သတင်း ပေါက်ခေါင်းမြို့နယ်အတွင်းစစ်တပ်က စစ်ကြောင်းထိုးပြီးအကြမ်းဖက်နေ ပဲခူးတိုင်း၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်တပ်က အင်အား၂၀၀ကျော်နဲ့ စစ်ကြောင်းနှစ် ကြောင်းခွဲပြီးထိုးဝင်ရောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ ludunwayoo1 ရက် ago
News စစ်ကောင်စီကို အခွန်ဆောင်လုပ်ကိုင်နေသော သာကေတမှ ကြက်ဝိုင်း ဖောက်ခွဲသတိပေးခံရ ဖေဖော်ဝါရီ၅ ရက် နေ့လည်က သာကေတမြို့နယ် ရန်ပြေ(၁၅)လမ်း ကန်ဘောင်ပေါ်၌ ပြုလုပ်နေသည့် ကြက်ဝိုင်းကို ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ခြောက်လှန့်သည့်အနေဖြင့်သာပြုလုပ်ခြင်းဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News အမြန်လမ်းတွင် ယာဥ်တစ်စီးတိမ်းမှောက်ပြီး မီးလောင်၍ လူနှစ်ဦးသေ အခင်းဖြစ်သည့်နေရာသည့် ပြင်စည်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ပုလဲမြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်များ ဝင်တိုက် "အများက PDFက မီးရှို့တယ်လို့ထင်ကြတယ်။ အမှန်ကဟိုဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့အိမ်ကို မီးလောင်သွားတာပါ။ရဲစခန်းကိုသွားပစ်တဲ့အဖွဲ့ကတော့ လက်နက်ကြီးနဲ့သုံးချက်ပစ်ခဲ့တယ်" ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News စစ်ကောင်စီနှင့်ပျူများလှုပ်ရှားနေသည့် ရွာကို ကနီအခြေစိုက်တပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးကြဲ အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအများအပြားလှုပ်ရှားနေသည့် ရေလည်ကျွန်းကျေးရွာကို ယနေ့(ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၀နာရီခွဲတွင် ဒရုန်းဖြင့်သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Kani People's Defense Force - KLG PDFက သတင်းထုတ်ပြန်သည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022
News ဖားကန့်၊ မနော့မှော်နှင့် ကပ်မှော်တိုက်ပွဲစစ်ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် ၂၀၀ ခန့်သေ "ကြာကြာမနေရဲဘူးဗျ သူတို့ရှုံးမဲမဲပြီးလေယာဉ်နဲ့လာရမ်းပစ်တာ။ကျနော်တို့လည်းကလေးတွေဆွဲပြီးပြေးရတာပဲ လေယဉ်ကလျောက်ရမ်းနေတာလေဗျာ။ ရွာထဲတောင်မနေရဲဘူးအခုပစ်သံတွေပြန်ကြားရပြန်ပြီ ။ ညက လေကြောင်းကအသစ်လာချသွားတာဖြစ်မယ် ။ဘယ် ..အရင်ရှိတာတွေကမတိုက်နိုင်တော့ဘူး "ဟု အထက်ပါ ဒေသခံက ဆက်ပြောသည်။ LuduNwayOoဖေဖော်ဝါရီ 6, 2022