Hi, what are you looking for?
နိုင်ငံတကာအပယ်ခံ ဘဝကနေ လွတ်ချင်တာကြောင့် ကိုယ်တိုင်ခန့် သမ္မတ မင်းအောင်လှိုင်ဟာ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်းတို့လို နိုင်ငံတွေနဲ့ ဆက်ဆံရေးကို ကြိုးကြိုးစားစား မြှင့်တင်နေပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာရှင်ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေ၊ ဒီမိုကရေစီ လိုလားတဲ့...
ငလျင်ကြောင့် အက်ကွဲကြောင်းကြီးတွေ ဖြစ်ပေါ်နေတဲ့ မန္တလေး၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်းနဲ့ မနီးမဝေးမှာ အနည်းငယ် ယိုင်နဲ့နေတဲ့ နှစ်ထပ်သွပ်မိုးထရံကာ အိမ်လေးတလုံးရှိတယ်။ အဲဒီအိမ်လေးဟာ ငလျင်ကြောင့် ယိုင်နဲ့သွားတာဖြစ်ပြီး လက်သမားခေါ်ကာ ပြုပြင်ထားရတယ်လို့ အိမ်ရှင်ဖြစ်တဲ့ ကိုဘမြင့်(အမည်လွှဲ)က ပြောတယ်။
ဒီနေ့ မွန်းလွဲ ၁၂နာရီ၅၀မိနစ်တိတိကို ထိတ်လန့်ကြောက်ရွံ့စိတ်နဲ့သတိရနေမယ့်သူ မြန်မာနိုင်ငံမှာ သိိန်းချီရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရတော့ လူ ၄ ဒသမ ၃ သန်းကျော်ဟာ ရုတ်တရက် ခိုကိုးရာမဲ့သွားတယ်လို့ ဆိုပါတယ်။ ဒါဟာ ရန်ကုန်မြို့မှာ နေထိုင်သူ လူဦးရေ ခြောက်သန်းရဲ့သုံးချိုး နှစ်ချိုးမက ရှိပါတယ်။