Hi, what are you looking for?
မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့က အောင်မင်္ဂလာကားကွင်းထဲမှာ သေနတ်နဲ့ချိန်ပြီး ဓါးပြတိုက်နေတယ်လို့ဆိုရင် စာဖတ်သူအံ့သြသွားမလား။ ဒီလောက် ကြိတ်ကြိတ်တိုး လူစည်ကားတဲ့ ကားကွင်းထဲမှာ ဘယ်လိုများ ဓါးပြတိုက်သလဲလို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဓါးပြဆိုလို့ ရုပ်ရှင်တွေထဲကလို ပုဆိုးကို မျက်နှာမှာစွပ်ပြီး လာတိုက်တဲ့ ဓါးပြမျိုး မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ နက်ပြာရောင် စည်ပင်ရဲယူနီဖောင်းဝတ်ထားတဲ့...
မြေငလျင်ကြီးကြောင့် မန္တလေးမြို့က ပြိုကျနေတဲ့ Sky Villa ကွန်ဒိုထဲမှာ ပိတ်မိနေတုန်း မလွတ်ခဲ့လို့ သေသွားခဲ့ရင် မိဘတွေပြန်ကြည့်လို့ရအောင် ပိတ်မိနေပုံကိုဖုန်းနဲ့ဗီဒီယိုရိုက်ကူးခဲ့တဲ့ မိန်းကလေးငယ်နှစ်ဦးနဲ့ အဖွားဖြစ်သူတို့ဟာ အသက်ရှင်လျက်လွတ်မြောက်ခဲ့သလို အဖြစ်ဆိုးကြီးကို သူတို့ဘယ်လိုဖြတ်ကျော်ခဲ့ကြတယ်ဆိုတာကိုပါ ပြည်သူတွေမျက်မြင်သိခွင့်ရစေလိုက်ပါတယ်။
စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက် မန္တလေးကျုံးအတွင်း အမင်္ဂလာတံတားဆိုပြီး မှားဖျက်မိခဲ့တဲ့ သမိုင်းဝင် စည်ရှည်တံတားကိုအာဏာသိမ်းခေါင်းဆောင်က ပြန်ဆောက်ခိုင်းပြီး တံတားဖွင့်ပွဲကို ကိုယ်တိုင်တက်ရောက်မှာဖြစ်ပေမယ့် တံတားဖွင့်ပွဲကို ရက်အတိအကျထည့်မကြေညာရဲပဲ လကိုသာ အသိပေးထားပါတယ်။
ချောင်းဦးမြို့ဟာ စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပေါ်က အညာမြို့ငယ်လေးတမြို့ပါ။ သို့ပေသိ နွေဦးတော်လှန်ရေးမှာ ချောင်းဦးမြို့ရဲ့ တော်လှန်ရေးအပေါ်ခံယူချက်၊ ပေးဆပ်ရမှုတွေက မနည်းခဲ့ဘူး။ တော်လှန်ရေးခရီးအစ ၂၀၂၁ ခုနှစ် နိုဝင်ဘာလထဲမှာ စစ်ကောင်စီရဲ့ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတဲ့ ချောင်းဦး PDF လေး နှစ်ဦးရဲ့ "ချောင်းဦး PDF ပါခင်ဗျ။ ချောင်းဦး PDF...