Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့်ပျူများလှုပ်ရှားနေသည့် ရွာကို ကနီအခြေစိုက်တပ်ပေါင်းစုများက ဒရုန်းဖြင့် ဗုံးကြဲ

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအများအပြားလှုပ်ရှားနေသည့် ရေလည်ကျွန်းကျေးရွာကို ယနေ့(ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၀နာရီခွဲတွင် ဒရုန်းဖြင့်သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Kani People’s Defense Force – KLG PDFက သတင်းထုတ်ပြန်သည်။

(KLG PDF ရဲဘော်များကို တွေ့ရစဥ်)

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအများအပြားရှိနေကြသည့် ကျေးရွာပေါ်သို့
ကနီမြို့နယ်အခြေစိုက် ပြည်သူ့မဟာမိတ်တပ်ပေါင်းစုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီနှင့် ပျူစောထီးအများအပြားလှုပ်ရှားနေသည့် ရေလည်ကျွန်းကျေးရွာကို ယနေ့(ဖေဖော်ဝါရီ ၆ရက်) နံနက် ၁၀နာရီခွဲတွင် ဒရုန်းဖြင့်သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု Kani People’s Defense Force – KLG PDFက သတင်းထုတ်ပြန်သည်။

“ရေလည်ကျွန်းက တစ်ရွာလုံး ပျူစောထီး။ အဲတစ်ရွာပဲ ပျူစောထီး။ ကျန်တစ်နယ်လုံးက ပြည်သူ့တော်လှန်ရေးကို ထောက်ခံပြီး စစ်တပ်ကို ချီးရွံသလို ရွံကြတာ”ဟု ကနီမြို့ဒေသခံတစ်ဦးကပြောသည်။

ယနေ့ တိုက်ခိုက်မှုတွင်စစ်ကောင်စီနှင့် ပျူစောထီးများ အထိအခိုက်များခဲ့ပြီး နောက်ဆက်တွဲသတင်းထုတ်ပြန်ပေးမည်ဟုလည်း KLG PDFက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် ဘောသို့ထကျေးရွာကို အာဏာသိမ်းစစ်တပ်က လေယာဉ် ၃ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၁ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရတာ၊နေအိမ်ပျက်စီးတာတွေရှိခဲ့ကြောင်း ကချင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။