Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲတိုက်ပွဲ နှစ်ပါတ်ဆက် ပြင်းထန်​နေ

စစ်တပ်နှင့် PNO ပြည်သူ့စစ်မှ ဖယ်ခုံဘက်တွင်လည်းစစ်​ကြောင်းထိုး၍ တိုက်ပွဲပြင်းထန်​နေ

မိုးဗြဲ PDF မှ တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ- မိုးဗြဲPDF

ဇွန်-၂၅၊၂၀၂၅။ရဲခေါင်/People’s Spring

ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်ကိုချိတ်ဆက်ရာ မိုးဗြဲမြို့၌ တိုက်ပွဲများပြင်းထန်​နေပြီးနှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသည်။

စစ်​ကောင်စီက စစ်ရေးအရ အရေးပါသည့် မိုးဗြဲမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် ယခုနှစ်ဆန်းပိုင်းမှ စ၍ အကြိမ်ကြိမ်ထိုးစစ်ဆင်​နေရာ ဇွန်လ ၁၄ ရက်နောက်ပိုင်း မြေပြင်တိုက်ပွဲမှာ ပို၍ပြင်းထန်နေသည်ဟုသိရသည်။

“အခုအခြေနေက ဒီကောင်(စစ်ကောင်စီ)တွေ အနောက် ၂လိုင်း ၊၃လိုင်းပြန်ဆုတ်နေရတဲ့အထိ ကျနော်တို့ရဲ့ထိုးစစ်ကပြင်းထန်နေတယ်”ဟု မိုးဗြဲစစ်မြေပြင်ရှိရဲဘော်တစ်ဦးကလူထုနွေဦးသို့ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ပတ်ကျော်တိုက်ပွဲများအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၀ ဦး ခန့်ကျဆုံးထားရပြီး စစ်ကောင်စီ၏သေဆုံးမှုသည်လေးဆယ်ထက်မနည်းရှိနိုင်ကြောင်း ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောသည်။

စစ်ကောင်စီတပ်သားအချို့ကို စစ်သုံ့ပန်းအဖြစ်ဖမ်းဆီးရရှိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ဟု သိရသော်လည်း ကရင်နီပူးပေါင်းတပ်များထံ လူထုနွေဦးက မေးမြန်းထားဆဲ ဖြစ်သည်။

“တပ်ပေါင်းစုအသွင်နဲ့ စကစ ကို ခုခံနေပါတယ်။စစ်ရေးအရတော့ သီးခြားမှတ်ချက်မပေးနိုင်သေးဘူး”ဟု မိုးဗြဲဒေသခံကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူ က ပြောသည်။

မိုးဗြဲမြို့မြောက်ဘက်ခြမ်း ၏ နှစ်မိုင်ကျော်အကွာရှိ မြို့စောင့်တပ်​ခေါ် အမှတ် ၄၂၂ ​ခြေမြန်တပ်ရင်း(ခမရ ၄၂၂) မှတဆင့် မြို့တွင်းသို့ဝင်ရောက်ရေးအတွက် စစ်ကောင်စီသည် အင်အား ၇၀၀ ထက်မနည်းအသုံးပြုလျက်ရှိကြောင်း ကရင်နီပူးပေါင်းတပ်တာဝန်ရှိသူများက ပြောထားသည်။

လေကြောင်းမှဗုံးကြဲခြင်း၊ မစ်ဇိုင်းဒုံးများ၊ ၁၂၀ မမ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကိုစစ်ကောင်စီတပ်ကအပြင်းအထန်းပြုလုပ်နေသည်။

အာဏာသိမ်းကာလနောက်ပိုင်း ဆုံးရှုံးခဲ့သော နယ် မြေများကို စစ်တပ်က ပြန်လည်ထိုးစစ်ဆင်ရာတွင် မိုးဗြဲမြို့၏ခုခံမှုသည် နွေဦးတော်လှန်ရေးတိုက်ပွဲ များအနက် ကာလအရှည်ကြာဆုံး တိုက်ပွဲဖြစ် ကြောင်း စစ်ရေးသတင်း ရင်းမြစ်များက ​ပြောသည်။

ထို့အပြင် စစ်​ကောင်စီတပ် နှင့် PNO ပြည်သူ့စစ်များသည် ဖယ်ခုံ ဘက်မှပါ စစ်​ကြောင်းထိုး​နေသဖြင့်တိုက်ပွဲများပြင်းထန်​နေသည်။

“မိုးဗြဲ မြို့အပြင်ကို ဖယ်ခုံ ၊ အင်းအရှေ့ဘက်ခြမ်းမှာပါ စကစ နဲ့ PNO ပြည်သူ့စစ်ရဲ့ထိုးစစ်ကို တော် လှန်ရေးအင်အားစုတွေက ရင်ဆိုင်နေကြတယ်။စစ်မျက်နှာနှစ်ခုစလုံးမှာက စစ်ကောင်စီဘက်က အင်အား နှစ်ထောင်လောက်သုံးထားတယ်လို့ခန့်မှန်းရတယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က ပြောသည်။

၂၀၂၃ နှစ်ကုန်ပိုင်းတွင် မိုးဗြဲမြို့တွင် ခမရ ၄၂၂ မှ အပ စစ်ကောင်စီတပ်စွဲခဲ့သည့် ဝါရီဆူဖလိုင်၊ ဒုန်းဒူထန်၊ ပွဲကုန်း၃၊ ပွဲကုန်း၁၊ ညောင် ဝိုင်း၊ ပီကင်းကောခူ၊ ဆောင်ကန်း ၊ စည် ကား၂ နှင့် စက်တော်ရာတောင် ကုန်း (ခ)ဗျူဟာကုန်းကို ကရင်နီတပ်ပေါင်းစုက သိမ်းပိုက်ကာ မိုးဗြဲ မြို့ကိုထိန်းချုပ်ခဲ့သည်။

ထို့နောက် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစ၍ စစ်ကောင်စီသည် မိုးဗြဲမြို့ပြန်ရရေး ထိုးစစ်ဆင်လာခဲ့ပြီးတိုက်ပွဲမှာခုနှစ်လခန့်ရှိနေပြီဖြစ်သည်။

တိုက်ပွဲ မဖြစ်ခဲ့စဥ်က လူဦးရေ နှစ်သောင်းကျော်နေထိုင် ခဲ့သော မိုးဗြဲ မြို့သည် နေပြည် တော်သို့ နာရီပိုင်းအတွင်းရောက်နိုင်သည့် ပင်လောင်း-ဖယ်ခုံ -(မိုးဗြဲ)-လွိုင်ကော် လမ်းပိုင်းပေါ်တွင်ရှိသည်။

မိုးဗြဲ မြို့ကိုစစ်ကောင်စီပြန်ရပါက ကရင်နီပြည်၏ မြို့တော်လွိုင်ကော်နှင့် မိုးဗြဲဆက်ထားသည့်လမ်း မကို ထိန်းချုပ်၍ ရှမ်းတောင်မှတဆင့်ကရင်နီပြည် နယ်ထဲသို့ အလွယ်တကူ စစ်ကူပို့မှုနှင့်အတူ ရွေး ကောက်ပွဲပြုလုပ်ရန် နှင့် ၎င်းတို့အုပ်ချုပ်ရေးယန္တ ရား လည်ပတ်နိုင်ရန် ၊ လွိုင်​ကော်မြို့ကို စစ်​ရေူအရ ခြိမ်း​ခြောက် မခံရ​စေရန် စစ်​ကောင်စီက မိုးဗြဲကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ရန် ထိုးစစ်ဆင်​နေခြင်းဖြစ်ကြောင်း စစ်ဘက် သတင်းရင်းမြစ်များက သုံးသပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

မိုးဗြဲ မြို့ရှေ့တန်းကင်းနေရာအချို့ကို ပြန်လည် ထိုးစစ်ဆင်ရာ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး လက်နက် ၉ လက်သိမ်းဆည်းရရှိ ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF မိုးဗြဲ ဇုန်က ယနေ့(မတ်လ ၁၅ ရက်) ထုတ် ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားရုပ်အလောင်း ၁၂လောင်းနှင့် လက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (Moebye PDF)က ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။