Hi, what are you looking for?
စစ်ကောင်စီရဲ့ရွေးကောက်ပွဲ ဝါဒဖြန့်ချိရေးဇာတ်ကားမှာပါဝင်သူတွေကို ပြည်သူတွေက လူမှုရေးပြစ်ဒဏ်ခတ်တာ ၊ သပိတ်မှောက်တာအပြင်းအထန်ပြုလုပ်နေတာကြောင့် စစ်ကောင်စီရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အနုပညာရှင်အားလုံးကိုမလာမနေရ ခေါ်ယူပြီး ဒီကနေ့(အောက်တိုဘာ၃၀)မွန်းလွဲပိုင်းမှာအရေးပေါ်အစည်းအဝေးခေါ်နေတယ်လို့အနုပညာအသိုင်းအဝိုင်းက သတင်းရင်းမြစ်တွေကပြောပါတယ်။
လက်ရှိ ဝင်ငွေအကောင်းဆုံး မင်းသားလေးလက်နဲ့ ရိုက်ကူးထားတဲ့ စစ်ကောင်စီရဲ့“ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ”ရွေးကောက်ပွဲ ဝါဒဖြန့်ဇာတ်ကားနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ဝေဖန်ပြစ်တင်လို့ဆိုကာ ဒါရိုက်တာမိုက်တီး၊ သရုပ်ဆောင် ကျော်ဝင်းထွဋ်နဲ့ ဟာသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်ကောင်စီက ဖမ်းဆီးလိုက်ပါတယ်။ သူတို့ ဘာတွေများ တင်မိခဲ့လို့ပါလဲ။