Connect with us

Hi, what are you looking for?

သတင်း

လက်ပံတန်းမှာ စစ်တပ်စစ်​ကြောင်းပျက်​သွားတဲ့တိုက်ပွဲ

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ စစ် ကြောင်းမှ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။

လက်ပံတန်းတိုက်ပွဲမှာ စစ်ကောင်စီတပ် စစ်ကြောင်းထံကရရှိထားတဲ့ လက်နက်တွေကို တွေ့ရစဥ်။ဓာတ်ပုံ - File

အောက်တိုဘာ-၁၆၊၂၀၂၅။မိုမို/People’s Spring

ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သရက်ချောင်းကျေးရွာဘက်ကို မီးရှို့ဖျက်ဆီးဖို့ စစ်ကြောင်းထိုးလာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ စစ် ကြောင်းမှ စစ်ကောင်စီတပ်သား ၁၅ ဦးထက်မနည်း သေဆုံးကာ စစ်သုံ့ပန်းအဖြစ် ၁၂ ဦးကို ဖမ်းဆီးရရှိတယ်လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တာဝန်ရှိသူက ပြောပါတယ်။

လက်ပံတန်းမြို့နယ် လွှစင်ကုန်းလမ်းကတဆင့် ပတဲကောကျေးရွာ မှ သရက်ချောင်းကျေးရွာကို အောက် တိုဘာ ၁၅ ရက် မနက် ၁၀ နာရီမှာ တိုက် ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်အုပ်စုမှာ အင်အား ၆၀ ပါပြီး သရက်ချောင်းရွာကို မီးရှို့နေ့တဲ့အချိန် တိုက်ခိုက်ခဲ့တာလို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲ ကြာချိန် ၁ နာရီခွဲ ဝန်းကျင်မှာ စစ်ကောင်စီ တပ်သားတွေ ဖရို ဖရဲ ဆုတ်ခွာသွားပြီးလိုက်လံ ချေမှုန်းခဲ့တာမှာ ၁၅ ဦးကျော်သေဆုံးပြီး ၁၂ ဦး အရှင်ဖမ်းမိတာလို့ အသိပေးပါတယ်။

“စနိုက်ပါ သမားပါတယ်။တပ်ကြပ်ကြီး။ကျန်တဲ့အရာရှိတွေတော့ မပါဘူး။အခု စကစ က သရက်ချောင်းရွာကို မီးဝင်ရှို့နေတယ်”လို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပြောရေးဆိုခွင့်ရှိသူ တပ်ခွဲမှူး ဗိုလ်တိမ်တိုက်က ပြောပါတယ်။

သိမ်းရတဲ့လက်နက်တွေအရ G-4 စက်ကလေး လေးလက်၊G3 ငါးလက်၊G-2 ငါးလက်၊MA -12 နှစ်လက်၊MA- 3 တစ်လက်၊စက်ကလေး တစ်လက်၊ကာဘိုင်တစ်လက်၊MAS Sniper တစ်လက်လို့ သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၂) စစ်ဆင်ရေးနယ်မြေ၊ ပဲခူး တိုင်းစစ်ဌာန၊ ဗျူဟာ (၂၂) ကွပ်ကဲမှုနဲ့ အမှတ် (၃၈၀၂) တပ်ရင်း၊ အမှတ် (၃၈၀၃) တပ်ရင်း၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တွေပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်တပ် စစ်​ကြောင်းပျက်ခဲ့တဲ့ အဆိုပါတိုက်ပွဲကို NUG ကာကွယ်​ရေးဝန်ကြီးဌာန နဲ့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေ ကလည်းသတင်းထုတ်ပြန်ပါတယ်။တိုက်ပွဲအတွင်း ကာကွယ်ရေး ရဲဘော်များ အထိ အခိုက်မရှိ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

“စခ တွေ အထိနာသွားတော့ လက်ပံတန်း နဲ့ ပဲခူး အနောက်ခြမ်းတွေ လေကြောင်း အထူးဂရုစိုက် ဖို့လိုတယ်”လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လက်ပံတန်းမြို့နဲ့ တိုက်ပွဲဖြစ်ပွားတဲ့ သရက်ချောင်းကျေးရွာဟာ ၆ မိုင်​ကျော်ပဲကွာ​ဝေးတာဖြစ်ပါတယ် ။

​အောက်တိုဘာ လ ၁ ရက်ကလည်းလက်ပံတန်းမြို့နယ်၊ မှော်အင်းအုပ်စု၊ ကမ်းပြိုကြီးကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပြီး ထွက်ခွာလာတဲ့ အင်အား ၂၀ ကျော်ပါ စစ်သားနဲ့ ရဲတွေကို တိုက်ခိုက်မှုမှာစစ်အုပ်စုဘက်ကနှစ်ဦးသေပြီးသေနတ်၂လက်နဲ့ ခဲယမ်းအချို့ရရှိခဲ့ပါတယ်။

လက်ပံတန်းမှာ စစ်တပ်စစ်​ကြောင်းပျက်​သွားတဲ့တိုက်ပွဲ အောက်တိုဘာ-၁၆၊၂၀၂၅။မိုမို/People's Spring ပဲခူးတိုင်း၊…

Posted by People's Spring on Thursday 16 October 2025

ရုပ်သံ-​ပေးပို့

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ရေးမြို့နယ်ရှိ စစ်ကောင်စီတပ်စစ်ကြောင်းကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစု နဲ့ တော်လှန်‌ရေးမဟာမိတ်တပ်ဖွဲ့တွေက ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တိုက်ခိုက်မှုမှာ ပါဝင်တဲ့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊သရက်မြို့နယ်အခြေစိုက် အမှတ် (၁၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၁၂)က ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ရာထိခိုက်သေဆုံးမှုတွေရှိတာကြောင့် ပြန်ဆုတ်သွားတယ်လို့ ဗမာပြည်ကာကွယ်ရေးတပ် - USBAက ကိုဗဟိန်းက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်မိုင်းဆွဲတိုက်ခိုက်ခံရပြီး သေဆုံးမှုရှိတယ်လို့ ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့(ဒီဇင်ဘာ ၁၅ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ် ကွမ်းအုံးကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ၆ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ PDF တပ်ရင်း (၃၅၀၄)က ထုတ်ပြန်ထားပါတယ်။