Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးမှာ ဘုန်းကြီးကျောင်းကို စစ်တပ်လေကြောင်းတိုက်ခိုက်လို့ ပြည်သူ ၂ ဦး ဒဏ်ရာရ

​စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏတိုက်ခိုက်နေပြီး ဘုန်းကြီးကျောင်းကို ဗုံးသီးချတိုက်ခိုက်လို့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

(တောင်ဖီလာရွာက ဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားစဥ်။ ဓါတ်ပုံံ-CJ)

​နိုဝင်ဘာ-၁၇၊ ၂၀၂၆၊ ဟာနာဆန်/People’s Spring

​စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ မကြာခဏတိုက်ခိုက်နေပြီး ဘုန်းကြီးကျောင်းကို ဗုံးသီးချတိုက်ခိုက်လို့ ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

​နိုဝင်ဘာ ၁၆ ရက် နေ့လယ်ပိုင်းက မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ကနေ တက်လာတဲ့ ပါရာမိုတာနဲ့ ချောင်းဦးမြို့နယ် အနောက်ခြမ်းကတောင်ဖီလာကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဗုံးသီး ၂ လုံး ကြဲချတိုက်ခိုက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

​ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်တုန်းကလည်း ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာက ကျောင်းသစ်ကျောင်းတိုက်ကို အသေခံဒရုန်း ၂ စင်းနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

“အခုရက်ပိုင်း ချောင်းဦးမြို့နယ်ထဲကို ပါရာမိုတာတွေ၊ ဒရုန်းတွေသုံးပြီး လေကြောင်းကနေ ခပ်စိပ်စိပ် ဗုံးကြဲတိုက်ခိုက်နေတာပါ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးတာနဲ့ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိ အသေးစိတ်ကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉ရက် ည ၁၂ နာရီကျော်ခန့်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)

ကနေတက်လာတဲ့ အသေခံဒရုန်းနှစ်စီးဟာ ချောင်းဦးမြို့နယ်၊ တောကျောင်းလေးကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ သံဃာတွေပဋ္ဌာန်းပွဲ ပြုလုပ်နေချိန် အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ သံဃာတစ်ပါး ဒဏ်ရာရပြီး ကျောင်းဆောင်ပျက်စီးသွားခဲ့ပါတယ်။

အောက်တိုဘာ ၈ ရက်ကလည်း ချောင်းဦးမြို့နယ်၊ ပန်းလှအုပ်စု၊ ပန်းလှတောရကျောင်းတိုက်ကို လေကြောင်းတိုက်ခိုက်လို့ သံဃာတော် ၃ ပါးနဲ့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

Facebook