Connect with us

Hi, what are you looking for?

သတင်း

မြဝတီနယ် လက်ခတ်တောင်တိုက်ပွဲ စစ်ကောင်စီတပ်လေကြောင်း ပစ်ကူပေး

စစ်ကောင်စီတပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုမှအပ မြေပြင်စစ်ရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဟု သတင်းရင်းမြစ်က သုံးသပ်သည်။

(ကရင်ပြည်နယ်၌ တိုက်ခိုက်ရန်ပျံသန်းနေသော စစ်ကောင်စီလေယာဥ်တစ်စင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)
(ကရင်ပြည်နယ်၌ တိုက်ခိုက်ရန်ပျံသန်းနေသော စစ်ကောင်စီလေယာဥ်တစ်စင်းအား တွေ့ရစဥ်။ ဓာတ်ပုံ - ကော်ဘရာစစ်ကြောင်း)

▪️စစ်ကောင်စီတပ် ယနေ့ထိုးစစစ်ကြောင်းနှစ်ကြောင်း ပြန်ဆုတ်သွား၊ စစ်ကြောင်းတစ်ခုသာ ကျန်ဟု သတင်းရင်းမြစ်ပြော

ကရင်ပြည်နယ် မြ၀တီမြို့နယ် လက်ခတ်တောင်ဒေသ၌ ယနေ့နံနက်ကစ၍ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ကူပေးတိုက်ခိုက်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သတင်းရင်းမြစ်က ပြောသည်။

ယနေ့(ဩဂုတ် ၁၅ရက်) နံနက် ၅နာရီခန့်တွင် စစ်ကောင်စီနှင့် နယ်ခြားစောင့်တပ်(BGF) ပူးပေါင်းပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့သိမ်းယူထားသည့် လက်ခတ်တောင်ဒေသကို ပြန်လည် ရယူရန် ထိုးစစ်ဆင်လာ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူ အမြောက်အများသုံးထိုးစစ်ဆင်လာပြီး လေကြောင်းပစ်ကူလည်း လာရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

“အခုတော့ ချနေတုန်းပဲ။ သူတို့ ပြောတာတော့ လေယာဉ်သုံးစီးတော့လာတယ်။ တိုက်လေယာဉ်နဲထင်တယ်။ အထိအခိုက် တော့မကြားသေးဘူး။ သူတို့ ထိုးလာတဲ့ စစ်ကြောင်း သုံးကြောင်း မှာ နှစ်ကြောင်းတော့ ပြန်ဆုတ်ပြီ။ ပြန်ပြီးတော့ ဘယ်လိုလုပ်မလဲတော့ မပြောတက်ဘူး”ဟု KNU သတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်စစ်ကြောင်းများ ပြန်လည်ဆုတ်ခွာသွားခြင်းမှာ တော်လှန်ရေးတပ်ဖွဲ့များဘက်က အသာရ၍ဟုဆိုနိုင်ကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုမှအပ မြေပြင်စစ်ရေးတွင် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဟု သတင်းရင်းမြစ်က သုံးသပ်သည်။

လက်ခတ်တောင်စစ်ကောင်စီစခန်းကို KNUဦးဆောင်သည့် ပူးပေါင်းတပ်က ဇူလိုင် ၂၁ရက်တွင် တိုက်ခိုက်သိမ်းပိုက်ထားခြင်းဖြစ်သည်။ စစ်ကောင်စီက ဇူလိုင် ၂၄ရက်ကစ၍ ပြန်လည်ထိုးစစ်ဆင်လျက်ရှိရာ တိုက်ပွဲ ၁၀ကြိမ်ထက်မနည်းဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်မှုများပြားခဲ့သည်။

ယနေ့နံနက်တွင်မူ ယခင်ထက် အင်အားဖြည့်တင်းပြီး လက်နက်ကြီးပစ်ကူအလွန်အကျွံသုံး၍ ထိုးစစ်ဆင်လာခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။