Connect with us

Hi, what are you looking for?

သတင်း

နောင်ချိုတိုက်ပွဲပြည်သူ​တွေမစိုးရိမ်ကြဖို့ DPLA​ပြော

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်တိုက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ အင်အားဖြည့်တင်းပြီး ခုခံကာကွယ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကတဆင့် ပြောပါတယ်။

DPLA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပါတ်-DPLA

ဇွန်-၂၅၊၂၀၂၅/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊နောင်ချိုမြို့နယ်တိုက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေအနေနဲ့ မစိုးရိမ်ကြဖို့နဲ့ အင်အားဖြည့်တင်းပြီး ခုခံကာကွယ်နေတယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ရဲ့ ပြောရေးဆိုခွင့်ရှိသူက လူထုနွေဦးကတဆင့် ပြောပါတယ်။

“ကျနော်တို့အတက်နိုင်ဆုံးကြိုးစားပြီးတော့ တိုက်ပွဲဝင်နေပါတယ်။ပြည်သူလူထုအနေနဲ့လည်း အရမ်းကြီးတော့ မစိုးရိမ်ကြပါနဲ့လို့ မှာချင်ပါတယ်။ စစ်ရေးသတင်းတော့ နားစွင့်ထားဖို့ လိုပါတယ်။ မလိုလားအပ်တဲ့ စစ်လော်ဘီတွေရဲ့ သတင်းတွေအပေါ် နားမယောင်စေချင်ပါဘူး။ ဒီချိန်ထိတော့ ကျနော်တို့ အင်အားတွေဖြည့်ပြီးတော့ ခုခံကာကွယ်နေပါတယ်”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

မနေ့က(ဇွန်လ ၂၄ရက်)မှာ နောင်ချိုမြို့အနီးအနားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

DPLA တပ်ဖွဲ့ဝင်များ ။ ဓါတ်ပါတ်-DPLA

ဒါ့အပြင် တိုက်ပွဲဧရိယာအနီးက ကျေးရွာသားတွေကို လွန်ခဲ့တဲ့ဇွန်လ ၂၀ရက်ကတည်းကရွှေ့ပြောင်းထားပြီလို့လည်း ဆိုပါတယ်။

” လွန်ခဲ့တဲ့ ဇွန် ၂၀ရက်ကလည်းက တိုက်ပွဲနဲ့ နီးစပ်တဲ့ရွာတွေကို ရွှေ့ခိုင်းထားတာရှိတယ်။ လုံဝယ်၊လုံစံဘက်၊ အဲဒီရွာတွေကို ရွှေ့ပြောင်းထားတယ်”လို့ DPLAရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက်အကူအညီတွေလိုအပ်နေလို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးကြဖို့လည်းDPLAကတောင်းဆိုပါတယ်။

ဒါ့အပြင်ဇွန်လ ၂၄ရက်တိုက်ပွဲအတွင်းတော်လှန်ရေးပူးပေါင်းတပ်က ကြီးမားတဲ့ထိခိုက်မှုမရှိဘူးလို့လည်း၎င်းကဆက်ပြောပါတယ်။ဒီကနေ့(ဇွန်လ ၂၅ရက်)မှာတော့တိုက်ပွဲငြိမ်နေတယ်လို့လည်း ပြောပါတယ်။

နောင်ချိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်​ကောင်စီတပ်အ​ပေါ် တန်ပြန်ထိုးစစ် ဇွန်လ ၂၄ရက် မနက်မှာ စတင်ခဲ့ပါတယ်။ ကံကြီးကျေးရွာနားက နောင်တော၊ လုံဝယ်၊လုံစံ နဲ့ ဉာဏ်တောကျေးရွာနားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂) စတင်ခဲ့တဲ့နေ့ ရဲ့ ၁ နှစ်ပြည့် နှစ်ပါတ်လည်​နေ့ မရောက်မီ တစ်ရက်အလိုမှာ နောင်ချိုမြို့နယ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တန်ပြန်ထိုးစစ် ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)ကို ၂၀၂၄ ဇွန်လ ၂၅ရက်နေ့မှာ စတင်ခဲ့ပြီး အဲဒီနေ့မှာဘဲ တအာင်းတပ်မတော်(TNLA)နဲ့ PDFပူးပေါင်းတပ်တွေက နောင်ချိုမြို့ကို စတင်သိမ်းပိုက်ခဲ့ပါတယ်။

စစ်​ကောင်စီကလည်း ​တောင်းခမ်းက အ​မြောက်တပ်ရင်း​တွေက​နေ ​နောင်ချိုမြို့ကိုပါ ပြန်သိမ်းနိုင်ဖို့ အပြင်းအထန်ထိုးစစ်ဆင်လာတာ​ကြောင့် ဇွန်လလယ်ကစပြီးနောင်ချိုမြို့နယ်မှာ အနည်းဆုံးကျေးရွာ ခုနစ်ရွာမှာတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဓနုလက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး( DPLF/DPLA)က စစ်ကောင်စီကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကြေညာချက်ကို ဒီနေ့ (အောက်တိုဘာ ၂၃ရက်)ထုတ်ပြန်ခဲ့ရာ ဓနုလူထုတွေအနေနဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ရွေးကောက်ပွဲကို အားပေးထောက်ခံတာ ပူးပေါင်းဆောင်ရွက်တာ မလုပ်ဖို့ မေတ္တာရပ်ခံထားပါတယ်။

ဆောင်းပါး

လက်ရှိစစ်မှုထမ်းတပ်သားသစ်တွေ ထွက်ပြေးပြီး ​တော်လှန်ရေးအဖွဲ့တွေဆီ အလင်းဝင်ပူးပေါင်းတာတွေ အဖြစ်များနေပါတယ်။ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နောင်ချိုမြို့နယ်မှာဆိုရင် အဓမ္မစစ်မှုထမ်းခံရတဲ့တပ်သားသစ်တွေအများအပြား အလင်းဝင်လာတယ်လို့ ဓနုလွတ်မြောက်ရေးတပ်တော်(DPLA)ကထုတ်ပြန်ထားတယ်။

သတင်း

နောင်ချိုမြို့အနီးမှာနေရာစုံတိုက်ပွဲတွေပြင်းထန်နေပြီးအပြင်းအထန်ခုခံကာကွယ်နေတယ်လို့ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)ဥက္ကဌ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။

သတင်း

စစ်တပ်က ပြင်ဦးလွင်စစ်တက္ကသိုလ်ကျောင်းတွေက ဗိုလ်လောင်းတွေ နဲ့ ရဲတပ်ရင်းတွေကရဲ​တွေကိုပါထုတ်ပြီးအသုံးပြုနေတယ်လို့ ဆို