Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်မြို့အနောက်ဘက်မှာတိုက်ပွဲ​တွေဆက်ဖြစ်

စစ်ကောင်စီတပ်ကမိုးကုတ်မြို့ကိုငြိမ်းချမ်းနေသယောင်ဝါဒဖြန့် နေပေမယ့် မြို့အနောက်ပိုင်းတမိုင်ခန့်အကွာမှာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။

(မိုးကုတ်မြို့ရှိ စစ်တပ်ရဲ့ ဗျူဟာစခန်းကုန်းကို ​တော်လှန်​ရေးတပ်​တွေက ၂၀၂၄ ဇူလိုင်လ၂၄ ရက်မှာ သိမ်းပိုက်ခဲ့စဥ်က မိုးကုတ်ဗျူဟာက PDFတပ်ဖွဲ့ဝင်​တွေကို​တွေ့ရစဥ်။ ဓါတ်ပုံ-မိုးကုတ်ဗျူဟာ )

ဖေဖော်ဝါရီ-၂၇၊‌‌၂၀၂၆။ရှိန်း/People’s Spring

စစ်ကောင်စီတပ်ကမိုးကုတ်မြို့ကိုငြိမ်းချမ်းနေသယောင်ဝါဒဖြန့် နေပေမယ့် မြို့အနောက်ပိုင်းတမိုင်ခန့်အကွာမှာ နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေတယ်လို့ တော်လှန်ရေးတပ်တွေကပြောပါတယ်။

စစ်တပ်ကမိုးကုတ်မြို့ကို၂၀၂၅နှစ်ကုန်ပိုင်းမှာပြန်ဝင်ရောက်လာပြီးကတည်းကမြို့အနီးဝန်းကျင်မှာ​PDF​တွေ ဦး​ဆောင်တဲ့​တော်လှန်​ရေးတပ်​တွေနဲ့တိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်​နေတာပါ။ ဒီရက်ပိုင်းမှာတော့မြို့အရှေ့ခြမ်းကငြိမ်နေ​ပေမယ့် အနောက်ခြမ်းက မြို့နဲ့ထိစပ် နေတဲ့ ကျေးရွာတွေမှာတိုက်ပွဲ​တွေဖြစ်နေတာလို့ စစ်​ရေးသတင်းရင်းမြစ်အချို့က​ပြောပါတယ်။

မြို့အနီးဝန်းကျင်မှာဖြစ်တဲ့တိုက်ပွဲ​တွေနဲ့ပတ်သက်ပြီး​တော့ “နှစ်ဖက်အထိခိုက်အကျဆုံးတွေရှိတယ်။စစ်ကောင်စီဘက်ကတော်တော်လေးအထိနာတဲ့တိုက်ပွဲတွေအထိရှိထားပါတယ်”လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိမိုးကုတ်မြို့အတွင်းနေထိုင်သူတဦးကလည်း တခါတရံ ပစ် ခတ်သံတချို့ကြားရတယ်လို့ဆိုပါတယ်။

“အရင်ကထပ်တော့ ငြိမ်တယ်ပြောရမှာပေါ့။ ရှော့တိုက်ဒုံးတွေ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေမြို့တွင်း တော့အသံသိပ်မကြားရတော့ဘူး။မြို့ပြင်ကတော့ အနောက်ခြမ်းမှာအသံတော်တော်ကြားရတယ် “လို့ ​ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။

တရုတ်အစိုးရကြားဝင်မှုနဲ့ မိုးကုတ်မြို့ ၊မိုးမိတ်မြို့ကိုTNLAတပ်ကစစ်တပ်နဲ့ သဘောတူညီချက်အရ ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ကပြန်ဆုတ်ပေးခဲ့တာပါ။ဒါ​​ပေမယ့်နိုဝင်ဘာလ၃၀ ရက်နေ့ကစတင်ပြီး မြို့ပတ်ဝန်းကျင်မှာPDF ၊ပကဖ နဲ့မဟာမိတ်ပူး​ပေါင်းတပ်​တွေနဲ့ တိုက်ပွဲတွေနေတာပါ။

ဆက်စပ်သတင်းများ

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook