Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂိုးသမားနဲ့ ဝင်တိုက်မိခဲ့ရာက စပိန် ဘောလုံးသမား ကွယ်လွန်

စပိန်က ဘောလုံးပွဲစဉ် တစ်ခုမှာ ဂိုးသမားက အရှိန်နဲ့ ဝင်ဆောင့်တာ ခံရလို့ ဆေးရုံရောက်သွားတဲ့ ဘောလုံးသမားတစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်။

စပိန်က ဘောလုံးပွဲစဉ် တစ်ခုမှာ ဂိုးသမားက အရှိန်နဲ့ ဝင်ဆောင့်တာ ခံရလို့ ဆေးရုံရောက်သွားတဲ့ ဘောလုံးသမားတစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်။

နိုဝင်ဘာ ၂ ရက်နေ့က စပိန်ရဲ့ လာလီဂါ ၂ ဘောလုံးပြိုင်ပွဲအဖြစ် အန်ဒိုရာနဲ့ တီနီရေးဖ် အသင်းတို့ ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂ ဂိုးစီ သရေကျနေတဲ့ ပွဲစဉ်ရဲ့ နောက်ဆုံး မိနစ်ပိုင်းမှာ နောက်တန်းကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို တီနီရေးဖ်ရဲ့ အသက် ၃၀ အရွယ် စပိန် တိုက်စစ်မှူး ဂျေဇူးစ် ဒီ မီဂွဲလ်က တန်ပြန်တိုက်စစ် စတင်ဖို့ ပြေးလိုက်သွားခဲ့ပါတယ်။

အဲဒီအချိန်မှာ ကွင်းလယ်ထိ ရောက်နေတဲ့ အန်ဒိုရာ အသင်းရဲ့ ဂိုးသမားက သူ့ကို တားဆီးဖို့ ဒူးကိုမြှောက်ပြီး အရှိန်နဲ့ ပြေးဝင်ခဲ့ရာက နှစ်ယောက်သား အပြင်းအထန် တိုက်မိခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ချက်ချင်းပဲ ဂိုးသမား ဂျေဇူးစ် အိုဝိုနိုကို တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ အသင်းဖော်တွေက မီဂွဲလ်ဟာ နှလုံးဖောက်၊ နှလုံးခုန်ရပ်ပြီး အခြေအနေ မကောင်းတော့ဘူး ဆိုတာကို သတိထားမိပြီး ဆေးဝန်ထမ်းတွေကို ကွင်းထဲ လှမ်းခေါ်ခဲ့ပါတယ်။ ဒိုင်လူကြီးကလည်း ပွဲကို ဆက်မကစားစေဘဲ ရပ်တန့်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မီဂွဲလ်ကို ဆန်တာခရုဇ်ဒီ တီနီရေးဖ်မြို့မှာ ရှိနေတဲ့ ဆေးရုံတစ်ခုဆီ အလျင်အမြန် တင်ပို့ပြီး အသက်လု ကုသမှုတွေ ခံယူစေခဲ့ပေမယ့် နောက်တစ်နေ့ နိုဝင်ဘာ ၃ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူကွယ်လွန်ချိန်မှာ လက်တွဲဖော် မာရီရာနဲ့ အသက် ၁ နှစ်အရွယ် သမီးငယ်တို့ ကျန်နေခဲ့ပါတယ်။

အသက် ၂၅ နှစ်အရွယ် အီကွေတိုရီရယ်လ် ဂီနီရာ ဂိုးသမား အိုဝိုနိုကတော့ သူ့ကြောင့် မီဂွဲလ် အသည်းအသန် ဖြစ်သွားတာကို သိတဲ့နောက်ပိုင်း ဆောက်တည်ရာ မရနဲ့ ငိုကြွေးရင်း ဆုတောင်းနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သူဟာ အဝတ်လဲခန်းထဲမှာ ငိုနေခဲ့သလို အန်ဒိုရာမြို့ကို အသင်းဖော်တွေနဲ့ ပြန်သွားချိန်မှာလည်း တုန်လှုပ်နေခဲ့တယ်လို့ ဆိုပါတယ်။

အိုဝိုနိုဟာ ဝိုင်းဝန်းဆဲဆိုသူတွေ များလွန်းတာကြောင့် သူ့ရဲ့ Instagram အကောင့်ကိုပါ ပိတ်သိမ်းထားခဲ့ပါတယ်။ မူလက သူဟာ မီဂွဲလ်နဲ့ မိသားစုဆီ ဆက်သွယ်ပြီး တောင်းပန်စကား အရင်ပြောပြီးမှ ပရိသတ်တွေဆီ ထုတ်ပြန်ချက်တစ်ခု ကြေညာဖို့ စီစဉ်ထားခဲ့ပေမယ့် မီဂွဲလ် ကွယ်လွန်သွားတာက အခြေအနေတွေကို ရှုပ်ထွေးသွားစေခဲ့ပါတယ်။

သတင်းတွေအရ အခုအခါ အိုဝိုနိုဟာ အခုအခါ စပိန်ရဲတပ်ဖွဲ့ရဲ့ စုံစမ်းမေးမြန်းမှုကိုလည်း ခံနေရပါတယ်။ အားကစား ပြိုင်ပွဲတွေမှာ ပုံမှန်ထက်ပိုတဲ့ ကြမ်းကြမ်းတမ်းတမ်း ကစားမှုမျိုးဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁ နှစ်ကနေ ၄ နှစ်ထိ ကျခံရနိုင်ခြေ ရှိပါတယ်။ ရဲတွေကတော့ ဗီဒီယို မှတ်တမ်းတွေ၊ သေမှုသေခင်း စစ်ချက် အစီရင်ခံစာတွေ၊ ဒိုင်လူကြီးရဲ့ သုံးသပ်ချက်တွေကို ဘက်ပေါင်းစုံ လေ့လာနေပြီး အိုဝိုနို အနေနဲ့ မီဂွဲလ်ကို လွတ်အောင်ရှောင်ဖို့ အခွင့်အရေး ရှိခဲ့သလား ဆိုတာကိုလည်း ဆန်းစစ်နေတယ်လို့ သိရပါတယ်။

တီနီရေးဖ် အသင်းက မီဂွဲလ် ကွယ်လွန်သွားမှုကို လူမှုကွန်ရက်ပေါ်မှာ အတည်ပြု ကြေညာခဲ့ပြီး ဖြေသိမ့်စရာ စကားလုံး ရှာမတွေ့နိုင်အောင် ဝမ်းနည်းကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ခက်ခဲတဲ့ ကာလမှာ စာနာ နှစ်သိမ့်ပေးခဲ့သူ အားလုံးကိုလည်း မီဂွဲလ်ရဲ့ မိသားစုက ကျေးဇူးတင်ရှိကြောင်း အသင်းက ကြေညာထားပါတယ်။

ကိုးကား: Mirror

ဆက်စပ်သတင်းများ

Facebook