Connect with us

Hi, what are you looking for?

သတင်း

ယင်းမာပင်နယ်တွင် စစ်တပ်ပစ်ခတ်မှုကြောင့် စစ်ရှောင် ကလေးငယ်တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။

(လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ။ ပုံအဟောင်း ဖြစ်ပါသည်။)
(လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ။ ပုံအဟောင်း ဖြစ်ပါသည်။)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(သြဂုတ် ၁၅ ရက်) နေ့လယ် ၂ နာရီခန့်​က ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှထွက်ခွာလာပြီး ပုသိမ် – မုံရွာလမ်းပေါ်ရောက်ရှိလာသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေကုန်းကျေးရွာရှိ ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

Public Service Announcement
Public Service Announcement

“ပုသိမ် – မုံရွာကားလမ်းလေး၌ စစ်ရှောင်နေရသော (၉)နှစ်သားအရွယ် မောင်ကျော်သီဟ နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ငါးယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်”ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ဆိုသည်။

အလားတူ နေ့လယ် ၁၂ နာရီခွဲခန့်​ကလည်း စစ်ကောင်စီတပ်စွဲရာ အောင်ဇေယျတောင်ကုန်းမှလက်နက်ကြီးပစ်ခတ်မှုကြောင့် (၆၀)အရွယ်အမျိုးသမီး တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ အာရက္ခပြည်၊ သံတွဲမြို့ရှိ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်ရာကျေးရွာတွေကို အာဏာသိမ်းစစ်တပ်ကလေကြောင်း တိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေကြောင်း AAက ထုတ်ပြန်ခဲ့ပြီး မနေ့က ရွှေလှေကျေးရွာ ဗုံးကြဲမှုမှာ ကလေးငယ်အပါအဝင် ပြည်သူ ၄ဦးသေဆုံးခဲ့ကြောင်း ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တောင်သာမြို့က စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်တွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။