Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်ရဲစခန်းနှင့် ထွေအုပ်ရုံးကို ဒေသကာကွယ်ရေးတပ်များ ဝင်တိုက်

“အများက PDFက မီးရှို့တယ်လို့ထင်ကြတယ်။ အမှန်ကဟိုဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့အိမ်ကို မီးလောင်သွားတာပါ။ရဲစခန်းကိုသွားပစ်တဲ့အဖွဲ့ကတော့ လက်နက်ကြီးနဲ့သုံးချက်ပစ်ခဲ့တယ်” ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်မှုများအတွင် ပျူစောထီးများအပါအဝင် ရှစ်ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ရှိ မြို့နယ်ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ဒေသတွင်း မဟာမိတ်အဖွဲ့များက လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက် ည၉နာရီခွဲတွင် ပုလဲမြို့ပေါ်ရှိ မြို့နယ်ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ၂နာရီခန့် ကြာမြင့်ခဲ့ကြောင်း၊ ပုလဲမြို့နယ်အစွန် အရှေ့တောင်ဘက်ခြမ်းတွင်ရှိသည့် ရဲစခန်း၊ အကြမ်းဖက်စစ်တပ်ကိုထောက်ခံပြီး လက်ခံထားသည့်နေအိမ်တစ်အိမ်၊ ပုလဲမြို့အဝင် မြောက်ခြမ်းရှိ အထွေထွေအုပ်ချုပ်ရေးရုံးတို့အား အဖွဲ့သုံးဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီဘက်မှ အကျအဆုံးရှိနိုင်ပြီး အရေအတွက်မသိရသေး ကြောင်း၊ စစ်တပ်ထောက်ခံပြီး လက်ခံထားသည့်သတင်းပေးနေအိမ်ကို ဝင်ရောက်ပစ်ခတ်ရာတွင်မူ ၎င်းတို့ လက်အောက်ခံပျူစောထီးနှင့် စစ်တပ်ထောက်ခံသူ ၈ဦးခန့်သေဆုံးကြောင်း၊ စစ်တပ်ဘက်မှ လက်နက်ကြီး ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် နေအိမ်အချို့မီးလောင်ကျွမ်းခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

“အများက PDFက မီးရှို့တယ်လို့ထင်ကြတယ်။ အမှန်ကဟိုဘက်က လက်နက်ကြီးနဲ့ပစ်ခတ်လို့အိမ်ကို မီးလောင်သွားတာပါ။ရဲစခန်းကိုသွားပစ်တဲ့အဖွဲ့ကတော့ လက်နက်ကြီးနဲ့သုံးချက်ပစ်ခဲ့တယ်” ဟု ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ဆင်ရေးတွင် ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပ.က.ဖ၏ မဟာမိတ်များဖြစ်ကြသော ကျားသစ်နက်တပ်ဖွဲ့၊ ဒေါင်းနက်တပ်ဖွဲ့၊ MPL နှင့် မြိုင်အဖွဲ့များ၊ မြောက်ပိုင်းအဖွဲ့များကို ပုလဲမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည်ဟု ၎င်းအဖွဲ့များက အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပုလဲမြို့နယ်ရှိ မင်းတိုင်ပင်၊ အင်မထီး၊ မွေ့တုံ၊ ပန်းရွာ၊ ကိုင်းတွင်း၊ လှော်ကားကြီး အစရှိသည့် ကျေးရွာများကို ဖေဖော်ဝါရီ ၁ရက်ကတည်းက နေ့စဥ် မီးရှို့ဖျက်ဆီးခဲ့ရာ အိမ်ခြေပေါင်း ထောင်ချီ ပျက်စီးဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

စစ်ကိုင်းမြို့က စစ်ကောင်စီရဲ့မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီး ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။