Connect with us

Hi, what are you looking for?

သတင်း

ပေါ်တာဆွဲခံရစဉ် စစ်ကောင်စီကို ကျပ်သိန်း ၁၅၀ ပေးခဲ့သော်လည်း ပြန်လွှတ်မပေးဘဲ စစ်သား စုဆောင်းခံရသူ KNLAထံ အလင်းဝင်

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရစဉ် ပြန်လွတ်မြောက်ရေးအတွက် မိဘများက ကျပ်သိန်း ၁၅၀ ပေးခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်ကောင်စီတပ်သား ရဲရင့်ခန့်ညားက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံ အလင်းဝင်ခဲ့သည်။

KNLA ထံ အလင်းဝင်လာသူ ကိုရဲရင့်ခန့်ညား စစ်သားစုဆောင်းခံရမှု အခြေအနေထွက်ဆိုချက်ပေးနေစဥ်

ဇွန်-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ်၌ စစ်ကောင်စီတပ်၏ ပေါ်တာဆွဲဖမ်းဆီးခြင်းခံရစဉ် ပြန်လွတ်မြောက်ရေးအတွက် မိဘများက ကျပ်သိန်း ၁၅၀ ပေးခဲ့သော်လည်း လွှတ်ပေးခြင်းမရှိဘဲ တပ်သားသစ် စုဆောင်းခံခဲ့ရသည့် စစ်ကောင်စီတပ်သား ရဲရင့်ခန့်ညားက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ထံ အလင်းဝင်ခဲ့သည်။

ကရင်ပြည်နယ် အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလွတ်မြောက်လာသည့် စစ်ကောင်စီတပ်သားများ၏ စစ်သားစုဆောင်းခံရမှု အခြေအနေ ထွက်ဆိုချက်များကို KNLA ဗဟိုဌာနချုပ်က ပုံမှန် ထုတ်ပြန်လျက်ရှိရာ ယနေ့ ဇွန်လ ၂၈ရက်တွင် တပ်မ (၅၅) လက်အောက်ခံ ခမရ(၁၁၇) မှ တပ်သားသစ် ရဲရင့်ခန့်ညား၏ ပြောဆိုချက်ကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ကိုရဲရင့်ခန့်ညား အပါအဝင်သူငယ်ချင်း သုံးယောက်သည် ပြည်ကြီးတံခွန်မြို့နယ်တွင် ညအချိန် နေအိမ်သို့ ပြန်လာစဉ် လမ်း၌ စစ်ကောင်စီ၏ ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု ပြောသည်။ ထို့နောက် ရဲစခန်းသို့ ခေါ် ဆောင်ခံရပြီး မိဘများထံမှ ငွေညှစ်ခဲ့ကြောင်း ကိုရဲရင့်ခန့်ညားက ပြောပြသည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့အမေတွေကို ခေါ်ပြီးတော့ ပြန်ထွက်ချင် ပိုက်ဆံ ၁၅၀(ကျပ်သိန်း ၁၅၀)ပေးရမယ်ဆိုပြီးပြောတယ်။ ကျနော်တို့ အမေတွေကလည်း ပိုက်ဆံ ၁၅၀ ပေးလိုက်တော့ ကျနော်တို့ကို ညတွင်းချင်းပဲ ပြင်ဦးလွင် စုဆောင်းရေးကို ပို့လိုက်တယ်” ဟု ကိုရဲရင့်ခန့်ညားက ပြောပြသည်။

ထို့နောက် ပြင်ဦးလွင် စစ်သားစုဆောင်းရေးမှ ဗထူးသင်တန်းကျောင်းသို့ ပို့ဆောင်ခဲ့ပြီး သင်တန်း ၃လ အပြီးတွင် ခမရ(၁၁၇)သို့ ပို့ဆောင်ခံခဲ့ရကြောင်း ပြောသည်။

“ခမရ(၁၁၇)မှာ လေးရက်နားပြီး ဒီရှေ့တန်းကို ပို့လိုက်တယ်”ဟု ကိုရဲရင့်ခန့်ညားက ပြောသည်။

စစ်ကောင်စီ၏ ကြီးနိုင်ငယ်ညှင်းလုပ်ဆောင်မှု၊ မတရားသဖြင့်ခိုင်းစေမှု၊ မလုပ်နိုင်သည်များကို ခိုင်းစေမှုတို့ကြောင့် အလင်းဝင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောပြသည်။

စစ်ကောင်စီတပ်တွင်း ကျန်နေသည့် ရဲဘော်များအနေဖြင့်လည်း မတရားသဖြင့် ခိုင်းစေမှုကို သည်းခံ လုပ်ဆောင်ခြင်းမပြုဘဲ ပြည်သူ့တော်လှန်ရေးဘက် အလင်းဝင်ရောက်ရန် ကိုရဲရင့်ခန့်ညားက တိုက်တွန်းသည်။

စစ်ကောင်စီတပ်သည် နိုင်ငံတဝန်း လူငယ်များကို ပုံစံမျိုးစုံဖြင့် အဓမ္မ စစ်သားစုဆောင်းပြီး အချိန်တို သင်တန်းပေးကာ ရှေ့တန်းစစ်မြေပြင်များသို့ ပို့ဆောင်နေခြင်းဖြစ်သည်။ အဆိုပါ စစ်မှုထမ်း တပ်သားသစ်များကို စစ်ကောင်စီက တိုက်ပွဲများ၌ ရှေ့ဆုံးတွင်ထားရှိ အသုံးချနေ၍ တပ်သားသစ်များ တိုက်ပွဲများ၌ ထိခိုက်ကျဆုံးမှုများစွာရှိခဲ့ဟု တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများက ပြောပြသည်။

ထို့ပြင်တော်လှန်ရေးတပ်ဖွဲ့များထံသို့ စစ်ကောင်စီတပ်သားများ အလင်းဝင်ရောက်မှုများလည်းဆက်တိုက်ရှိနေရာ အများစုမှာ စစ်မှုထမ်း တပ်သားသစ်များဖြစ်သည်ကိုတွေ့ရသည်။ KNLA၏ ထုတ်ပြန်ချက်အရ ယခု ဇွန်လအတွင်း၌ပင် ကရင်ပြည်နယ် အောင်ဇေယျ စစ်ဆင်ရေးမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၉ဦး ၏ အတွေ့အကြုံ ပြောပြချက် ရုပ်သံမှတ်တမ်းများ ဖော်ပြထားသည်ကိုတွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။