Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟားမားစ် ထူထောင်သူ တစ်ဦးကို လုပ်ကြံနိုင်ခဲ့ကြောင်း အစ္စရေးပြော

ဟားမားစ် အဖွဲ့ကို ထူထောင်ခဲ့သူတွေထဲက တစ်ဦးကို လုပ်ကြံနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

AP

ဟားမားစ် အဖွဲ့ကို ထူထောင်ခဲ့သူတွေထဲက တစ်ဦးကို လုပ်ကြံနိုင်ခဲ့တယ်လို့ အစ္စရေးစစ်တပ် (IDF)က ထုတ်ပြန်ခဲ့ပါတယ်။

ဇွန်လ ၂၈ ရက်နေ့ ကြေညာချက်မှာတော့ IDFက ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ကို ထူထောင်ခဲ့သူ တစ်ဦးဖြစ်တဲ့ ဟာခမ် မူဟာမက် အစ်ဆာ အယ်လ်အစ်ဆာကို ဂါဇာကမ်းမြှောင်ဒေသရဲ့ မြို့တော် ဂါဇာစီးတီးမှာ သတ်ဖြတ်နိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

အစ္စရေးဟာ ပြီးခဲ့တဲ့ တစ်နှစ်လောက်အတွင်း ဟားမားစ်ရဲ့ တခြားရာထူးမြင့် ပုဂ္ဂိုလ်တွေကိုလည်း လုပ်ကြံခဲ့ပါတယ်။ အဲဒီထဲမှာ ဟားမားစ်ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြတဲ့ အစ္စမေးလ် ဟာနီယာနဲ့ ယာယာ ဆင်ဝါတို့လည်း ပါဝင်ခဲ့ပါတယ်။

IDFက အယ်လ်အစ်ဆာဟာ ဂါဇာမှာ ဆက်ပြီး ကျန်နေသေးတဲ့ ဟားမားစ် ထိပ်ပိုင်း ခေါင်းဆောင်တွေထဲက နောက်ဆုံးလက်ကျန် တစ်ဦးဖြစ်ကြောင်း ပြောပါတယ်။

Public Service Announcement

Public Service Announcement

သူဟာ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့တုန်းက အစ္စရေး နယ်စပ်ကို ကျူးကျော်ပြီး ဟားမားစ်တွေက အလစ်အငိုက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးမှာ နောက်ကွယ်က အဓိက ကြိုးကိုင်ခဲ့သူ တစ်ဦးလို့လည်း IDFက စွပ်စွဲထားပါတယ်။

နောက်ပြီး အစ္စရေးနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ထိခိုက်ပျက်စီးနေတဲ့ ဟားမားစ်ရဲ့ ဖွဲ့စည်းပုံနဲ့ လည်ပတ်မှုတွေကို ပြန်ပြီး ကုစားပြင်ဆင်ဖို့ အယ်လ်အစ်ဆာက အပူတပြင်း အားထုတ်နေကြောင်းလည်း IDFက ပြောပါတယ်။

အယ်လ်အစ်ဆာကို IDFက လုပ်ကြံရှင်းလင်းခဲ့တယ်ဆိုတဲ့ ကိစ္စကို ဟားမားစ်ဖက်ကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်း ၅၅၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သလို အစ္စရေးရဲ့ ဘက်ပေါင်းစုံက တင်းတင်းကျပ်ကျပ် ပိတ်ဆို့မှုတွေကြောင့် ဒေသခံတွေဟာ စားနပ်ရိက္ခာ၊ သောက်ရေ၊ ဆေးဝါးတွေ ဆိုးဆိုးရွားရွား ပြတ်လပ်မှုနဲ့ ကြုံတွေ့နေရပါတယ်။

အစ္စရေးရဲ့ မဟာမိတ် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ လာမယ့် သီတင်းပတ်လောက်မှာ အစ္စရေးနဲ့ ဟားမားစ်ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုအသစ် ရရှိနိုင်တယ်လို့ ဇွန်လ ၂၇ ရက်နေ့မှာ မှတ်ချက်ပေးထားပါတယ်။

အစ္စရေးဖက်မှာလည်း ဇွန်လ ၂၈ ရက်နေ့က တဲလ်အဗစ်ဗ် အပါအဝင် မြို့တချို့မှာ အစိုးရ အနေနဲ့ အပစ်အခတ် ရပ်စဲပြီး ဟားမားစ်တွေ လက်ထဲမှာ ကျန်နေဆဲ ဓားစာခံတွေ လွတ်မြောက်ရေး အားထည့်ဆောင်ရွက်ဖို့ ဆန္ဒပြခဲ့ပါတယ်။ တချို့ ဆန္ဒပြသူတွေကတော့ စစ်ကို သည်းသည်းမည်းမည်း ဆက်တိုက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကို ရှုတ်ချခဲ့ကြကြောင်း သိရပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိုက်ခိုက်မှုတွေကို ဆက်မလုပ်ဘဲ ရပ်နားထားမယ်လို့ အစ္စရေးနဲ့ အီရန်က အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အပစ်ရပ်ထားတဲ့ ကာလအတွင်း အစ္စရေးနဲ့ အီရန်ကြားမှာ အပြန်အလှန် တိုက်ခိုက်မှုတွေ ပထမဆုံးအကြိမ် ပြန်လည် ဖြစ်ပွားလာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးစစ်တပ် (IDF)ရဲ့ တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးချုပ်တစ်ဦး အပါအဝင် လက်ဘနွန် စစ်သားတွေ သေဆုံးခဲ့ကြောင်း သိရပါတယ်။