Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း သမ္မတကို ရုရှားနဲ့ သဘောတူညီမှုတစ်ခုခု ညှိနှိုင်း ရယူစေချင်တယ်လို့ ထရမ့်ပြော

ယူကရိန်း အစိုးရ အနေနဲ့ ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု ရယူတာမျိုး ဖြစ်စေချင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ယူကရိန်း အစိုးရ အနေနဲ့ ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု ရယူတာမျိုး ဖြစ်စေချင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

၂၀၂၂ ခုနှစ်မှာ စတင်ခဲ့တဲ့ ကျူးကျော်စစ်ကို ရုရှားက အရှိန်မြှင့်ပြီး ဆက်လက် ဆင်နွှဲနေချိန်မှာပဲ ထရမ့်က ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီး အနေနဲ့ ရန်သူနဲ့ ညှိနှိုင်းသင့်ကြောင်း ပိုမို ဖိအားပေး တောင်းဆိုလာတာလည်း ဖြစ်ပါတယ်။

အခုလထဲမှာ ထရမ့်က ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပြီး ရုရှားဆီက ဒီဇယ်ဆီတွေ တင်သွင်း ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဇီလန်စကီးက ဝေဖန်ခဲ့ပါတယ်။ ဒီအခြေအနေကြောင့် အမေရိကန်နဲ့ ယူကရိန်း အစိုးရတွေကြား တင်းမာမှု တချို့လည်း ရှိခဲ့ပါတယ်။

အောက်တိုဘာ ၂၀ မှာတော့ ဇီလန်စကီးဟာ နော်ဝေးနိုင်ငံ၊ အော်စလိုမြို့မှာ ထရမ့်စေလွှတ်တဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အစောပိုင်းတုန်းက ယူကရိန်းဆီ ရုရှားရဲ့ တိုက်ခိုက်မှုတွေကို အမေရိကန်က ကြိုတင် သတိပေးတဲ့စနစ်ဟာ ယာယီ ရပ်တန့်နေခဲ့ပေမယ့် အဲဒီဆွေးနွေးပွဲ အပြီးမှာ ပုံမှန် ပြန်အလုပ်လုပ်နေပြီလို့လည်း ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တစ်ဖက်မှာတော့ အိမ်ဖြူတော်မှာ ရှိနေတဲ့ ထရမ့်က သူဟာ ဇီလန်စကီးနဲ့ ရုရှားအစိုးရကြား သဘောတူညီမှု တစ်ခုခု ရယူတာမျိုးကို မြင်ချင်မိကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။ တကယ်ဆိုရင် လွန်ခဲ့တဲ့ ၂ နှစ်၊ အိမ်ဖြူတော်မှာ သူနဲ့ စကားပြောခဲ့ချိန် ကတည်းက ဇီလန်စကီး အနေနဲ့ သဘောတူညီမှု တစ်ခုခုရအောင် စဉ်းစားခဲ့သင့်ကြောင်းလည်း ထရမ့်က ဆိုပါတယ်။

မနှစ်က ဖေဖော်ဝါရီလတုန်းက ထရမ့်၊ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်နဲ့ ဇီလန်စကီးတို့ဟာ အိမ်ဖြူတော်ရဲ့ ဘဲဥပုံ ရုံးခန်းထဲမှာ ဆွေးနွေးကြရင်း နှစ်ဖက် စကားအခြေအတင်တွေ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဇီလန်စကီးက အဲဒီကိစ္စကို ပြန်လည်တောင်းပန်ခဲ့ပြီး နှစ်ဖက် ဆက်ဆံရေးကို ကုစားခဲ့ပါတယ်။

ထရမ့်ကတော့ ဇီလန်စကီး ကိုယ်တိုင်လည်း ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု ရယူဖို့ ပြောင်းလဲ စဉ်းစားလာမယ် ထင်ကြောင်း၊ စစ်ပွဲရဲ့ဒဏ်ကို ယူကရိန်း ပြည်သူတွေကလည်း ဆက်ပြီး တောင့်ခံဖို့ မလွယ်တော့ကြောင်း အောက်တိုဘာ ၂၀ ရက်နေ့မှာ မှတ်ချက်ပေးခဲ့ပါတယ်။

ဇီလန်စကီးကတော့ ရုရှားနဲ့ စစ်ပြေငြိမ်းရေး ဆွေးနွေးဖို့ ဖြစ်နိုင်ခြေကို လမ်းဖွင့်ပေးထားပေမယ့် စစ်ပွဲကို ရပ်ဆိုင်းဖို့ ယူကရိန်း နယ်မြေတွေကို စွန့်လွှတ်ပေးရမယ်ဆိုတဲ့ အပေးအယူမျိုးကိုတော့ လက်မခံနိုင်ကြောင်း ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် အာဏာရလာပြီးနောက်ပိုင်း ဗီဇာပေါင်း ၃၀၀၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး အကျပ်အတည်း ကြုံနေတဲ့ ပြင်သစ်ရဲ့ အခြေအနေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အရွှန်းဖောက် နောက်ပြောင်သွားပါတယ်။

သတင်း

အမေရိကန်ရဲ့ ကြားကာလ ရွေးကောက်ပွဲ နီးကပ်လာချိန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့်အပေါ် လူထုထောက်ခံနှုန်းဟာ စံချိန်တင် ကျဆင်းလာနေတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

နောက်လထဲမှာ တရုတ်၊ ရုရှား သမ္မတတွေနဲ့ တွေ့ဆုံပြီး သုံးပွင့်ဆိုင် လက်နက် ထိန်းချုပ်ရေးကိစ္စ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။