လုပ်သင့်တာတွေ လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

စစ်ရေးပဋိပက္ခတွေကြောင့်နယ်စပ်နားမှာ ပေါက်ကွဲမှုတွေ နေ့စဉ်လိုလို ဆက်တိုက်ဖြစ်ပေါ်နေတာတွေကိုထိုင်းကစိုးရိမ်တဲ့အကြောင်း မြန်မာဖက်ကို အသိပေးပြီးပြီလို့ အနူတင်က ဆိုပါတယ်။ ဒါ့အပြင် အဲဒီတိုက်ပွဲတွေဟာ ထိုင်းဖက်ခြမ်းကို သက်ရောက် ထိခိုက်မှုမရှိတာသေချာအောင်ထိန်းသိမ်း ကြပ်မတ်ပေးဖို့ မြန်မာ အာဏာပိုင်တွေကို တိုက်တွန်းထားကြောင်းလည်းအနူတင်ကဆက်ပြောပါတယ်။

တော်ဝင် ထိုင်းစစ်တပ်ရော၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးချုပ်ဖြစ်သူ ဆီဟာဆက်ခ် ဖုန်ကက်ကောင်ကပါ အာဏာသိမ်း မြန်မာစစ်တပ်ကို အောက်တိုဘာ ၃၁ ရက်နေ့မှာဆက်သွယ်ခဲ့ပြီးတိုက်ပွဲတွေကြောင့် ထိုင်းပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ ထိခိုက်မှု မရှိစေရေး ထိန်းသိမ်း ဆောင်ရွက်ဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အာဏာသိမ်း မြန်မာစစ်တပ်က ဘယ်လို အကြောင်းပြန်သလဲလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ မြန်မာသံရုံး အရာရှိတွေဆီကို ထိုင်းအစိုးရရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်ပြီး တရားဝင် အသိပေးသွားမယ့်အကြောင်း၊ ထိုင်းစစ်တပ်က လိုအပ်တဲ့ အစီအမံတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း အနူတင်ကပြန်ဖြေခဲ့ပါတယ်။

ထိုင်းဟာ သံတမန်ရေးအရ လုပ်သင့်တာတွေကို လုပ်နေသလိုနယ်စပ်မှာလည်းတပ်အင်အား တိုးချဲ့ ဖြန့်ကျက်ထားပြီး မြန်မာဖက်က စစ်ရေး ပဋိပက္ခတွေ ကူးစက်မလာအောင် စစ်ရေးပြင်ဆင်မှုကို မြှင့်တင်ထားတယ်လို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဒါပေမဲ့အခြေအနေတွေပိုဆိုးလာပြီးပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခ အဆင့်ထိ ရောက်သွားအောင် ဝင်ပါတာမျိုး လုံးဝမလုပ်ဖို့ ထိုင်းလက်နက်ကိုင် တပ်ဖွဲ့တွေကို တင်းတင်းကျပ်ကျပ် ညွှန်ကြားထားကြောင်း အနူတင်က အတည်ပြုသွားပါတယ်။

မြန်မာဖက်မှာ ဖြစ်နေတဲ့ စစ်ပွဲဟာ ထိုင်းနိုင်ငံ၊ ထိုင်းပြည်သူတွေနဲ့ ဘာမှ မပတ်သက်ဘူးလို့ သူကဆိုပါတယ်။ ထိုင်းစစ်တပ်ရဲ့ တာဝန်ဟာ နိုင်ငံပိုင်နက်ကို အစွမ်းကုန် ကာကွယ်ဖို့သာ ဖြစ်တယ်လို့လည်း အနူတင်က ဆိုပါတယ်။

တိုက်ပွဲတွေကြောင့် ထိုင်းဖက်မှာ အတိုင်းအတာ တစ်ခုထိ ထိခိုက်မှုတွေ ကြုံတွေ့ထားပြီး ဖြစ်တဲ့အတွက် မြန်မာကို လိုအပ်သလို သတိပေးဖို့တော့ လိုအပ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။

တစ်ချိန်တည်းမှာပဲ တိုက်ပွဲတွေကြောင့် နယ်စပ်ကို ထွက်ပြေးလာတဲ့မြန်မာဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီတွေကို ထိုင်းက ဆက်လက် ဖြည့်တင်းပေးနေမယ်လို့ အနူတင်ကဆိုပါတယ်။

အခြားသတင်းတစ်ရပ်မှာ​တော့ ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မှာ ​ဒေသအာဏာပိုု်အဖွဲ့​ခေါင်း​ဆောင်တစ်ဦးက နယ်စပ်ဒေသမှာမြန်မာစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှု​​တွေကို ပြစ်တင်ရှုတ်ချလိုက်ပြီး တိုက်ခိုက်မှု​တွေ ချက်ချင်းရပ်တန့်ဖို့ လုံခြုံရေးဇုန်တစ်ခု သတ်မှတ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။

ကိုးကား-Khaosod

ဆက်စပ်သတင်းများ