Connect with us

Hi, what are you looking for?

သတင်း

ညောင်ဦးနယ်မှာစစ်ကြောင်းထိုးလို့ ဒေသခံတွေထွက်ပြေးနေရ

မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေ စစ်ကြောင်းထိုးခံရတာကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

စစ်ကောင်စီတပ်ရဲ့စစ်ရေးလေ့ကျင့်ခန်းမြင်ကွင်း ( ပုံဟောင်း) ဓာတ်ပုံ - CINCDS

ဇွန် – ၂၅ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

မြန်မာနိုင်ငံအလယ်ပိုင်း ၊မန္တလေးတိုင်း ၊ ညောင်ဦးမြို့နယ်ထဲက ကျေးရွာတွေ စစ်ကြောင်းထိုးခံရတာကြောင့် ကျေးရွာ ၂၀ ထက်မနည်းက ပြည်သူတွေ ဘေးလွတ်ရာကိုထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဇွန်လ ၂၂ ရက်စတင်ပြီး ညောင်ဦးမြို့နယ် ထဲက မကွေး – နတ်မောက်သွား ကားလမ်းမှာရှိတဲ့ ကျေးရွာ တွေဆီ စစ်ကြောင်းထိုးခံရတာပါ။

စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့ တိုက်ပွဲလည်းဖြစ်ပွားခဲ့ပါတယ။

Public Service Announcement

Public Service Announcement

” တိုက်ပွဲဖြစ်နေတာ ၊သူတို့(စစ်တပ်)အင်အားများတယ်၊ အခုထိ တိုက်ပွဲပြင်း​ထန်နေတုန်းပါပဲ”လို့ ညောင်ဦးနယ်ထဲက တိုက်ပွဲမှာပါဝင်​တဲ့ တော် လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေ နဲ့ မြေပြင်နေရာ​ ကို လုံခြုံရေးအခြေနေအရ ထုတ်ဖော်ပြောကြားလိုခြင်းမရှိပါဘူး။

အင်အား ၅၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် ကျေးရွာ ၂၀ထက်မနည်းကဒေသခံတွေဟာ ဆွေးမျိုးသားချင်းရှိရာ ရွာတွေ ၊ ဘုန်းကြီးကျောင်းတွေဆီ ထွက်ပြေးနေရပါတယ်။

တိမ်းရှောင်နေရတဲ့ရွာတွေကတော့ ကံကြီးကုန်း၊ မုန်တိုင်၊ ဂုန်တော၊ ညောင်လှ၊ မအူ၊ ကျွန်းဘိုကန်၊ သံဇပ်တော၊လယ်ကန်၊ စကား၊ လက်ဝဲ၊ သဖျင်းကန်း၊ယာတောကြီး၊ ဇီးစမြင်၊ ကျောက်ကန်၊ မြောင်၊ စက၊ ရွှေကဖြူ၊ ဂျိုးကန်၊ ဖြူ၊ မြေသန့်​တောင်၊ ကြအို့၊ ချောင်းရှည်၊ ကျောက်ကန်ပြင်စတဲ့ရွာတွေဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ကထပ်မံစစ်ကြောင်းထိုးဖို့ အင်အားဖြည့်လာတယ်လို့ ပကဖ ပြော

သတင်း

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်က ညောင်ဦး-ငါ့သရောက်လမ်းပိုင်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတယ်လို့ အဲဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

ရှေးဟောင်းမြို့တော် ပုဂံ၊ညောင်ဦးမြို့က စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် နောင်နောင်အပါအဝင် ၆ ဦးကို တော်လှန်ရေးတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ဖေဖော်ဝါရီ-၂၈၊ ၂၀၂၆ ​​ဇေအောင်/People’s Spring ပုဂံ၊ညောင်ဦး-ကျောက်ပန်းတောင်းလမ်းပိုင်းမှာ စစ်ကောင်စီလှည့်ကင်းကား ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ၄ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။ ဒီနေ့ ဖေဖော်ဝါရီ ၂၈ရက် မနက် ၇နာရီခွဲဝန်းကျင်မှာ ပုဂံ၊ညောင်ဦးမြို့အခြေစိုက် ခလရ (၄၁၅)တပ်ရင်းက ထွက်လာတဲ့...