Connect with us

Hi, what are you looking for?

သတင်း

အိန္ဒိယ ဘက်ကနေဝင်လာတဲ့ စစ်တပ်နဲ့ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်လို့ အထိနာပြီး ပြန်ပြေး

အိန္ဒိယ- မြန်မာနယ်စပ်မှာစစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်တွေကအိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မတော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

(၂၀၂၃ နိုဝင်ဘာလက စစ်တပ်လက်​အောက်ခံရှမ်းနီတပ်၊ကသည်းတပ်အပါအဝင်ပူး​ပေါင်းတပ်​တွေရဲ့ တမူးမြို့နယ်ရှိစခန်းတစ်ခုကို KNA-B အပါအဝင်​တော်လှန်​ရေးတပ်​တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့စဥ်။ဓါတ်ပုံ-KNA-B)

​အောက်တိုဘာ-၂၁၊၂၀၂၆။အိမ်သွင်/People’s Spring

အိန္ဒိယ- မြန်မာနယ်စပ်မှာစစ်ကောင်စီ၊ ရှမ်းနီ၊ ကသည်းနဲ့နာဂပူးပေါင်းတပ်တွေကအိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ကူကီးအမျိုးသားတပ်မတော်(KNA-B )နဲ့ ပူးပေါင်းတပ်တွေကခုခံတိုက်ခိုက်ရင်းတိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဦးဆောင်ပြီး ရှမ်းနီတပ်(SNA)၊ နာဂတပ်(NSCN-IM)နဲ့ ကသည်းတပ်တွေ ပါဝင်တဲ့စစ်ကြောင်းက နှစ်နိုင်ငံနယ်စပ်အနီးက ဖိုင်ရန်ကျေးရွာကို အောက်တိုဘာ၂၀ ရက်နေ့မ‌နက်အစောပိုင်းမှာဝင်ရောက်လာပြီး စစ်ကြောင်းထိုးမီးရှို့တဲ့အတွက် တိုက်ခိုက်ခဲ့တာလို့ တော်လှန်ရေးရဲဘော်တဦးကပြောပါတယ်။

“အဲဒီစစ်ကြောင်းမှာ စစ်ကောင်စီနဲ့အတူ ရှမ်းနီ၊ကသည်း၊နာဂတပ်တွေပါတယ်။တမူးမြို့နယ်ထဲက မင်းသာစခန်းကနေထွက်လာတာ။ နယ်စပ်က‌နေ ကျော်ဝင်လာပြီး အိမ်တွေကိုမီးရှို့တယ်။တိုက်ပွဲမှာသူတို့ဘက်က ၄ယောက်သေတယ်။ ဒဏ်ရာရတာလည်းများတယ်။ နယ်စပ်ထိပြန်မောင်းထုတ်တော့ အခုငြိမ်နေတယ်”လို့ ဒေသခံသတင်းရင်းမြစ်တဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

ကူကီးအမျိုးသားတပ်မတော်(KNA-B )ဟာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့တွေ၊ တော်လှန်ရေးမဟာမိတ်တပ်တွေနဲ့နဲ့ပူးပေါင်းပြီး အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပါတယ်။

နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN (National Socialist Council of Nagaland)ဟာ နာဂလူမျိုးများနေထိုင်ရာ ဒေသအားလုံးကို ပေါင်းစည်းပြီးအချုပ်အခြာအာဏာပိုင်အဖြစ် သီးခြားနိုင်ငံ ထူထောင်ဖို့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။အဖွဲ့တွင်းသဘောထားကွဲလွဲမှုတွေကြောင့် အဓိကအားဖြင့်NSCN-IM နဲ့ NSCN-K စတဲ့ အဖွဲ့ခွဲတွေအဖြစ် ကွဲထွက်ခဲ့ပါတယ်။ NSCN-IM ဟာစစ်တပ်နဲ့ပူးပေါင်းနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနဲ့ အိန္ဒိယနိုင်ငံဟာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊စစ်ကိုင်းတိုင်းတို့နဲ့ ၁၀၂၁ မိုင်ခန့် ထိနယ်စပ်ဆက်စပ်နေပါတယ်။ နယ်စပ်‌တလျှောက်မှာ အိန္ဒိယအစိုးရကို တော်လှန်နေတဲ့ နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့တွေရှိနေပါတယ်။နာဂနဲ့ကသည်းလက်နက်ကိုင်အဖွဲ့အချို့ဟာ စစ်တပ်နဲ့ပူးပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ခိုက်တာတွေရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် အသိပေးထားပါတယ်။

တမူးခရိုင်မှာ မြို့သစ်မြို့နဲ့ ခမ်းပတ်မြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက သိမ်းပိုက်ခဲ့ပြီး ဒေသတွင်းတိုက်ပွဲတွေမှာ ကသည်းတပ်ဖွဲ့ဝင်ရုပ်အလောင်းတွေရရှိခဲ့ဖူးလို့ အမျိုးသားညီညွတ်ရေးအစိုးရက အိန္ဒိယအစိုးရထံတရားဝင်လွှဲပြောင်းပေးခဲ့ဖူးပါတယ်။ စစ်ကောင်စီဦးဆောင်တဲ့တပ်တွေက အိန္ဒိယနိုင်ငံဘက်ခြမ်းကနေဝင်လာပြီး စစ်ကြောင်းထိုးလာတာနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မယ်ဆိုတာမသိရသေးဘူးလို့ တော်လှန်ရေးရဲဘော်အချို့ကပြောပါတယ်။

ဆက်စပ်သတင်းများ