Connect with us

Hi, what are you looking for?

သတင်း

မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ်

နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ်
မော်ဒယ်နန်းမွေ့စံကို စစ်ကောင်စီ တရားရုံးက ထောင်ဒဏ်(၆)နှစ် မတရားချမှတ်

အီလက်ထရောနစ်အက်ဥပဒေ ပုဒ်မ (၃၃) ဖြင့် မတရားဖမ်းဆီးခံရပြီး ဒဂုံမြို့သစ်မြောက်ပိုင်း တရားရုံး၌ အမှုရင်ဆိုင်နေရသည့် ‌မော်ဒယ်နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် (၆)နှစ်ချမှတ်လိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာက အသိပေးထားသည်။

နန်းမွေ့စံကို ယနေ့(စက်တင်ဘာ ၂၇ရက်)တွင် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်သည် စစ်အုပ်ချုပ်ရေးဖြစ်၍ စစ်ခုံရုံးဖြင့်စစ်ဆေးခြင်းဖြစ်သောကြောင့် မြန်မြန်ဆန်ဆန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

နန်းမွေ့စံကို အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့် သြဂုတ် ၅ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး အထက်ပါအတိုင်း အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

နန်းမွေ့စံကို ထောင်ဒဏ်(၆)နှစ်ချမှတ်သည့်အပေါ် မတရားကြောင်း ပြည်သူများက မှတ်ချက်များရေးသားထားသည်။

Public Service Announcement

Public Service Announcement

နန်း‌မွေ့စံကဲ့သို့ပင် အီလက်ထရောနစ်အက်ဥပဒေပုဒ်မ (၃၃) ဖြင့် တရားရင်ဆိုင်နေရသည့် သရုပ်ဆောင် သင်ဇာဝင့်ကျော်၏ အမှုကို မရမ်းကုန်းမြို့နယ် တရားရုံး၌ စစ်ဆေးနေပြီး အမိန့်ချမှတ်သည့် အဆင့်သို့ မရောက်သေးကြောင်း ဝါဒဖြန့်မီဒီယာကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ရန်ကုန်မြို့မှာ စည်ကားကြောင်းပြသဖို့ စစ်ကောင်စီက စျေးပွဲတော်တွေ အဆက်မပြတ်စီစဉ်နေပြီး လူငယ်တွေကို စောင့်ကြည့်ဖို့ ညွှန်ကြားချက်ထုတ်ထားကြောင်း လူထုနွေဦးက စုံစမ်းသိရပါတယ်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook