Connect with us

Hi, what are you looking for?

News

ဖားကန့်၊ မ​နော့​မှော်နှင့် ကပ်​မှော်တိုက်ပွဲစစ်​ကောင်စီတပ် တပ်ရင်းမှူးအပါအဝင် ၂၀၀ ခန့်​သေ

“ကြာကြာမနေရဲဘူးဗျ သူတို့ရှုံးမဲမဲပြီးလေယာဉ်နဲ့လာရမ်းပစ်တာ။ကျနော်တို့လည်းကလေးတွေဆွဲပြီးပြေးရတာပဲ လေယဉ်ကလျောက်ရမ်းနေတာလေဗျာ။ ရွာထဲတောင်မနေရဲဘူးအခုပစ်သံတွေပြန်ကြားရပြန်ပြီ ။ ညက လေကြောင်းကအသစ်လာချသွားတာဖြစ်မယ် ။ဘယ် ..အရင်ရှိတာတွေကမတိုက်နိုင်တော့ဘူး “ဟု အထက်ပါ ​ဒေသခံက ဆက်​ပြောသည်။

● ယမန်​နေ့ညတိုက်ပွဲတွင် ရဟတ်ယာဥ်ဖြင့် စစ်ကူ​ရောက်လာ​သောစစ်​ကောင်စီတပ်ဖွဲ့များပါ​သေဆုံးဟု​ ဒေသခံ​ပြော

ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ်ရှိ မနော့မှော် နှင့် ကပ်မော်ရွာအနီးကချင်လွတ်လပ်​ရေးတပ်မ​တော်နှင့် စစ်​ကောင်စီတပ်တိုက်ပွဲတွင် စစ်​ကောင်စီတပ်မှ ၂၀၀ခန့်သေဆုံးခဲ့​ကြောင်း KIA နှင့်နီးစပ်​သောသတင်းရင်းမြစ်များနှင့် ​ဒေသခံများက​ပြောသည်။

​ဖေ​ဖော်ဝါရီ ၃ ရက်မှ စ၍ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်​ကောင်စီတပ်ကအထိနာသဖြင့် ​ဖေ​​ဖော်ဝါရီ ၅ ရက်ည​နေတွင် ရဟတ်ယာဥ်များဖြင့် စစ်​ကောင်စီတပ်က တပ်သားများအကူပို့ထားသော်လည်း ယမန်​နေ့(​ဖေ​ဖော်ဝါရီ ၅)ည တိုက်ပွဲတွင် အကူ​ရောက်လာ​သောစစ်​ကောင်စီတပ်သားများအပါအဝင်အများအပြားထပ်မံ​သေဆုံးခဲ့ခြင်းဖြစ်သည်။​ဖေ​ဖော်ဝါရီ ၃ ရက်ကတည်းကဆိုပါက စစ်​ကောင်စီတပ်​သေဆုံးသူ ၂၀၀ ဝန်းကျင်ရှိ​နေ​ပြီဖြစ်​ကြောင်း​ ဒေသခံအချို့က​ပြောသည်။

“မိုးကလည်း၃ရက်လုံးရွာတိုက်ပွဲကလည်းကြမ်းတယ်ဗျ။ သူတို့ဖက်က စစ်တပ်က စစ်ကြောင်းမှူးတပ်ရင်းမှူးပါကျသွားတာ ။အလောင်းလာသယ်တယ်လေ။ ဒဏ်ရာရမဟုတ်ဘူး။သေတာ။ သူ့အလောင်းပဲလာသယ်တာ။ ကျန်တာတွေက မိုးထဲဗွက်ထဲမှာပက်လက်မှောက်လျက် ကားကားကြီးတွေပဲ ။ပုံနေတာ ကျနော်တို့လည်းသိပ်အနားမကပ်ရဲဘူး ။ ရာကျော်တာပေါ့ ဘယ်ကမလဲ သုံးရက်ပေါင်းဆို ၂၀၀လောက်ရှိမယ် ။ဓာတ်ပုံရိုက်ချင်တာပေါ့ဗျာ မိုးကလည်း ဆက်တိုက်ရွာ အဝေးကလှမ်းရိုက်ကြည့်တော့ ဗွက်တွေလူးနေတော့သူတို့အလောင်းတွေပုံထပ်ပြီးရောနေတာ”ဟု ဖားကန့်လမ်း နန့်ယားကျေးရွာအုပ်စု မနန့်မှော် မှ​ဒေသခံတစ်ဦးက တိုက်ပွဲအ​ခြေအ​နေကို ​ပြောသည်။

Public Service Announcement

Public Service Announcement

“ကြာကြာမနေရဲဘူးဗျ သူတို့ရှုံးမဲမဲပြီးလေယာဉ်နဲ့လာရမ်းပစ်တာ။ကျနော်တို့လည်းကလေးတွေဆွဲပြီးပြေးရတာပဲ လေယဉ်ကလျောက်ရမ်းနေတာလေဗျာ။ ရွာထဲတောင်မနေရဲဘူးအခုပစ်သံတွေပြန်ကြားရပြန်ပြီ ။ ညက လေကြောင်းကအသစ်လာချသွားတာဖြစ်မယ် ။ဘယ် ..အရင်ရှိတာတွေကမတိုက်နိုင်တော့ဘူး “ဟု အထက်ပါ ​ဒေသခံက ဆက်​ပြောသည်။

သည်းထန်စွာရွာ​နေ​သောမိုး​အောက်တွင် ယမန်​နေ့ညတိုက်ပွဲမှာ ပြင်ထန်ပြီး မ​နေ့ကမှစစ်ကူထပ်​ရောက်လာ​သော စစ်​ကောင်စီတပ်သားအားလုံးနီးပါ​သေဆုံးသွား​ကြောင်းလည်းအခြားသတင်းရင်းမြစ်တစ်ဦးက ​ပြောသည်။ KIA တပ်ဖွဲ့ဝင်အချို့လည်း ​ကျဆုံးဒဏ်ရာရရှိခဲ့​ကြောင်းလည်း အဆိုပါသတင်းရင်းမြစ်က​ ပြောသည်။

စစ်​ကောင်စီတပ်က အထိနာသဖြင့် ​လက်နက်ကြီးများဖြင့် အချက်​ရေများစွာပစ်ခတ်သလို ၊လေယာဥ်များဖြင့်ပါ ​ပြည်သူများ​နေထိုင်​သောကျေးရွာများကိုပါ ဗုံကြဲခဲ့သဖြင့် ဖေ​ဖော်ဝါရီ ၅ ရက်တွင် ခရစ်ယာန်သင်းအုပ်ဆရာတစ်ဦး ​နေအိမ်ဗုံထိမှန်ပြီး သင်းအုပ်ဆရာကွယ်လွန်ခဲ့သည်။ ထို့အပြင် ​ဒေသခံ အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရရှိခဲ့​ကြောင်း​ဒေသခံများက ပြောသည်။

“မနေ့က တိုက်ပွဲမှာ စစ်တပ်က ဗုံးကြဲချတာ သင်းအုပ်ဆရာနေအိမ် ဗုံးထိပြီး ဆရာ သေဆုံးသွားတယ်။လေကြောင်းမလာခင်မှာ KIA နဲ့ PDFက ဗျင်းထားတာ တပ်ရင်းမှူးပါကျတယ် ကြားတယ်။ သူတို့ စစ်ခွေးအလောင်းတွေ ပုံထပ်နေတယ်လို့လည်း သိရတယ်”ဟု ​ဒေသခံတစ်ဦးကလည်း ပြောသည်။

စစ်ကောင်စီတပ်မှ သေဆုံးရုပ်အလောင်းများထဲမှ အရာရှိအ​လောင်းများကိုသာ ​​လေယာဥ်ဖြင့် သယ်ဆောင်သွားသည်ဟုလည်း မျက်မြင်တွေ့သူအချို့က ပြောသည်။

ဖားကန့်တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု များသည်ဟု ကြားသိရကြောင်း ကချင်ဒေသခံတစ်ဦးက ပြောသည်။

“ သူတို့က တော်ရုံဟတ်စကီးမသုံးဘူး။ သူတို့ဘက်က အထိနာတာတို့ စခန်းသိမ်းခံရတာတို့ ဖြစ်ရင်တော့ ဟက်စကီးနဲ့ ပြန်လာတိုက်တယ်။ ဟိုတလောကလည်း ပူတာအိုဘက်မှာ ဒီအတိုင်းပဲလေ။ စခန်း ကျသွားတာ ရွာနားလေး ဟက်စကီးနဲ့ လိုက်ပစ်တော့ ရွာသားတွေလည်း ထွက်ပြေးရတာ။ သူတို့ဘက်က ထိခိုက်နစ်နာတာမရှိရင် ဟက်စကီးသုံးတဲ့အဆင့်တော့ ခါတိုင်းတော့ မရှိဘူး။ အခု ဟတ်စကီးသုံးပြီဆိုကတည်းက သူတို့ဆီမှာ အထိနာလို့ ဖြစ်တယ်ဆိုတာ အကြမ်းဖျင်းအားဖြင့် သိရတာပေါ့” ဟု ၎င်းက ဆိုသည်။

နမ့်ယားကျေးရွာသည် ဖားကန့်၊ ကာမိုင်းနှင့် လုံခင်းကြားတွင်တည်ရှိပြီး တောတောင်ထူထပ်သည့်နေရာတစ်ခုဖြစ်သည်။ စစ်​ကောင်စီတပ်က တပ်ရင်းမှူးပါ​သေဆုံးသလို တပ်ဖွဲ့ဝင် ၂၀၀ ခန့်​သေဆုံးထားသဖြင့်ရဟတ်ယာဥ်ဖြင့် စစ်ကူများထပ်မံပို့​နေ​ကြောင်းလည်း ​ဒေသခံများကဆက် ​ပြောသည်။

ယနေ့ (ဖေဖော်ဝါရီ ၆ရက်) နေ့လယ်တွင်လည်း တိုက်ပွဲပြန်လည်ဖြစ်နေပြီး ဖားကန့်တက်မည့်ကားများရောက်ရာနေရာတွင် ခေတ္တရပ်တန့်ထားရန် ဒေသခံများက အကြံပြုသည်။

စစ်​ကောင်စီတပ်ကို အထိနာ​အောင် တိုက်ခိုက်​နေ​သောတပ်မှာ KIA အမှတ် (၄၄)တပ်ရင်းဖြစ်ပြီး ပြည်သူ့ကာကွယ်​​ရေးတပ်(PDF)များကလည်း ကူညီတိုက်ခိုက်​ပေး​နေ​ကြောင်း သိရသည်။

ကချင်ဒေသတိုက်ပွဲသတင်းများကို အမြဲ​ဦးစွာဖော်ပြ​ပေး​နေ​သော ကချင်​မြေ Global Media ကလည်း “ကချင်ပြည်နယ် ဖားကန့်လမ်း မနော့မှော် နှင့် ကပ်မော် ရွာအား KIA သိမ်းလိုက်ပြီ။ စကစတပ်သား ၂၀၀ ဝန်းကျင် သေဆုံးသူများပြား KIA ဘက်မှလည်း ထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးမှုရှိတယ်လို့သိရှိရသည်”ဟု ယ​နေ့မွန်းလွှဲ ၁ နာရီ ​​ကျော်တွင်​ ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။