Connect with us

Hi, what are you looking for?

သတင်း

ထိုင်း – မြန်မာနယ်စပ်ရှိ စစ်ကောင်စီ ရိက္ခာဂိုဒေါင် စီးနင်းတိုက်ခိုက်ခံရ

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတောနှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေသည်။

(သိမ်းဆည်းရရှိသော လက်နက်ခံယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KA Battalion No.2)
(သိမ်းဆည်းရရှိသော လက်နက်ခံယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - KA Battalion No.2)

▪️စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိဟု ကရင်နီတပ်ရင်း(၂) ပြော

ထိုင်း – မြန်မာနယ်စပ်တစ်နေရာရှိ စစ်ကောင်စီ၏ ရိက္ခာဂိုဒေါင်ကို စီးနင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရရှိကြောင်း ကရင်နီတပ်မတော်(KA)တပ်ရင်း – ၂ က ထုတ်ပြန်သည်။

သြဂုတ် ၁၃ ရက်က ကရင်နီ(ကယား)ပြည်နယ်၏ နယ်စပ်၌ရှိသော စစ်ကောင်စီ၏ ရိက္ခာဂိုဒေါင်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။ တိုက်ခိုက်ခဲ့သော ရိက္ခာဂိုဒေါင်တည်နေရာအား မေးမြန်းခဲ့သော်လည်း ကရင်နီတပ်မတော် တပ်ရင်း (၂)တာဝန်ရှိသူက လုံခြုံရေးအရ ပြောဆိုခြင်း မရှိပေ။

ဆက်သွယ်ရေးစက်ကြီးတစ်လုံးအပါအဝင် လက်နက်လေးလက်နှင့် ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့ကြောင်း အသိပေးသည်။

“သူတို့အထိနာလို့ မကျေနပ်သဖြင့် ဩဂုတ် ၁၄ရက် နံနက် ၃ နာရီအချိန်မှာ လေယာဉ်နဲ့ နှစ်ကြိမ်ပြန်လာကြဲခဲ့။ရဲဘော်နှစ်ဦး ဒဏ်ရာရသွားတယ်”ဟု ကရင်နီတပ်မတော် တပ်ရင်း (၂) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်ကောင်စီက မယ်စဲ့မြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေးအပါအဝင် ကယားပြည်နယ်ရှိ အဓိက လမ်းမကြီးများဖြစ်သော ဖယ်ခုံ – လွိုင်ကော်၊ဆီဆိုင် – လွိုင်ကော်၊လွိုင်ကော် – ရှားတောနှင့် ဒီးမော့ဆို – ဖရူဆို အစရှိသည့်လမ်းမကြီးများကို ထိန်းချုပ်နိုင်ရေး အပြင်းအထန်ထိုးစစ်ဆင်နေသည်။

ထို့ကြောင့် ယခုရက်သတ္တပတ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သေဆုံးမှုများစွာရှိနေပြီး ဖားဆောင်း၊ဒီးမော့ဆို နှင့် ဖရူဆိုတိုက်ပွဲများတွင် လက်နက်နှင့် ခဲယမ်းများ ကရင်နီတပ်ပေါင်းစုက သိမ်းဆည်းနိုင်ခဲ့သည်။

ထို့အတူ ကရင်နီတပ်ပေါင်းစုမှ ရဲဘော် ါးဦးထက်မနည်းမှာလည်း ဖားဆောင်းနှင့် ဒီးမော့ဆို တိုက်ပွဲများတွင် ကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင် တရုတ်နိုင်ငံကိုရောက်ရှိနေစဉ်မှာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်း တရုတ်နိုင်ငံဖက်ခြမ်းကမြန်မာဘက်ကိုတိုးပြီး နယ်စပ်ခြံစည်းရိုးကာနေတာကို အရှိန် မြှင့်လုပ်​​လာတယ်လို့ ဒေသခံတွေကဒီက​နေ့မနက်ပိုင်းမှာပြောပါတယ်။

သတင်း

လူမျိုးတုံးသတ်ဖြတ်တဲ့ နိုင်ငံတကာစစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်တပ်ကို လက်နက်အပါအဝင် နိုင်ငံခြားဝင်ငွေ ရရှိအောင် လုပ်ဆောင်ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို ရှုတ်ချကြောင်း နဲ့ စစ်တပ်ကို ကူညီပေးမှုတွေကို ရပ်တန့်ဖို့ Justice For Myanmar-JFM ကတောင်းဆိုလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...