Scorpio/People’s Spring
မြန်မာနိုင်ငံရဲ့ အဓိကမြို့ကြီးဖြစ်တဲ့ ရန်ကုန်မြို့က အောင်မင်္ဂလာကားကွင်းထဲမှာ သေနတ်နဲ့ချိန်ပြီး ဓါးပြတိုက်နေတယ်လို့ဆိုရင် စာဖတ်သူအံ့သြသွားမလား။ ဒီလောက် ကြိတ်ကြိတ်တိုး လူစည်ကားတဲ့ ကားကွင်းထဲမှာ ဘယ်လိုများ ဓါးပြတိုက်သလဲလို့ တွေးမိကောင်းတွေးမိနိုင်ပါတယ်။ ဓါးပြဆိုလို့ ရုပ်ရှင်တွေထဲကလို ပုဆိုးကို မျက်နှာမှာစွပ်ပြီး လာတိုက်တဲ့ ဓါးပြမျိုး မဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ နက်ပြာရောင် စည်ပင်ရဲယူနီဖောင်းဝတ်ထားတဲ့ လိုင်စင်ရ ဓါးပြတွေပဲ ဖြစ်ပါတယ်။
အဲဒီရဲတွေကဘယ်လိုများဓါးပြတိုက်နေတာပါလဲ။ ကားသမားတွေလိုင်စင်မပါလို့လား။ဖြူနီကျားရပ်လို့လား။ ကုန်တွေအဆမတန်တင်လာလို့လား။ တစ်ခုမှ မဟုတ်ပါဘူး။
အောင်မင်္ဂလာကားကွင်းထဲကို ခရီးသည်ပို့တဲ့ တက္ကစီသမားတွေ၊ ဆွေမျိုးသားချင်းမိတ်ဆွေတွေကို ကိုယ်ပိုင်ကားနဲ့လိုက်ပို့သူတွေဟာ ပို့မယ့်ကားဂိတ်ရှေ့ ရောက်လို့ အရှိန်လေးလျှော့လိုက်မိတာနဲ့ စစ်ကောင်စီလက်အောက်ခံ စည်ပင်ရဲတွေရောက်လာပြီး ဖမ်းပါတယ်။ အကြောင်းပြချက်က ယာဥ်ရပ်ခွင့်မပေးတာကို ယာဥ်ရပ်လိုက်လို့ပါတဲ့။ စက်နှိုးပြီးလည်း စက္ကန့်ပိုင်းလေး လမ်းဘေးကပ်

Public Service Announcement
ရပ်တာတောင် မရပါဘူးတဲ့။ အဆိုးရွာဆုံးတစ်ခုကတော့ သေနတ်တွေနဲ့ ချိန်တာပါ။
ရန်ကုန်မြို့က အမျိုးသမီးတစ်ဦးကတော့ အောင်မင်္ဂလာကားကွင်းထဲမှာ ပစ္စည်းလာယူချိန် ထိတ်လန့်စရာ အတွေ့အကြုံတခု ရလိုက်ပြန်ပါတယ်။ Taxi နဲ့ အောင်မင်္ဂလာကားကွင်းထဲ ပစ္စည်းလာယူချိန် ကလေးက ၆ လသားလေးမို့ ထားခဲ့လို့မရတော့ ခေါ်လာခဲ့ရတယ်။ ပစ္စည်းယူရမယ့်ဂိတ်ရောက်တော့ ကားသမားက ကားဖင်ထိုးဖို့ နောက်
ပြန်ဆုတ်လိုက်ပါတယ်။ အဲဒီအချိန် စည်ပင်ရဲတစ်ယောက် ရောက်လာပြီး သူတို့ကားကို သေနတ်နဲ့ချိန်ပါတယ်။ “ ရပ်ရင်ပစ်မယ်” တဲ့။ အဲဒီအမျိုးသမီးလည်း ကြောက်အားလန့်အားနဲ့ “ ကလေးငယ်လေး ပါတယ် မလုပ်ပါနဲ့” လို့ ကပျာကယာ အော်လိုက်ရတယ်။ ကားသမားလည်း ချက်ချင်းမောင်းထွက်လိုက်ရတယ်လို့ ရင်ဖွင့်တယ်။
အဲဒီအမျိုးသမီးတို့ကားသာ ငွေမကုန်လိုက်ရပေမဲ့ အများစုကတော့ ငွေကုန်ခဲ့ကြပါတယ်။ စည်ပင်ရဲတွေဟာ ကားသမားတွေကို ငွေသိန်းချီတောင်းနေတယ်လို့ သိရတယ်။
“ စည်ပင်ရဲတွေကဓားပြတိုက်သလိုသေနတ်တ
ကားကားနဲ့ ၁ သိန်းထိတောင်းတာ။ နောက်ဆုံးညှိမှ ၇ သောင်းနဲ့ပြီးတာ။ ကားကိုစက်မသတ်ထားဘူး။ ပါကင်ဝင်ဖို့စောင့်နေတာကို အသည်းအသန်ဖမ်းတာ။” လို့ ကြုံဖူးတဲ့ ကားသမားတစ်ဦးက ရင်ဖွင့်ပါတယ်။
ယာဥ်ရပ်တဲ့ကိစ္စတင်လားမဟုတ်သေးပါဘူး။ ကားကွေ့ဖို့ နောက်ဆုတ်တဲ့အချိန် ယာဥ်ကြောပြောင်း
ပြန်မောင်းတယ်ဆိုပြီးလည်းဖမ်းပါတယ်။ကိုယ့်ကားနဲ့ကိုတစ်ယောက်တည်းလာ အထုပ်ချ၊ ပြီးတာနဲ့ပြန်တက်တော့လည်း တက်ကာရှိသေး ခါးပတ်မပတ်လို့ဆိုပြီးဖမ်းပါတယ်လို့ ကြုံဖူးသူတွေကပြော
ပြပါတယ်။
အဲဒီလိုဖမ်းပြီးတာနဲ့ ညှိလို့ရကြောင်း ပြောပြီး ငွေညှစ်ပါတော့တယ်။ စည်ပင်ရဲတွေဟာသူတို့လက်
သပ်မွေးထားတဲ့ လူမိုက်တွေနဲ့အတူ ကားကွင်းထဲက လမ်းတစ်လမ်းချင်းစီတိုင်းမှာ ဆိုင်ကယ်တစ်စီးနဲ့ စောင့်ကြည့်နေတယ်လို့ ကားသမားတွေက ပြောပါတယ်။
အကျိုးဆက်ကတော့ အောင်မင်္ဂလာကားကွင်းကို ဘယ်ကားသမားမှ ခရီးသည်မပို့ရဲ၊ မကြိုရဲကြတော့ဘူးလို့ ကားသမားတွေက ပြောတယ်။ Grab လို ကုမ္ပဏီအဆင့်နဲ့လုပ်တဲ့ တက္ကစီတွေတောင် အောင်မင်္ဂလာဆို မလိုက်တော့ဘူးလို့ ကားသမားတွေက ပြောတယ်။
“ အရင်က အောင်မင်္ဂလာကားကွင်းထဲ ခဏခဏရောက်တယ်။ ခုနောက်ပိုင်းတော့ ကွင်းထဲရောက်တာနဲ့ တစ်ခုမဟုတ် တစ်ခုဖမ်းနေတော့ မဝင်ရဲတော့တာကြာပြီ” လို့ ရန်ကုန်မြို့က အငှားယာဥ်မောင်းတစ်ဦးက ပြောပါတယ်။
ရန်ကုန်တင်မကပါဘူး။ စစ်ကောင်စီလက်အောက်
ခံ ရဲအုပ်စုဝင်တွေဖြစ်တဲ့ယာဥ်ထိန်းရဲတွေ၊ စည်ပင်
ရဲတွေဟာ အာဏာသိမ်းလအတွင်းမှာ ပွဲတော်ကြီးတစ်ခုလို ငွေရှာကောင်းနေခဲ့ကြတာပါ။
မန္တလေးမှာဆိုရင် နေ့စဥ် စစ်ဆေးငွေတောင်းတဲ့အဖွဲ့ ဆယ်ဖွဲ့ထက်မနည်းရှိပြီး ငွေဝင်တဲ့နေရာရဖို့ လေလံသဘောမျိုးတောင် ဆွဲယူနေရတယ်လို့ နီးစပ်သူတွေက ပြောပြတယ်။
“ ဘယ်နေရာက အဖမ်းအဆီးများပြီး ငွေပိုဝင်တယ်ဆိုတာရှိတယ်။ အဲဒီနေရာရဖို့ သူတို့ထဲမှာ လေလံသဘောမျိုး ဆွဲကြတာ” လို့ မန္တလေးမြို့က ရဲတပ်ဖွဲ့နဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
သွားလို့လာလို့မကောင်းတဲ့ အာဏာသိမ်းကာလအတွင်းမှာ မဖြစ်မနေမို့ ခရီးထွက်ကြရသူလည်း တွေရှိပါတယ်။ လမ်းတလျှောက် စစ်ကောင်စီလက်အောက်ခံတွေရဲ့ ခြိမ်းခြောက်ငွေညှစ်မှုတွေကြောင့် သွားလမ်းလည်းမသာခဲ့သလို လာလမ်းလည်း မဖြောင့်ကြတော့ဘူး။ စိတ်နှလုံးတွေလည်း ညှိုးခြုံးခဲ့ကြရတယ်။ ရုန်းကန်ဖွေရှာထားတဲ့ လုပ်
အားခတွေဟာ လက်နက်ပြခြိမ်းခြောက်တောင်းယူသူတွေရဲ့ ဘောင်းဘီအိတ်ကပ်ထဲ မပါ့ချင်ပါချင်နဲ့ လိုက်ပါသွားတော့တယ်။
ဒါကြောင့် အောင်မင်္ဂလာကားကွင်းထဲဆို တက္ကစီသမားတွေ မလိုက်လိုကြတော့ဘူး။ သွားလည်းမကြိုကြတော့ဘူး။ ကားသမား အဖမ်းမခံရတဲ့ နည်းလမ်းကိုတော့ ကားသမားတစ်ဦးက အခုလိုပဲ ပြောပြတယ်။ “ ဝင်းထဲရောက်ရင် ခရီးသည်က ကားပေါ်ကနေ ခုန်ဆင်းမှ အဖမ်းမခံရမှာ” တဲ့။ ။















































