သတင်း ယင်းမာပင်နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင် ကလေးငယ်တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။ LuduNwayOoဩဂုတ် 16, 2023
သတင်း ပြည်သူ့အသက်နှင့် ရင်းပေးဆပ်ထားရသည့်ခုခံတော်လှန်စစ်၏ တာဝန်ဝတ္တရာများကို အလေးထားထမ်းဆောင်ရန် ယာယီသမ္မတတိုက်တွန်း စစ်အာဏာရှင်စနစ်အမြစ်ပြတ် ချေမှုန်းရေးအတွက် ခုခံတော်လှန်စစ် ဆင်နွှဲနေရသကဲ့သို့ တစ်ဖက်တွင်လည်း စစ်ကောင်စီ၏ ထိုးစစ်ကြောင့် နေ့စဉ်နီးပါး စစ်ဘေးရှောင်လူထု အရေ အတွက် များပြားလာနေသည်ဟု ယာယီသမ္မတက ပြောသည်။ LuduNwayOoဩဂုတ် 15, 2023
သတင်း ဆယ်ဇင်းအနီးတိုက်ပွဲ လေကြောင်းဗုံးမှားကြဲ၍ စစ်ကောင်စီလက်အောက်ခံရှမ်းနီတပ် သေဆုံးထိခိုက်များဟုဆို ဖားကန့် - တာမခန်လမ်းရှိ ကသိုဏ်းတောင် စစ်ကောင်စီတပ်စခန်းကို KIAက ယခု ဩဂုတ်အတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ဆယ်ဇင်းဒေသ၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က အထိနာခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်တို့က ပြောသည်။ LuduNwayOoဩဂုတ် 15, 2023
သတင်း မြေစာပုံပြိုကျရာမှာပါသွားသူတွေထဲက ၂၅ ဦးရဲ့ ရုပ်အလောင်းများပြန်တွေ့ ဒီနေ့တစ်နေ့လုံးရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရာ ညနေ ၅ နာရီဝန်းကျင်ထိ အမျိုးသား ရုပ်အလောင်း ၂၅ လောင်းတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။ LuduNwayOoဩဂုတ် 15, 2023
သတင်း မြေပြိုမှုများကြောင့် မတူပီ – ဟားခါးလမ်းပိုင်း သွားလာခြင်းမပြုရန် CDF မေတ္တာရပ်ခံ မတူပီ -ဟားခါးလမ်း ၊ လုံလှော် -ဇကမ်းအကြား ကားလမ်းမ မြေပြိုမူ့များနေကြောင်း CDFက ထုတ်ပြန်ခဲ့ပြီး မြေပြိုမူ့နေရာများအား ခရီးသွားလားခြင်းမပြုလုပ်ရန် မေတ္တာရပ်ခံသည်။ LuduNwayOoဩဂုတ် 15, 2023
သတင်း ညနေခင်းသတင်းလွှာ ဒီနေ့ (ဩဂုတ် ၁၅ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။ LuduNwayOoဩဂုတ် 15, 2023
သတင်း ဘုတလင်တွင် နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိ စစ်ကောင်စီတပ်သည် မောင်းထောင်ကျေးရွာမှ ဒေသခံပြည်သူ နှစ်ဦးအပါအဝင် ၁ဝဦးခန့် ဖမ်းဆီးကာ ယနေ့(သြဂုတ် ၁၅ရက်)တွင် ဘုတလင်မြို့ပေါ် ပြန်လည်ဝင်ရောက်သွားကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoဩဂုတ် 15, 2023
သတင်း မြဝတီနယ် လက်ခတ်တောင်တိုက်ပွဲ စစ်ကောင်စီတပ်လေကြောင်း ပစ်ကူပေး စစ်ကောင်စီတပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုမှအပ မြေပြင်စစ်ရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဟု သတင်းရင်းမြစ်က သုံးသပ်သည်။ LuduNwayOoဩဂုတ် 15, 2023
သတင်း ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ရိက္ခာဂိုဒေါင် စီးနင်းတိုက်ခိုက်ခံရ စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ - လွိုင်ကော်၊ဆီဆိုင် - လွိုင်ကော်၊လွိုင်ကော် - ရှားတောနှင့် ဒီးမော့ဆို - ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေသည်။ LuduNwayOoဩဂုတ် 15, 2023
သတင်း ဖားကန့်မြေစာပုံပြိုကျမှု ရုပ်အလောင်း ၆ လောင်းပြန်ပေါ်လာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ သြဂုတ်လ ၁၃ ရက် ညနေပိုင်း ၃ နာရီခွဲဝန်းကျင်က မနရွာ မှာ မြေစာပုံပြိုကျပြီး ရေမဆေးကျောက်ရှာဖွေသူတွေပါသွားတာပါ။ LuduNwayOoဩဂုတ် 15, 2023