Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ဖို့ ပြည်သူသာ အဓိကလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း ထပ်မံပြောကြား

နွေဦးတော်လှန်ရေး ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ဖို့ ပြည်သူလူထုအားလုံး ဒီထက်ပိုပြီး စည်းလုံး ညီညွတ်ကြပါစို့လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုပြီး ပြည်သူသာ အဓိကလို့ ထပ်မံ ပြောကြားပါတယ်။

ဖေဖော်ဝါရီ-၂၇၊ ၂၀၂၆။ People’s Spring

နွေဦးတော်လှန်ရေး ပြည်သူ့တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ဖို့ ပြည်သူလူထုအားလုံး ဒီထက်ပိုပြီး စည်းလုံး ညီညွတ်ကြပါစို့လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက တောင်းဆိုပြီး ပြည်သူသာ အဓိကလို့ ထပ်မံ ပြောကြားပါတယ်။

သံအမတ်ဦးကျော်မိုးထွန်းဟာ ၂၀၂၁ ဖေဖော်ဝါရီ ၂၆ရက်က ကုလသမဂ္ဂအထွေထွေညီလာခံမှာ စစ်အာဏာရှင်စနစ်အား ပြတ်သားစွာဆန့်ကျင်ကာ ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကြောင်း ပြသခဲ့တာကြောင့် မနေ့က သံအမတ်ကြီး သမိုင်းဝင် စီဒီအမ်(CDM) လှုပ်ရှားမှု (၅)နှစ်ပြည့်တဲ့နေ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“မြန်မာ့နွေဦးတော်လှန်ရေးတွင် အသက်အန္တရာယ်၊ ဖိနှိပ်ချုပ်ချယ်မှု၊ ခြိမ်းခြောက်မှုများကြားက သံအမတ်ကြီးဦးကျော်မိုးထွန်းအပါအဝင် စီဒီအမ်(CDM) လှုပ်ရှားမှုတွင် ပါဝင်ပေးခဲ့သော မြန်မာပြည်သူလူထု တဦးတယောက်ချင်းစီတိုင်းကို အထူး လေးစားဂုဏ်ယူကျေးဇူးတင်ရှိပါကြောင်း ဖော်ပြအပ်ပါတယ်”လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီထုတ်ပြန်ချက်အပေါ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကလည်း စစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ ပါဝင် ဝိုင်းဝန်း ဝန်းရံ ပံ့ပိုး ကူညီ ပေးနေကြတဲ့ တစ်ဦး တစ်ယောက်ချင်းစီ တိုင်း ကို ကျေးဇူး အထူးတင်တယ်လို့ ပြောပါတယ်။

လွန်ခဲ့တဲ့ ၅ နှစ်က သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ စစ်တပ် အာဏာသိမ်းမှု ချက်ချင်း အဆုံးသတ်ရေး၊ မိမိတို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် နဲ့ တခြား မတရားထိန်းသိမ်းခံထားရသူများ ချက်ချင်း လွှတ်ပေးရေး၊ နိုင်ငံတော်အာဏာပြည်သူ့ထံ ပြန်လည်ရရှိရေး၊ ဒီမိုကရေစီပြန်လည်ရရှိရေး နဲ့ ဒီမိုကရက်တစ်ဖယ်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး နဲ့ ဒီအရေးတော်ပုံကြီးအောင်မြင်ရေးတို့အတွက် ပြည်သူပြည်သားများအားလုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ အတူတကွလက်တွဲဆောင်ရွက်နေတာကို အထူးကျေးဇူးတင်ရှိကြောင်းနဲ့ ဆက်လက်ဆောင်ရွက်သွားကြဖို့ကိုလည်း မေတ္တာရပ်ခံ တိုက်တွန်းကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံကတဆင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အဲဒီအချိန်ကလည်း သံအမတ်ကြီးက “ဒီအရေးတော်ပုံ မုချအောင်မြင်ရမည်ဖြစ်ပါတယ်။ ပြည်သူသာအဓိကပါ။ အရေးတော်ပုံ အောင်ရမည်” လို့ အာဏာရှင်ဆန့်ကျင်ရေး လက်သုံးချောင်းထောင်ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။

ဒါ့အပြင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးနဲ့ ကုလသမဂ္ဂအဖွဲ့ကြီးအနေနဲ့ စစ်အာဏာသိမ်းမှုကို ပြင်းထန်စွာ အပြစ်တင်ရှုတ်ချကြောင်း လူသိရှင်ကြားထုတ်ပြန်ပေးရန်၊ အုပ်ချုပ်မှုကောင်စီနဲ့ စစ်အစိုးရကို ဘယ်လိုနည်းနဲ့မှ အသိအမှတ် မပြုရန်၊ လွတ်လပ်ပြီး တရားမျှတတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ရလဒ်ကို စစ်အစိုးရ လေးစားလိုက်နာဖို့ တိုက်တွန်းပေးပါရန်၊ နိုင်ငံတော်ရဲ့ အာဏာကို ရွေးကောက်ခံအစိုးရကတဆင့် ပြည်သူ့ထံ ပြန်လည် မအပ်နှင်း မချင်း၊ စစ်တပ်နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းမပြုပါရန်၊ လုံခြုံရေးတပ်ဖွဲ့တွေက ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သူတွေကို အကြမ်းဖက်၊ အင်အားသုံးနှိပ်ကွပ်တဲ့ လုပ်ရပ်တွေ ရပ်တန့်သွားအောင် အပြင်းထန်ဆုံးနဲ့ အဖြစ်နိုင်ဆုံး အရေးယူမှုတွေနဲ့ စစ်အာဏာသိမ်းမှု ချက်ချင်းရပ်တန့်အောင် ဟန့်တားပေးပါရန်၊ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကောက်မတီကို ထောက်ခံရန် တို့ကို သံအမတ်ကြီးက တောင်းဆိုခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ၅ နှစ်ကျော်ကာလတလျှောက်မှာလည်း သံအမတ်ကြီးဟာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်မှု၊ လူမဆန်စွာရက်စက်ကြမ်းကြုတ်မှု၊ အဆင်ခြင်မဲ့လေကြောင်းတိုက်ခိုက်မှု၊ စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ကမ္ဘာကြီးက သိရှိစေဖို့ ကုလသမဂ္ဂအစည်းအဝေးတွေက တဆင့် မိန့်ခွန်းပေါင်း ရာနဲ့ချီ ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီးဟာ ပြီးခဲ့တဲ့နှစ် (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးများ၊ ပင်မကော်မတီ အစည်းအဝေးများ၊ လုံခြုံရေး ကောင်စီ၊ စီးပွားရေးနှင့် လူမှုရေးကောင်စီ၊ အခြား အဆင့်မြင့် အစည်းအဝေးများနဲ့ ကုလသမဂ္ဂ အေဂျင်စီများရဲ့ ဘုတ်အဖွဲ့အစည်းအဝေးတွေမှာ မိန့်ခွန်း စုစုပေါင်း (၇၆) ခု ပြောကြားခဲ့ပါတယ်။

နောက်ပြီး ၂၀၂၅ စက်တင်ဘာ ၉ရက်မှာ စတင်ခဲ့တဲ့ (၈၀) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း ၂၀၂၅ ဒီဇင်ဘာလကုန်အထိ ပင်မကော်မတီများမှာ(၄၂) ကြိမ်၊ မျက်နှာစုံညီ အစည်းအဝေးများမှာ (၄) ကြိမ်နဲ့ အခြား အဆင့်မြင့် အစည်းအဝေးများမှာ (၂) ကြိမ်၊ စုစုပေါင်း မိန့်ခွန်း (၄၈) ခု ပြောကြားခဲ့တယ်လို့ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားပါတယ်။ အဲဒီနောက်ပိုင်းမှာလည်း လက်ရှိအချိန်အထိ ကျင်းပနေဆဲ ကုလသမဂ္ဂအစည်းအဝေးတွေမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဟာ မြန်မာပြည်သူလူထု ခံစားရင်ဆိုင်နေရတဲ့ ပကတိအခြေအနေတွေကို ဆက်လက် မိန့်ခွန်းပြောကြားနေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ – NUG နိုင်ငံခြားရေးဝန်ကြီးဌာန

ဆက်စပ်သတင်းများ

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...

ဆောင်းပါး

-ဥသြ/People’s Spring “ Everything will be OK” အားလုံးအဆင်​ပြေသွားမှာပါ လို့အဓိပ္ပါယ်ရတဲ့အဂ်လိပ်စာတန်း​​လေးကနွေဦးတော်လှန်ရေး အ​စောပိုင်းရက်​တွေမှာ ပြည်သူ​တွေရင်ထဲ မှတ်မှတ်ထင်ထင်ရှိခဲ့တဲ့စာသား​လေးဖြစ်ပါတယ်။ ဒီစာသားလေးနွေဦးတော်လှန်ရေးမှာ ပြည်သူ​တွေရင်ထဲ​ရောက်ခဲ့တာအခုဆိုရင် ၅နှစ်ရှိခဲ့ပါပြီ။ ဒီစာသားနဲ့အတူ ချစ်စဖွယ်​ကောင်းပြီး သတ္တိ​ကောင်းလှတဲ့ ကြယ်စင်ဆိုတဲ့ မိန်းက​လေးငယ်ကိုတွဲပြီး မြင်​လာကြမယ်ထင်ပါတယ် ။ Public Service...

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။