Connect with us

Hi, what are you looking for?

ကဗျာ

ခင်မေရီ အမေကိုသတိရ၏ အရက်ကြိုက်တတ်သော အဖေကိုလွမ်း၏ ညီငယ် ညီမငယ်များကို‌ ပြေးတွေ့ချင်၏ ချစ်သူကိုတမ်းတ၏ ခွေးကလေးကို‌ ပွေ့ဖက်ထားချင်၏ သမီးလေး၏ပါးပြင်ကို ဖွဖွလေးနမ်းချင်၏ ခြေတဖက်ပြတ်ရ၏ လက်တဖက်ကို စွန့်ရပြန်၏ နားထင်ထောင့်က ကျည်ဆန်တို့ ဟားတိုက်ရယ်မောကုန်၏ ခန္ဓာကိုယ်တခု သေတ္တာတလုံးသာလို၏ အဖြစ်အပျက်တို့ကားမြန်ဆန်လွန်း၏ နှောင့်နှေးခြင်းတို့ နတ္ထိ။ ဝေးကွာခြင်းတို့အစီအစဉ်တကျ...

ဝတ္ထုတို

အဖိုးကြီးက သေရွာပြန်ပါ…။ သေရွာကနေ အဖိုးကြီးပြန်လာတာ တကြိမ်လည်းမက နှစ်ကြိမ်လည်းမကပါဘူး။ အကြိမ်ပေါင်းများစွာ သေရွာက ပြန်လာနိုင်ခဲ့တဲ့အဖိုးကြီးပါ။ ဒီရက်ပိုင်းမှာ ကျ​နော်ဟာ အဖိုးကြီးကို ထူးထူးခြားခြား သတိရနေမိပါတယ်။ ဒီနေရာမှာ အဖိုးကြီးလို့ ဘာလို့ခေါ်ရသလဲဆိုရင် ကျ​နော်တို့တပ်ဖွဲ့ထဲကို သူရောက်လာခဲ့တာ လွန်ခဲ့တဲ့ (၂၀၂၂) အစောပိုင်းကာလကတည်းကဖြစ်ပါတယ်။ တပ်ဖွဲ့ကိုဝင်လာတဲ့အချိန်ကလည်းစောသလို တပ်ဖွဲ့ဝင်တွေထဲမှာ...

ဝတ္ထုတို

သားရေ...၊ ဂူဂူးရေ...။ အခုချိန်ဆို မင်း ဘယ်တွေ ရောက်နေမှာလဲကွာ။ အရင်က ဒီနေရာ တဝိုက်ဟာ ဂန္ဓမာ အဖြူ၊ အဝါတွေနဲ့ ဖုံးလွှမ်းနေတဲ့ တောင်ကုန်းကြီးလေ။ ပန်းခင်းကြီးထဲမှာ ပြေးလွှားနေတဲ့ မင်းကို ငါ ခဏခဏ သတိရမိတယ်။ အခုတော့ ပန်းခင်းတွေလည်း မရှိတော့ဘူး။ မင်းလည်း...

ကဗျာ

စာသင်ခန်းမှာ လွယ်အိတ်လေးချန်ပြီး ကျနော် အိမ်ကို ပြန်လာခဲ့ပါတယ် အမေ။

ကဗျာ

◼️Khinssoeဆယ်နှစ်လရာသီ ပွဲလမ်းသဘင်တွေနဲ့လေချွန်သံ တအေးအေးသီချင်း‌တကြော်ကြော် အော်ဟစ်ဆိုလို့… ခုကျ ကိုယ့်လယ်ကိုယ့်ယာ ထွန်ကြောင်းမဖြောင့်ဘူးတုတ် ဓား တရွင်း လေးခွ ကိုင်တတ်ပေမယ့်မဟုတ် မတရား မလုပ်တတ်ကြဘူး (အဟုတ် တရား ဟောတတ်ကြသူတွေပဲ….ဒုက္ခကို လှည်းကိုးစီးတိုက်မကုန်ပေး) ကျွဲနှစ်ကောင် စီအောင် ဘဖေတို့ ကျောင်းခဲ့ပေလည်းဘဖေတို့ ရွာသားအများ မြက်မြေဇာအခက်ပွေရတာက ရွာသူရွာသားအမျက်က...

ဝတ္ထုတို

ငြိမ်းကိုငြိမ်း ၁။ ဒီတနှစ်မိုးကတော့ ကောင်းဆဲ။ တောင်ပေါ်ဒေသလည်းဖြစ်တာမို့ ရွာရင်လည်း လေးငါးရက်ဆက်တိုက် မစဲတော့။ တခါတရံ နေကျဲကျဲပူတာမို့ ကျောင်းကို ထီးမယူဖြစ်တော့ဘဲ သွား​မိတဲ့အခါမျိုး ရှိဖူးတယ်။ တောင်ပေါ်မိုးက အစိုးမရရယ်။ နေကျဲကျဲပူရာက ချက်ချင်းဆိုသလို အုံ့ဆိုင်းမှုန်မှိုင်းလာပြီး ဗြုန်းဆို မစဲဘဲ သည်းသည်းထန်ထန်ရွာချတတ်တာမျိုး။ အထူးသဖြင့် ကျောင်းဆင်းချိန်...

ကဗျာ

◾ခွန်းနီအလင်းတွေလျှံကျနေတယ်လို့အိမ်မက်တွေခဏ ခဏ မက်တယ်တကယ်တမ်းမှာတော့ငါတို့အိမ်မက်တွေအပေါ်သွေးတွေပဲအန်ကျနေတာ။ တစ်ချိန်ကလမ်းမညများငါလွမ်းမိတယ်လသာသာညများလမိုက်မိုက်ညများငါတကယ်ပိုင်ဆိုင်ခဲ့ဖူးတဲ့ညများအဲ့ဒီ့ညများစွာကိုလွမ်းတယ်။ အခုတော့ညတွေဟာတစ်ထပ်တည်းတပုံစံတည်းပဲမပျော်ပဲငါအိပ်ခဲ့ရမအိပ်လည်း ငါမပျော်ခဲ့ရပါဘူး။ ဘဝရော အသက်ရောပြောင်းရင်းထဲထိုးထည့်လို့သေနတ်ပြောင်းဝကိုပဲငေးနေမိတယ်အရိပ်ဆိုးတွေမြင်ရသမျှငါ့သေနတ်ကအလင်းတွေဖြာကျရအုံးမယ်။ ။ (The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘ခွန်းနီ’ ရေးဖွဲ့တဲ့ “ ​ညများ” ကဗျာကို People’s Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို “...

ဝတ္ထုတို

​မောင်သုည (ရှပ်ပုံသား​လေး) (၁) သာတချီ မှိန်တလှည့် အသက်ရှူကြပ်နေသော လရောင်အောက် လွတ်နိုင်သမျှလွတ်အောင် ပြေးရင်း ညောင်ပင်ကြီးဆီရောက်လာသည်။ ထိုညောင်ပင်အောက်ကို တိုးဝင်သွားသောအရိပ်တခုကြောင့် ကျီးမဲတအုပ်သည် တထိတ်တလန့် ဖရိုဖရဲ ထပျံသန်းသွားကြ၏။ ”အမေ့သားလေး ” အမေ ဆက်ပြေးလိုက်သည်။ ဗွက်အိုင်ထနေသော ရေမျက်နှာပြင်လမ်းမပေါ်က လဆန်း၏လခြမ်းသည် လှုပ်ခတ်ကျန်ခဲ့လေတော့သည်။...

ကဗျာ

◾လူနော်၁။ရာမွန်မှောင်မိုက်နေတဲ့အဲဒီလမ်းကြားလေးထဲ ဝင်ချင်တယ်မိုးရေတွေထဲ ဝင်တိုးချင်တယ်စွန်းပေနေတဲ့အဝတ်တွေ ဝတ်ဖူးချင်တယ်ပေါ်ပီပန်းလေး တပွင့်ဖြစ်ဖြစ် အိပ်ကပ်ထဲ ပွင့်ချင်တယ်ရာမွန်ရေကျနော် ထွက်ပြေးနေတယ်ခြေလှမ်းတွေ သက်တမ်းတိုးဖို့လူသူကင်းမဲ့ အဟောင်းဆိုင် တစ်ခုဆီ မောင်းပို့ပေးပါ ၂။ရှေ့က ဆိုင်ကယ် တားပေးပါခွင့်ပြုပါအိတ်ဇောငွေ့ ၅၀၀ဖိုးလောက် ဝယ်ချင်တယ်ကျနော်ယမ်းနံ့ ရချင်လို့ ၃။သေနတ် တစ်လက်၊ ဦးထုပ် တစ်လုံးသွေးရေကြည် တစ်ပုလင်းလိုမယ်ထင်တာတွေ အစုံထည့်ပေးအဖိုးအခ...

ဝတ္ထုတို

မိုးတွေက သည်းကြီးမည်းကြီး ရွာနေ၏။ ဘယ်အငြိုးနဲ့ ရွာရက်လေသည် မသိ။ ရွာနေသည်မှာ နှစ်နာရီကျော် ရှိပြီ။ ဇရပ်ပေါ်မှာ တကိုယ်တည်း အားကိုးရာမဲ့နေသော ကျနော် ခိုက်ခိုက်တုန်နေ လေပြီ။

ကဗျာ

တောထဲနေနေ၊ မြို့ပေါ်ရောက်ရောက် ရဲဘော်တွေရဲ့မပြောင်းလဲသွားတဲ့အရာတခုက လက်သုတ်ပဝါလေး တထည်ပါပဲ။

ရသစာတမ်းငယ်

ဒီကနေ့မှာပဲ “သေခြင်းရဲ့ရနံ့”ဆိုတဲ့ ဆရာငြိမ်းအေးအိမ်ရဲ့စာအုပ်တအုပ် ကျနော်ဖတ်ဖြစ်ခဲ့တယ်။ စာအုပ်ရဲ့ စာမျက်နှာတဝက်ကျော်လောက်ရောက်တော့ ကျနော် ဖေဖေ့ကို သတိရတော့တာပဲ။ အခုမှ သတိရတာလားလို့ မေးရင်တော့ ကျနော်မညာချင်ပါဘူး။ တိုက်ဆိုင်မှုတချို့နဲ့ တခါတလေကလွဲလို့ ဖေဖေ့ကို ကျနော်သတိမရတတ်ဘူး။ တနည်းအားဖြင့် သတိမရမိအောင်လည်း နေပါတယ်။

ကဗျာ

■​အောင်​စေ​နွေဦး ဝါလကင်းလွတ်သီတင်းကျွတ်…တဲ့၊ ​သေနတ်သံ ဗုံးသံ​လောက်မှ မကျယ်​လောင် ရင်ဘာလို့ ​​ဗျောက်အိုး​ဖောက်​နေ​တော့မလဲ၊ရှူးဒိုင်း ဆိုတာလည်းအ​မြောက်သံနဲ့ ယှဥ်ရင်ရယ်စရာ​ပေါ့၊ မီးပန်း ကလွင့်တဲ့ မီးပွားမဟုတ်ဘူးအဲတာ အိမ်တိုင်ကို မီး​လောင်​နေတာ၊ တရွာလုံး တရပ်လုံးမီးဟုန်းဟုန်း​တောက် ​နေပြီးမှဖ​ယောင်းတိုင်က ထွန်းစရာလို​သေးလိုလား။ သီတင်းကျွတ်ကျွတ် မကျွတ်ကျွတ်အပူမီးက​တော့ ရွာလုံးကျွတ်ပဲ။

Facebook