Hi, what are you looking for?
အင်းစိန်ထောင်မှာ ထောင်အာဏာပိုင်တစ်ဦးက ထောင်တွင်းဘောလုံးပွဲသွားကြည့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အကြောင်းပြချက်မရှိပဲ အပြစ်ရှာ ရိုက်နှက်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ကအသိပေးထားပါတယ်။
မကွေးတိုင်း ပေါက်နဲ့ မြိုင်မြို့နယ်အစပ် ပါရာမော်တာပျက်ကျခဲ့တဲ့နေရာအနီး ဒီကနေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်တပ်စစ်ကြောင်းသေဆုံးထိခိုက်သူတွေရှိတာကြောင့် နောက်ပြန်ဆုတ်ခဲ့သလို ပေါ်တာဆွဲထားတဲ့ တပ်သားသစ် ၃ဦးလည်းလက်နက်နဲ့ အလင်းဝင်လာကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က သတင်းထုတ်ပြန်ပါတယ်။