သတင်း စစ်ကောင်စီနှင့်ဆွေးနွေးရန် TNLAကိုယ်စားလှယ်အဖွဲ့ ကူမင်းမြို့ရောက်နေ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)၏ ကိုယ်စားလှယ်များသည် တရုတ်အစိုးရ၏စီစဉ်ချက်အရ မြန်မာကိုယ်စားလှယ်များနှင့်တွေ့ဆုံရန်အတွက် ယနေ့(ဖေဖော်ဝါရီ ၁၅ရက်)တွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ ကူမင်းမြို့သို့ ရောက်ရှိနေသည်ဟု TNLAက အသိပေးထုတ်သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း အိုးဘိုထောင်ဝန်ထမ်းတွေက နိုင်ကျဥ်းတစ်ဦးကိုဝိုင်းဝန်းရိုက်နှက်မှုအပေါ်သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ အကျဥ်းသူတွေကိုဖိအားပေးနေ မန္တလေးအိုးဘိုအကျဥ်းထောင်မှာ ထောင်ဝန်ထမ်းတွေက နိုင်ငံရေးအကျဥ်းသူ တဦးကိုရုံးထုတ်ချိန်မှာအချင်းချင်းနှုတ်ဆက်လို့ဆိုပြီးဝိုင်းဝန်းရိုက်နှက်ခဲ့မှုအပေါ် သက်သေလိမ်လည်ထွက်ဆိုပေးကြဖို့ မြင်တွေ့တဲ့အကျဥ်းသူတွေကိုဖိအားပေးနေတယ်လို့ အကျဥ်းထောင်အတွင်းကပေးပို့လာတဲ့သတင်းတွေအရသိရပါတယ်။ ludunwayooဖေဖော်ဝါရီ 15, 2025
နိုင်ငံတကာ ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် အဆင့်မြင့် ဂျက်တိုက်လေယာဉ် ပျက်ကျ ထိုင်ဝမ်ရဲ့ ပြည်တွင်းဖြစ် အဆင့်မြင့် တိုက်လေယာဉ်တစ်စီး ပျက်ကျမှု ဖြစ်ပွားခဲ့ပြီး ပြည်တွင်းဖြစ် တိုက်လေယာဉ် ထုတ်လုပ်ရေးအပေါ် မျှော်လင့်ချက် အများကြီး ထားခဲ့တဲ့ လေတပ်အတွက် ထိုးနှက်ချက် ဖြစ်လာပါတယ်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ကလေးမြို့နယ်တွင်လေကြောင်းအန္တရာယ်ကြောင့်အသံချဲ့စက်လုံးဝမဖွင့်ရန်၊ သာရေးနာရေးကိစ္စများ အကျဉ်းချုန်းပြုလုပ်ရန်ပအဖသတိပေး ကလေးမြို့နယ်အတွင်းစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသောကြောင့် စစ်ရေးလုံခြုံရေးအခြေအရ ပျော်ပွဲရွှင်ပွဲများ၊ အလှူပွဲများ၊ နားရေးကိစ္စများအား အကျဉ်း ချုပ် ပြုလုပ်ရန်၊အသံချဲ့စက်များလုံးဝမဖွင့်ရန် ကလေးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတိပေးချက်ထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း တနင်္သာရီမြို့နယ်အတွင်း စစ်ရေးပြင်းထန်နေ၍ ပြည်သူများ သတိပြုနေထိုင်ကြရန် PDF အသိပေး တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအနှံ့အပြားတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား နှစ်ဘက်တိုက်ပွဲများပြင်းထန်နေ၍ ပြည်သူများအနေဖြင့် သတိပြုနေထိုင်ကြရန် မြိတ်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)က အသိပေးထုတ်ပြန်သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ဗန်းမော်ရှိ စစ်ကောင်စီဆေးတပ်ကို KIAပူးပေါင်းတပ် သိမ်းပိုက်ထားဟု သတင်းရင်းမြစ်ပြော ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မြို့သိမ်းစစ်ဆင်ရေး ဖော်ဆောင်နေသည့် ဗန်းမော်မြိုရှိ စစ်ကောင်စီဆေးတပ်ကို သိမ်းပိုက်ရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ဖေဖော်ဝါရီ ၁၄ရက်ညပိုင်းတွင် ပြောသည်။ ludunwayooဖေဖော်ဝါရီ 15, 2025
နိုင်ငံတကာ ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်ပေါင်းဖိုတွေရဲ့ အမိုးအကာကို ရုရှားဒရုန်း ထိမှန်ခဲ့ကြောင်း ယူကရိန်းစွပ်စွဲ ချာနိုဘိုင်းလ် နျူကလီးယား ဓာတ်အားပေး စက်ရုံရဲ့ ဓာတ်ပေါင်းဖိုတွေဆီက ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်လာနိုင်ခြေကနေ ကာကွယ်ထားရာ အုပ်ဆောင်းမိုး အကာကို ရုရှားက ဖောက်ခွဲရေး ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း မိုးဗြဲမြို့ EPCရုံးအား ယနေ့ည လေကြောင်းတိုက်ခိုက် စစ်ကောင်စီက ရှမ်း - ကရင်နီပြည်နယ်အစပ် မိုးဗြဲမြို့နယ် လျှပ်စစ်မန်နေဂျာရုံး(EPC)အားယနေ့(ဖေဖော်ဝါရီ ၁၄ ရက်) ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း စစ်ကိုင်းနဲ့ တနင်္သာရီမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်တွေ ဒီကနေ့ (ဖေဖော်ဝါရီ ၁၄)မှာ အသီးသီး ချီတက်ဆန္ဒပြခဲ့ပါတယ်။ ludunwayooဖေဖော်ဝါရီ 15, 2025
သတင်း ချောက်မြို့လျှပ်စစ်ရုံး ဗုံးပစ်တိုက်ခိုက်ခံရ မကွေးတိုင်း၊ ချောက်မြို့ရှိ စစ်ကောင်စီလက် အောက်ခံ မြို့နယ်လျှပ်စစ်မန်နေဂျာရုံး(EPC)ကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း ချောက်မြို့ပြပြောက်ကျားတပ်ဖွဲ့ (CGF)တာဝန်ခံ Ko Paingက လူထုနွေဦးသို့ ပြောသည်။ ludunwayooဖေဖော်ဝါရီ 14, 2025