စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးပြီး ပြည်သူခြောက်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့(သြဂုတ် ၁၅ ရက်) နေ့လယ် ၂ နာရီခန့်က ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကြေးနီစီမံကိန်းမှထွက်ခွာလာပြီး ပုသိမ် – မုံရွာလမ်းပေါ်ရောက်ရှိလာသော စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေကုန်းကျေးရွာရှိ ကလေးငယ်တစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

“ပုသိမ် – မုံရွာကားလမ်းလေး၌ စစ်ရှောင်နေရသော (၉)နှစ်သားအရွယ် မောင်ကျော်သီဟ နေရာတင်ပွဲချင်းပြီးသေဆုံးပြီး ပြည်သူ ငါးယောက်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်”ဟု စစ်ကိုင်းပြည်သူဖေးမကူကွန်ရက်အဖွဲ့က ဆိုသည်။
အလားတူ နေ့လယ် ၁၂ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်စွဲရာ အောင်ဇေယျတောင်ကုန်းမှလက်နက်ကြီးပစ်ခတ်မှုကြောင့် (၆၀)အရွယ်အမျိုးသမီး တစ်ဦးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က အသိပေးသည်။
ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် ကျေးရွာအများအပြားရှိနေပြီး စားနပ်ရိက္ခာများလိုအပ်နေသည်။

Public Service Announcement
