Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်ဒေသ ၃ရက်ဆက်တိုက်ပွဲ စစ်တပ် ၂၀ ကျော်သေ၊ လက်နက် ၂၀ကျော် KIAသိမ်းရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(ဖားကန့်ဒေသတိုက်ပွဲအတွင်း စစ်တပ်ထံက သိမ်းရတဲ့ လက်နက်ပစ္စည်းတွေ။ ဓာတ်ပုံ - Myu Tsaw Kasa)

မေ ၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် လုံးခင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အထိနာလျက်ရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

မေလ ၆ရက်ကနေ ဒီကနေ့ ၈ရက်အထိ စစ်ရေး အခြေအနေကို ကချင်စစ်ရေး သတင်းရင်းမြစ်က အခုလို ပြောပြတာပါ။

“အခြေအနေက တော်တော်ပြင်းထန်တယ် လုံးခင်းဘက်မှာ။ ဒီနေ့ လူနာနဲ့ လူသေအလောင်းပေါ့ ဖိုးဝီးကားနှစ်စီးနဲ့ သယ်သွားတာ။ ပြီးတော့ သူတို့ မသယ်နိုင်တဲ့အလောင်းတွေ ၄၊ ၅လောင်းတော့ရှိသေးတယ်။ ငါတို့ မြှုပ်ပေးနေရတာတဲ့။” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

၃ရက်တာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးတယ်လို့လည်း ပြောပါတယ်။

” လက်နက်တွေက တော်တော်ရပြီ။ သုံးရက်အတွင်းမှာ လက်နက်က အလက် ၂၀ကျော်လောက်ရှိမယ်” လို့ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဖားကန့်ဒေသတိုက်ပွဲမှာ စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ အပြင်းအထန် ပြုလုပ်ခဲ့ပါတယ်။

စစ်တပ်ဟာ ဒီလို လေကြောင်းတိုက်ခိုက်ရာမှာ အရပ်သားပြည်သူနေထိုင်ရာတွေကိုလည်း ဗုံးကြဲခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးထားပါတယ်။ ဒါ့အပြင် နေအိမ်တွေ မီးရှို့တာတွေလည်း ရှိတယ်လို့ သိရပြီး အသေးစိတ်အခြေအနေတွေ စုံစမ်းနေဆဲပါ။

KIAက ဖားကန့်ဒေသ စစ်ရေးအခြေအနေကို မေလ ၆ရက်မှာ သတင်းဖော်ပြထားရာ လုံးခင်းဘက်ကို စစ်အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားလာလို့ KIAနဲ့ တိုက်ပွဲဖြစ်နေတယ်လို့ ဆိုပါတယ်။ မေ ၄ရက် တိုက်ပွဲမှာ စစ်ကောင်စီရဲ့ ဖားကန့် တပ်မကုန်းက လက်နက်ကြီးနဲ့ ရမ်းပစ်လို့ ပြည်သူထိခိုက်မှု နေအိမ်ပျက်စီးမှုတွေရှိကြောင်း KIAက သတင်းဖော်ပြထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။