သတင်း ပေါက်ခေါင်းမြို့နယ်အတွင်းစစ်တပ်က စစ်ကြောင်းထိုးပြီးအကြမ်းဖက်နေ ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo7 နာရီ ago
သတင်း ကျေးရွာထဲ လက်နက်ကြီးကျပြီး ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးဒဏ်ရာရ "အရပ်သား(၃)ဦး ထိခိုက်ဒဏ်ရာရသည့်အပြင် နွားတစ်ကောင် ဆိတ်တစ်ကောင်လည်း လက်နက်ကြီးစထမှန်ခဲ့သေးသည်" ဟု ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ LuduNwayOoစက်တင်ဘာ 28, 2022
သတင်း မန္တလေး LGBT Union ဥက္ကဋ္ဌအပါအဝင် လူငယ် သမဂ္ဂဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး အဆက်အသွယ်ပြတ်နေ၊ ဖမ်းဆီးခံရပြီဟု ယူဆ LGBT Union Mandalay နှင့် လူငယ်သမဂ္ဂဗဟိုတို့ပူးပေါင်းပြီး ရန်ကုန်မြို့တစ်နေရာတွင် စစ်တင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့သော ဖဲကြိုးနက်ကမ်ပိန်းမှာ ၎င်းတို့နှစ်ဖွဲ့ပူးပေါင်းလုပ်ဆောင်ခဲ့သည့် နောက်ဆုံးလှုပ်ရှားမှု ဖြစ်သည်။ LuduNwayOoစက်တင်ဘာ 28, 2022
သတင်း မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ် နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoစက်တင်ဘာ 28, 2022
သတင်း မြန်မာလက်နက်ပွဲစားတွေကို ဒဏ်ခတ်ပိတ်ဆို့မှုချက်ချင်းချမှတ်ဖို့ အီးယူထံ JFM တောင်းဆို အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ထံ စစ်လက်နက်ပစ္စည်းတင်သွင်းနေတဲ့ ကုမ္ပဏီ (၃၁)ခုရှိနေတာကို JFM က ဖော်ထုတ်တွေ့ရှိခဲ့ပြီး EU အနေနဲ့ အဲဒီကုမ္ပဏီတွေကို မဖြစ်မနေဒဏ်ခတ် ပိတ်ဆို့မှုတွေ ချမှတ်ဖို့လိုအပ်တယ်လို့ ထောက်ပြပါတယ်။ LuduNwayOoစက်တင်ဘာ 27, 2022
သတင်း လွိုင်ကော်မြို့ ကယန်းသာယာလမ်းခွကုန်းတွင်တပ်စွဲထားသော စစ်ကောင်စီတပ်အား တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဟုဆို စစ်ကောင်စီတပ်က စက်လက်များ ၊ စနိုက်ပါများ နှင့် (၆၀)မမများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော် လည်းထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးသည်။ LuduNwayOoစက်တင်ဘာ 27, 2022