Connect with us

Hi, what are you looking for?

သတင်း

တီးတိန်မြို့နယ် မွှာလ်ပီးနှင့် ထေဇန်းရွာအကြားတွင် စစ်ကောင်စီတပ်ကို ချင်းပူးပေါင်းတပ်တိုက်ခိုက်

ချင်းပြည်နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တီးတိန်မြို့နယ် မွှာလ်ပီးရွာနှင့်ထေဇန်းရွာအကြားတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

ပြီးခဲ့သည့် မေလက ချင်းတောင်ဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းကြောင့် ဒေသခံများ ရှောင်တိမ်းနေကြရစဥ်။ ဓာတ်ပုံ - CDF-CDM Siyin

ဇွန်-၂၅၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ် မြောက်ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို တီးတိန်မြို့နယ် မွှာလ်ပီးရွာနှင့်ထေဇန်းရွာအကြားတွင် ချင်းတော်လှန်ရေးပူးပေါင်းတပ်က တိုက်ခိုက်လျက်ရှိကြောင်း ချင်းသတင်းရင်းမြစ်က ပြောသည်။

မေလ တတိယပတ်တွင် ကလေးမြို့မှ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မွှာလ်ပီးရွာ၌ တပ်စွဲထားရာမှာ ရှေ့ဆက်တိုးလာ၍ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ဟု သတင်းရင်းမြစ်က ပြောသည်။

“ဒီနေ့မှာ တိုက်ပွဲရှိတာပေါ့။ အခုထိ လက်နက်သံတွေကြားရတယ်တဲ့ ဒေသခံတွေ ပြောပြချင်အရ။ အဲဒီ မွှာလ်ပီးရွာကနေ ထေဇန်းရွာဘက်ကို သွားဖို့ စစ်ကြောင်းထိုးတာ ဖြစ်မယ်ထင်တယ် စကစဘက်ကနေ။ အဲဒါကြောင့် အခုတလော တိုက်ပွဲအကြီးအကျယ်ရှိပါတယ်။ လက်နက်သံတွေကြားရတယ်။ လက်နက်ကြီးပေါ့” ဟု ချင်းသတင်းရင်းမြစ်က ပြောသည်။ စစ်ရေး အခြေအနေ အသေးစိတ် မသိရသေးဟု သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ကူပေး ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီဘက်က ဝါဒဖြန့်သူအချို့က စစ်ကောင်စီတပ်များ သိုင်းငင်းသို့ ရောက်ရှိနေပြီဆိုသည့် လူမှုကွန်ရက်၌ရေးသားချက်များသည် ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က ရှင်းပြသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ချင်းပြည်ကောင်စီနှင့် ချင်းညီနောင် အဖွဲ့ဝင်တပ်များ ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်သည်။ ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ကလေးခရိုင် တပ်ရင်း(၄)လည်း ချင်းပူးပေါင်းတပ်နှင့်အတူ စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမာန်ကလည်း ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ တက်လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ခြေလျင်အဖွဲ့များသည် မွှာလ်ပီးရွာကျော်လာ၍ ထေဇန်းရွာ၌ ချင်းပူးပေါင်းတပ်နှင့် ထိတွေ့တိုက်ပွဲ တောက်လျှောက်ရှိနေသည်ဟု ယခုရက်ပိုင်း စစ်ရေး အခြေအနေကို အသိပေးထားသည်။

စစ်ကောင်စီတပ်အနေဖြင့် သိုင်းငင်းသို့ မရောက်သေးဟုလည်း ၎င်းက ရှင်းလင်းထားသည်။ သိုင်းငင်းမြို့သည် လမ်းဆုံမြို့ တစ်ခုဖြစ်ပြီး သိုင်းငင်းမှ ညာဘက်သို့ သွားပါက တီးတိန်မြို့ဘက် ရောက်မည်ဖြစ်ပြီး ဘယ်ဘက်သို့ သွားပါက ချင်းညီနောင်သိမ်းပိုက်ထားပြီးဖြစ်သည့် ဖလမ်းမြို့ကိုရောက်ရှိမည်ဖြစ်သည်။

စစ်ကောင်စီသည် လက်လွှတ်ဆုံးရှုံးထားသည့် မြို့များကို ပြန်ရရေးအတွက် အင်အားအလုံးအရင်းဖြင့် စစ်ပြင်ဆင်လှုပ်ရှားနေသကဲ့သို့ အဆိုပါ စစ်ကောင်စီတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ဆလိုင်းယောမာန်က ဇွန်လ တတိယပတ်က ချင်းညီနောင် သတင်းစာရှင်းလင်းပွဲ၌ အသိပေးထားသည်။

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း ကလေးမြို့ဘက်မှ ချင်းပြည်နယ် မြောက်ပိုင်းသို့ စစ်အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသကဲ့သို့ ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ်ဘက်ကို ဦးတည်ပြီးလည်း မကွေးတိုင်း ပခုက္ကူဘက်မှ စစ်အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားလာနေကြောင်း ဆလိုင်းယောမာန်က ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်မြောက်ပိုင်း၊တီးတိန်မြို့ကိုစစ်လက်နက်ခဲယမ်း၊လူအင်အား ဖြည့်တင်းနေတဲ့စစ်ကောင်စီတပ်ရဲ့လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ဒီနေ့ မေလ ၉ရက်မှာတီးတိန်မြို့ပေါ်မှာမီးလောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့ကို စစ်တပ်က အင်အားဖြည့်တင်းဖို့ကြိုးပမ်းနေလို့ ကလေး-တီးတိန်လမ်းပိုင်းမှာ တိုက်ပွဲတွေ ၅ရက်ဆက် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေကြောင်း ချင်းတော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်၅၀၀ခန့်သေဆုံးဟုCNA ခန့်မှန်း ၊ချင်းတော်လှန်ရေးရဲဘော် ၅၀ ကျော်ကျဆုံး

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။