Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို ရပ်ချင်ရင် အီရန်က ယူရေနီယမ် သန့်စင်မှုကို လျှော့ချရမယ်လို့ အမေရိကန် ဒုတိယ သမ္မတ သတိပေး

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

စစ်ပွဲကို အဆုံးသတ်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် ဓာတ်သတ္တု သန့်စင်မှုတွေကို အမေရိကန်က လက်ခံနိုင်လောက်တဲ့ အတိုင်းအတာ ပမာဏထိ လျှော့ချရလိမ့်မယ်လို့ အမေရိကန် သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က သတိပေး ပြောကြားခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ ဗန့်စ်က အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ အီရန် အစိုးရဟာ ယူရေနီယမ် သန့်စင်မှုတွေ လုပ်ဆောင်နေတာက နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ မဟုတ်ကြောင်း အကြိမ်ကြိမ် ပြောနေပေမယ့် ဘာကြောင့် လက်နက်ထုတ်နိုင်တဲ့ အဆင့်မျိုးထိ ယူရေနီယမ် သန့်စင်ဖို့ ကြိုးစားနေသလဲလို့ ဗန့်စ်က မေးခွန်းထုတ်ခဲ့ပါတယ်။

အလာစကာမှာ မဲဆွယ် ခရီးစဉ်အတွက် ရောက်ရှိနေသူ ဗန့်စ်က နျူကလီးယားကနေ စွမ်းအင်ထုတ်ဖို့ဆိုရင် ၆၀ ရာခိုင်နှုန်းအထက် သန့်စင်ထားတဲ့ ယူရေနီယမ်မျိုး မလိုအပ်ကြောင်း၊ တကယ်ပဲ နျူကလီးယားလက်နက်တွေ တည်ဆောက်ဖို့ အစီအစဉ် မရှိဘူးဆိုရင် နျူကလီးယား လောင်စာကို အရမ်းမြင့်တဲ့ အဆင့်မျိုးထိ မသန့်စင်သင့်ကြောင်း၊ ဒါဟာ အင်မတန် အခြေခံကျတဲ့ သဘောတရား တစ်ခုဖြစ်ကြောင်း ဗန့်စ်က ဆိုပါတယ်။

အီရန်ဟာ တကယ်ပဲ နျူကလီးယားလက်နက် တည်ဆောက်ဖို့ ဆန္ဒမရှိဘူးဆိုရင် ယူရေနီယမ် သန့်စင်မှုနဲ့ ပတ်သက်လို့ အဓိပ္ပါယ်ရှိတဲ့ အတိုင်းအတာ တစ်ခုခုမှာ ကန့်သတ်ပြဖို့ လိုလိမ့်မယ်လို့ ဗန့်စ်က သတိပေးသွားပါတယ်။

Public Service Announcement

Public Service Announcement

၇ လကျော် ကြာမြင့်လာတဲ့ စစ်ပွဲကို ရပ်တန့်ဖို့ဆိုရင် အီရန်ဟာ ယူရေနီယမ် သန့်စင်မှုတွေကို အမေရိကန် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာထိ လျှော့ချဖို့ မဖြစ်မနေ လိုအပ်လိမ့်မယ်လို့ ဗန့်စ်က ပြောပေမယ့် အီရန်ရဲ့ သဘောထားကို ခန့်မှန်းဖို့တော့ ခက်လိမ့်မယ်လို့ သူက ဝန်ခံသွားပါတယ်။

ဗန့်စ်ဟာ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရ အဖွဲ့ထဲမှာ ပြည်ပစစ်ပွဲတွေ ဆင်နွှဲမှုကို သဘောမတူသူ တစ်ဦးအဖြစ် လူသိများပါတယ်။ သူဟာ အီရန်နဲ့ စစ်ပြေငြိမ်းရေးကိစ္စ ညှိနှိုင်းမှုတွေမှာလည်း ဦးဆောင်ဦးရွက် နေရာက ပါဝင်ခဲ့ဖူးပါတယ်။ လက်ရှိ ညှိနှိုင်းမှုတွေမှာရော သူဟာ ဦးဆောင်နေရာက ပါဝင်နေသလားဆိုတဲ့ Reutersရဲ့ မေးခွန်းကိုတော့ ဗန့်စ်က မဖြေခဲ့ပါဘူး။

ဗန့်စ်ရဲ့ အင်တာဗျူး မတိုင်ခင် အစောပိုင်းတုန်းကတော့ လောလောဆယ် အီရန် အစိုးရကို ဘယ်သူက လက်တွေ့ ဦးဆောင်နေမှန်း မသိနိုင်တာက အဓိက ပြဿနာကြီး ဖြစ်နေတယ်လို့ ထရမ့်က မှတ်ချက်ပေးထားဖူးပါတယ်။ ဒါပေမဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အီစမေးလ် ဘက်ဂ်ဟိုင်းကတော့ အဲဒီစကားကို ပယ်ချခဲ့ပြီး အမေရိကန် အရာရှိတွေဟာ ဘယ်သူတွေနဲ့ ဆွေးနွေးဖို့ လိုတယ်ဆိုတာ တိတိကျကျ သိရှိထားကြောင်း တုံ့ပြန်သွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်မှာ နှစ်ကြိမ်တိုင် ဆေးထိုးပြီး ကွပ်မျက်ခံရပေမယ့် အသက်မသေတဲ့ သေဒဏ်ကျ အမျိုးသမီးဟာ အခုအခါ သတိပြန်လည်လာပြီး စကားပြောဆိုနိုင်တဲ့ အဆင့် ရောက်နေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

သူ့ကို မထောက်ခံတဲ့ အဓိက မြို့ကြီးတွေကို အီရန်က ဖျက်ဆီးရင်တောင် ခွင့်ပြုမယ်လို့ အဓိပ္ပါယ် နှစ်ခွထွက်တဲ့ စကားမျိုး ပြောခဲ့လို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ကိုအတိုက်အခံ ဒီမိုကရက် ပါတီအမတ်တွေက ဝေဖန်နေကြပါတယ်။

နိုင်ငံတကာ

အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံအတွက် ဒေါ်လာ ၁ ဘီလီယံဖိုး စစ်လက်နက် အစိတ်အပိုင်းတွေ ရောင်းချဖို့ အမေရိကန်က သဘောတူ ခွင့်ပြုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန် စစ်ဘက်နဲ့ လုံခြုံရေးဆိုင်ရာ ထိပ်တန်း အရာရှိတွေက စမတ် လက်ပတ်နာရီတွေ ဝတ်ဆင်နေတာနဲ့ ပတ်သက်ပြီး လုံခြုံရေးစည်း ကျိုးပေါက်နိုင်ကြောင်း ဝေဖန်မှုတွေ ရှိနေပါတယ်။

Facebook