Connect with us

Hi, what are you looking for?

အတွေးအမြင်

အပူစာ စားသူများ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။

(စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြနေသည့်ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေတဲ့ ရဲတပ်ဖွဲ့ဝင်​တွေနဲ့ ရဲကွန်မန်ဒိုစစ်​ကြောင်းဆိုပြီး စစ်​ကြောင်းထိုးစစ်PDF ​​တွေကတိုက်ခိုက်လို့အဖမ်းခံရတဲ့ ရဲ​တွေ။ ဓါတ်ပုံ-ATP ၊ နွားထိုးကြီးPDF)

ဗေဒါ/People’s Spring

ဒီကနေ့ဟာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ (၆၂)နှစ်မြောက် နှစ်ပတ်လည်နေ့ပါတဲ့။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းတော့ ဝမ်းသာတဲ့အဖွဲ့အစည်းတွေထဲ ထိပ်ဆုံးကပါတဲ့အဖွဲ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့လို့ ပြောရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ သက်တမ်းကာလမှာ ရဲတွေဟာ အင်မတန်မှ မလူးသာမလွန့်သာ ရှိခဲ့ရတယ်။ အကြောင်းကတော့ လာဘ်စားဖို့ ယခင်စစ်တပ်အုပ်ချုပ်စဥ်ကာလတွေလောက် အခြေအနေ မကောင်းကြတော့လို့ပါပဲ။ သို့သော် စားမြဲ စားခဲ့ကြတာပါပဲ။ ဒါ​ပေမယ့်​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက်မှာ ဥ​ရောပသမဂ္ဂနဲ့ပူး​ပေါင်းပြီး ရဲတပ်ဖွဲ့ပြုပြင်​ပြောင်းလဲ​ရေးလုပ်ခဲ့ပြီး ​လိုက်ပါ​ပြောင်းလဲခဲ့တဲ့ရဲအချို့လည်းရှိခဲ့ပါတယ်။ဒါ​ပေမယ့် အဲတာက အနည်းစုပါ။

တကျော့ပြန်စစ်တပ်အာဏာသိမ်းချိန်မှာပြည်သူ့ဘက်ရပ်တည်ပြီး CDM ပြုလုပ်ခဲ့ကြတဲ့ ရဲဝန်ထမ်းတွေလည်း ရှိခဲ့ကြပါတယ်။ သို့သော် အများစုကတော့ စစ်တပ်အာဏာသိမ်းလိုက်တာဟာ သူတို့အတွက် ဂွင်အကြီးကြီး ဖန်တီးပေးလိုက်သလို ပြုံးပျော်ကြသူတွေက များပါတယ်။

စစ်တပ်အာဏာသိမ်းကာလ ၅ နှစ်အတွင်း ဖမ်းရဆီးရ ချုပ်နှောင်ရသူတွေ အများဆုံးမို့ ရဲတွေအတွက်ငွေတွင်းကြီးတွေပေါ်ပေါက်လာစေခဲ့တယ်။ဂိတ်တွေဂိတ်တွေမှာလည်း သူတို့ရဲ့တစ်ဦးချင်းတစ်ရက်ဝင်ငွေဟာ သိန်းချီရှိခဲ့တယ်။ ရဲတပ်သားအဆင့်ကလည်း ရာချီတဲ့ဆိုင်ကယ်အကောင်းစားကြီးတွေမောင်းလိုမောင်း၊ တပ်ကြပ်အဆင့်ကလည်း ထောင်ချီတဲ့မြေကွက်တွေဝယ်လိုဝယ်၊ကားအ

Public Service Announcement

Public Service Announcement

ကောင်းစားကြီးတွေစီးလိုစီး၊ အရာရှိအဆင့်ကတော့ တွေးသာကြည့်တော့ပေါ့။ သူတို့တတွေ လက်ညှိုးညွှန်ရာ ရေဖြစ်စေခဲ့တယ်။ အပြစ်မဲ့ပြည်သူတွေရဲ့ မျက်ရည်တွေကိုခြေဆေးပြီး ဘဝတွေသာယာခဲ့ကြတယ်။

တကယ်တော့ သူတို့စားနေသောက်နေ၊ သုံးဖြုန်းနေတာတွေဟာ “အပူစာ”တွေဆိုတာ သူတို့ မသိကြဘူး။ အပူစာဆိုတာအားလုံးသိကြတဲ့အတိုင်းမတရားတဲ့ နည်းလမ်းနဲ့ရှာဖွေထားတဲ့ စည်းစိမ်ဥစ္စာကို ဆိုလိုတာပါ။ အပူစာတွေဟာ မြဲမယ်လို့ ထင်ရင်မှားပါလိမ့်မယ်။

နောင်ဘဝဆိုတာ ခဏထားပါဦး။ ဒီဘဝမှာတင် မရိုးမဖြောင့်နဲ့ ရရှိထားတဲ့ စည်းစိမ်ဟာ ပိုင်ဆိုင်ထားသူနဲ့ သူ့ရဲ့ မိသားစုကို စိတ်အေးချမ်းမှု မပေးနိုင်ပါဘူး။ အဲဒီအစား စိုးရိမ်စိတ်တွေ၊ သောကတွေနဲ့ စိတ်ဆင်းရဲမှု ပူလောင်ခြင်းတွေကိုသာ ပေးပါတယ်။

ဗုဒ္ဓဘာသာ အယူအဆနဲ့ မြန်မာ့ဓလေ့အရ မတရား ရယူထားတဲ့ ဥစ္စာတွေဟာ ရောဂါဘယ ထူပြောတာ၊ ဘေးဥပဒ်ကျရောက်တာ၊ အကြောင်းအမျိုးမျိုးကြောင့် ခဏတာအတွင်း ပြန်လည် ပျက်စီးဆုံးရှုံးသွားတတ်တာတွေ ဖြစ်ပွားတတ်ပါတယ်။ သူတစ်ပါးရဲ့ မျက်ရည်တွေ၊ ဒုက္ခတွေပေါ်ကနေ ရရှိထားတာကြောင့် နစ်နာသူတွေရဲ့ နာကျည်းမှုတွေ၊ ကျိန်စာတွေကြောင့် အလွန်အင်မတန် ပူလောင်ရပါတယ်။ ဒါပေမယ့် ရဲတွေဟာ အပူစာတွေကို သိလျက်နဲ့ မြိန်မြိန်ကြီး စားကြပါတယ်။

အာဏာသိမ်းစစ်တပ်က ရဲ​တွေဆိုရင် အစဥ်အဆက် နှိမ်ချခဲ့တာမှာ နိုင်ငံတစ်ဝန်း ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတွန်းလှန်မှု​ကြောင့်စစ်တပ်အထိနာပြီး ​သေဆုံးဒဏ်ရာရ ၊ထွက်​ပြေးသူများလာချိန်မှာ အဓမ္မစု​ဆောင်းထားတဲ့ ပစ စစ်သားသစ်​တွေကိုပဲ ​ရှေ့တန်းပို့စစ်တိုက်ခိုင်းတာမဟုတ်ပါဘူး။စစ်အာဏာ

ရှင်​တွေက ရဲ​တွေကိုလည်း ရဲကွန်မန်ဒိုစစ်​ကြောင်းဆိုပြီး ဂျင်းထည့်ပြီး ​ရှေ့တန်းပို့စစ်တိုက်ခိုင်းပါ​သေးတယ် ။ တချို့ရဲစစ်​ကြောင်း​တွေက စစ်အာဏာရှင်​တွေအလိုကျပြည်သူ​တွေကိုဖမ်းဆီးသတ်ဖြတ် ၊အဓမ္မပြုကျင့် ရွာ​တွေမီးရှို့ ၊ပစ္စည်း​တွေလုယက်ကြပါတယ် ။ဒါ​ကြောင့် PDF ​တွေက ပြန်တိုက်ခိုက်လို့ စစ်သား​တွေလို ဘဝဆုံးသွားတဲ့ရဲ​တွေလည်းမနည်းပါဘူး။

ဒီကာလထဲမှာပဲ ရဲအရာရှိတချို့ လာဘ်စားထားတဲ့ငွေတွေနဲ့ မြေတွေဝယ်ကြပါတယ်။ ရောင်းမှားဝယ်မှားဖြစ်ပြီး အသိမ်းခံရတဲ့အထဲ ပါသွားတယ်။ ငွေကို ပေါပေါသီသီသုံးစွဲခွင့်ပေးထားတဲ့ ရဲတွေရဲ့သားသမီးတွေ မူးယစ်​​ဆေးဝါး ကျေးကျွန်တွေ ဖြစ်သွားကြတယ်။ အမှုအခင်းတွေ ရင်ဆိုင်ရတယ်။ မိသားစုဝင်တွေကော ရဲတွေကိုယ်တိုင်ပါ ရောဂါတွေ ဆိုးဆိုးရွားရွားဖြစ်တာ၊ အသေဆိုးနဲ့သေတာတွေပါ မျက်မြင်ကြုံတွေ့ရပါတယ်။ ဒါတွေကို မြင်တွေ့နေရတဲ့ရဲတွေကိုယ်တိုင်ကော သင်ခန်းစာယူကြမလားလို့မေးရင် နိုးပါလို့ ဖြေရမှာပါ။

ရာထူးဆိုတာတချိန်ကျဖယ်ပေးရမှာပါ။စည်းစိမ်ဆိုတာ တချိန်ကျ ထားခဲ့ရမှာပါ။ အပူစာတွေဆိုရင်တော့ ပြောမနေပါနဲ့တော့။ ပိုပြီး ကြေလွယ်ပြုလွယ်ပါတယ်။ လူကိုလည်း အင်မတန်မှ ဒုက္ခပေးပါတယ်။မတရားတဲ့နည်းနဲ့ စုဆောင်းခဲ့တဲ့ အပူစာတွေရဲ့ အကျိုးဆက်က အပူစာ စားသူတွေရဲ့ ဘဝတစ်လျှောက်လုံးကို ပြာကျတဲ့အထိ လောင်မြိုက်သွားမှာ အသေအချာပါပဲ။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြည်ပရောက် အတိုက်အခံနဲ့ CDM များကို စစ်အုပ်စုက ခြေရာခံပုံ

ဆောင်းပါး

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁နဲ့ ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလတွေမှာ ပြည်သူတွေ အပျော်ခရီးသွားကြလာကြတာ နည်းပါးခဲ့ပေမယ့် ၂၀၂၃ ကနေ ၂၀၂၅ ခုနှစ် သီတင်းကျွတ်ကာလတွေမှာတော့ ပုံမှန်ကာလလိုပဲ အပျော်ခရီးသွားတာတွေ ပြန်လည်များပြားလာခဲ့ပါတယ်။ ဒီနှစ် ၂၀၂၆ ခုနှစ် သီတင်းကျွတ်ကာလမှာလည်း အပျော်ခရီးသွားကြမယ့်သူတွေ စီစဥ်နေကြပြီလို့ သိရတယ်။...

အတွေးအမြင်

မြန်မာနိုင်ငံသားတို့ ငရဲကျရောက်ခဲ့ရတာ ခုဆို ရက်ပေါင်း နှစ်ထောင်ကျော်ခဲ့ပါပြီ။ ပြည်သူ့အစိုးရလက်ထက်က ၅ နှစ်တာကာလကို ပြန်တွေးမိတိုင်း အခုချိန်မှာ ပိုပြီးတန်ဖိုးထားမိတယ်။ အဲဒီအချိန်တုန်းကတော့ နေ့စဉ်ဘဝမှာ ကိုယ်လုပ်စရာရှိတာကို ကိုယ်အေးအေးချမ်းချမ်း လုပ်ကိုင်ရင်း ပုံမှန်လူတစ်ယောက်လိုပဲ နေထိုင်ခဲ့ကြနိုင်တယ်။ မိသားစုအတွက် အလုပ်လုပ်မယ်၊ စားဝတ်နေရေးအတွက် ရှာဖွေမယ်၊ ကိုယ့်အနာဂတ်အတွက် စီစဉ်မယ်ဆိုတဲ့...

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။