Connect with us

Hi, what are you looking for?

Photo Essay

အိမ်ပြန်မရောက်တော့တဲ့ နယ်လှည့်ဈေးသည်နှစ်ဦး

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

ဓါတ်ပုံ-CJ

သြဂုတ်-၁၆၊၂၀၂၆။ကဖေး/People’s Spring

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

စျေးသည်အမျိုးသားနှစ်ဦးဟာ တခြားရွာကနေလာပြီးကြက်သွန်၊ငရုတ်သီး၊ ဟင်းသီးဟင်းရွက်အပါအဝင် မီးဖို​ချောင်းသုံးစားသောက်ကုန်တွေကို ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်လည်ပြီးရောင်းချသူတွေဖြစ်ပါတယ်။သြဂုတ်လ၁၆ရက်မနက်ပိုင်းမှာမိုးညှင်းမြို့အနီး ၇ မိုင်ကျေးရွာအနီး စစ်တပ်နဲ့ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်​တွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ဆိုင်ကယ်တွေဟာ လမ်းလယ်ခေါင်မှာကျန်ရစ်ခဲ့ပါတယ်။

ဓါတ်ပုံ-CJ

အဲဒီဆိုင်ကယ်နှစ်စီးပေါ်က ကုန်စည်တွေကို ဒေသခံတွေကအနီးပတ်ဝန်းကျင်မှာ လိုက်လံရောင်းချပေးခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးရဲ့မိသားစုဝင်တွေအနေနဲ့ ဈေးရောင်းချလို့ရတဲ့ငွေနဲ့ ဆိုင်ကယ်ကို အနီး၇မိုင်ကျေးရွာမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ဒေသခံတွေအချင်းချင်း သတင်းစကားပါးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ၂၀၂၄ ​ဖေ​​ဖော်ဝါရီလကစပြီးစစ်မှုထမ်းဥပဒေကို အဓမ္မထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေမှာ လစဉ်စစ်သားစုဆောင်းနေသလို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေလည်း ရှိနေပါတယ်။

ဓါတ်ပုံ-CJ

မိုးညှင်းမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ စျေးသည်နှစ်ဦးရဲ့ မိသားစုဝင်တွေကတော့ အိမ်ပြန်ရောက်မလာ နိုင်တော့တဲ့ အိမ်ထောင်ဦးစီးနှစ်ဦးအတွက်အရူးမီးဝိုင်းဖြစ်နေတော့မယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

CI အဂတိကိစ္စတွေကြောင့် မြန်မာလုပ်သား တစ်သန်းလောက် တရားဝင်စနစ်ပြင်ပ ရောက်သွားနိုင်တယ်လို့ လုပ်သားအရေး ဆောင်ရွက်သူတွေ သတိပေး

သတင်း

ကချင်ပြည်နယ်နဲ့ ထိစပ်‌နေတဲ့စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်ထဲက အာဏာသိမ်းစစ်တပ်နဲ့ SNAပူးပေါင်းစခန်းနောက်တစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ ပူးပေါင်းတပ်တွေက ထပ်မံသိမ်းပိုက်လိုက်ပြီး ဒေသတွင်း စစ်ရေးဆက်လက်တင်းမာနိုင်တယ်လို့ ​တော်လှန်​ရေးတပ်​တွေကသတိပေးပါတယ်။

သတင်း

ကချင်နဲ့ စစ်ကိုင်းတိုင်းနယ်စပ်က စခန်းတချို့ သိမ်းယူခံရပြီးတဲ့နောက် စစ်တပ်က ဆေးခန်းအပါအဝင် အရပ်သားတွေရှိရာနေရာတွေကို လေကြောင်းကနေ ဗုံးကြဲနေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။