Hi, what are you looking for?
ကချင်ပြည်နယ်၊ဗန်းမော်မြိုသိမ်းစစ်ဆင်ရေးဖော်ဆောင်နေသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်က စစ်တပ်ရဟတ်ယာဉ် ၂ စီးကိုထိမှန်အောင်ပစ်ခတ်ခဲ့ရာ ထိုသို့ ပစ်ခတ်ခဲ့သည့် တော်လှန်ရေး ရဲဘော်များအား ငှက်သားကြိုက်သူလေးများအဖွဲ့မှ ကျပ်သိန်း ၁၀၀ ဂုဏ်ပြုအလှူငွေပေးပို့ခဲ့ကြောင်း KIA စစ်ရုံးချုပ် စစ်ရေးဌာန၏ ကျေးဇူးတင်လွှာ၌ ဖော်ပြထားသည်။
အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲရာ ဘုန်းကြီးကျောင်းနှင့် ပြည်သူ လူထုနေအိမ် များ၌ နင်းမိုင်းနှင့် တိုက်မိုင်းများထောင်ထား၍ စစ်ရှောင် ပြည်သူများအနေဖြင့် မိမိနေအိမ် ပြန်ဝင်ရောက်ပါက မိုင်းသတိ ပြု သွားလာနေထိုင်ကြရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထံ အလင်းဝင်လာသည့် တပ်သားကျော်ဇေယျာထွန်းက ပြောပြသည်။
◼️ခွန်းနီစီးကရက်တစ်ဗူးဘယ်လောက်လဲအရက်တစ်ပုလင်းဘယ်လောက်လဲဝက်ချိုချဥ်ကြော်တစ်ပွဲဘယ်လောက်လဲအာသာဖြေဖို့တစ်ညဘယ်လောက်လဲအားလုံးပေါပေါလောလောရတယ်။အသက်တစ်ချောင်းဘယ်လောက်လဲဘဝတစ်ခုဘယ်လောက်လဲအရှက်သိက္ခာနဲ့ကိုယ်ကျင့်တရားဘယ်လောက်လဲအားလုံးလွယ်လွယ်လေးလားအေးဟုတ်တယ်ငါတို့နိူင်ငံမှာအားလုံးလွယ်လွယ်လေးပဲ။ကြက်ကလေးလိုငှက်ကလေးလိုသေဖို့လွယ်လွယ်လေးကြက်ကလေးလိုငှက်ကလေးလိုလွတ်လပ်မှုတောင်မရှိတဲ့အခါမွေးမြူရေးငါးကန်ထဲကငါးတွေလိုအစွမ်းကုန်ကြီးထွားပြကြရပေါ့။အလောင်းချင်းထပ်နေတယ်သွေးစသွေးနတွေပွက်နေတယ်ကယ်ပါ ယူပါတဆာဆာပေါ့ငါတို့မှာဒီလောက်တောင်စျေးပေါခဲ့ရတယ်။သေဖို့အရေးလားနေဖို့အရေးလားအားလုံးဟာလွယ်လွယ်လေးသေမလိုဖြစ်ခဲ့တဲ့ကောင်တွေလဲဒုနဲ့ဒေးပါပဲ။သေသူတွေရဲ့တန်ဖိုးကိုဘယ်အရာတွေနဲ့ချိန်ထိုးမလဲစဥ်းစားလေလေပေါက်ကွဲခံပြင်းဒေါသဖြစ်လေလေပဲ။မခံနိူင်တော့ရင်လက်ညိုးလေးကွေးလိုက်ကြပြေးထွက်စရာမှမရှိတော့တာသူသေကိုယ်သေပဲလေအားလုံးဟာလွယ်လွယ်လေး။ (The Call – ခေါ်သံ”အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “အားလုံးလွယ်လွယ်လေးပဲ” ကဗျာ ကို People’s Spring က ပြန်လည်ဖော်ပြပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီး တော်လှန်ရေးအတွက် အထောက်အကူ ပြုတဲ့ စာပေကဏ္ဍမျိုးစုံကို “The Call – ခေါ်သံ”...