Connect with us

Hi, what are you looking for?

Photo Essay

အိမ်ပြန်မရောက်တော့တဲ့ နယ်လှည့်ဈေးသည်နှစ်ဦး

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

ဓါတ်ပုံ-CJ

သြဂုတ်-၁၆၊၂၀၂၆။ကဖေး/People’s Spring

ကချင်ပြည်နယ်မိုးညှင်းမြို့မှာဆိုင်ကယ်နဲ့ ဈေးလိုက်ရောင်းချသူနှစ်ဦးကို အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီတပ်(SNA)တို့ကပေါ်တာဆွဲဖမ်းဆီးသွားလို့ ဒေသခံတွေက ဆိုင်ကယ်ကို ထိန်းသိမ်းထားပေးပြီး လက်ကျန်ကုန်စည်တွေကိုလိုက်ရောင်းပေး​နေတဲ့ဓါတ်ပုံဖြစ်ပါတယ်။

စျေးသည်အမျိုးသားနှစ်ဦးဟာ တခြားရွာကနေလာပြီးကြက်သွန်၊ငရုတ်သီး၊ ဟင်းသီးဟင်းရွက်အပါအဝင် မီးဖို​ချောင်းသုံးစားသောက်ကုန်တွေကို ဆိုင်ကယ်နဲ့ ရွာစဉ်လှည့်လည်ပြီးရောင်းချသူတွေဖြစ်ပါတယ်။သြဂုတ်လ၁၆ရက်မနက်ပိုင်းမှာမိုးညှင်းမြို့အနီး ၇ မိုင်ကျေးရွာအနီး စစ်တပ်နဲ့ရှမ်းနီတပ်(SNA)ပူးပေါင်းတပ်​တွေက အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားတာကြောင့် ဆိုင်ကယ်တွေဟာ လမ်းလယ်ခေါင်မှာကျန်ရစ်ခဲ့ပါတယ်။

ဓါတ်ပုံ-CJ

အဲဒီဆိုင်ကယ်နှစ်စီးပေါ်က ကုန်စည်တွေကို ဒေသခံတွေကအနီးပတ်ဝန်းကျင်မှာ လိုက်လံရောင်းချပေးခဲ့ကြပါတယ်။ ဖမ်းဆီးခံရသူနှစ်ဦးရဲ့မိသားစုဝင်တွေအနေနဲ့ ဈေးရောင်းချလို့ရတဲ့ငွေနဲ့ ဆိုင်ကယ်ကို အနီး၇မိုင်ကျေးရွာမှာ လာရောက်ထုတ်ယူနိုင်တယ်လို့ ဒေသခံတွေအချင်းချင်း သတင်းစကားပါးထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ၂၀၂၄ ​ဖေ​​ဖော်ဝါရီလကစပြီးစစ်မှုထမ်းဥပဒေကို အဓမ္မထုတ်ပြန်ထားပြီး ထိန်းချုပ်ဒေသတွေမှာ လစဉ်စစ်သားစုဆောင်းနေသလို အတင်းအဓမ္မဖမ်းဆီးပြီး စစ်သင်တန်းကိုပို့ဆောင်နေတာတွေလည်း ရှိနေပါတယ်။

ဓါတ်ပုံ-CJ

မိုးညှင်းမြို့မှာဖမ်းဆီးခံလိုက်ရတဲ့ စျေးသည်နှစ်ဦးရဲ့ မိသားစုဝင်တွေကတော့ အိမ်ပြန်ရောက်မလာ နိုင်တော့တဲ့ အိမ်ထောင်ဦးစီးနှစ်ဦးအတွက်အရူးမီးဝိုင်းဖြစ်နေတော့မယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၄ နှစ်အတွင်း အာဏာသိမ်းစစ်တပ်ထံက သိမ်းရခဲ့တဲ့ လက်နက်တွေကို ကရင်နီပြည်တပ်မတော် (KA) တပ်ရင်း (၅)က ထုတ်ပြလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့နယ် နောင်းမီကျေးရွာက အရပ်သား ပြည်သူ ၄ဦးကို စစ်တပ်လက်အောက်ခံပြည်သူ့စစ်က သတ်ဖြတ်လိုက်တဲ့ ဖြစ်စဉ်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW) ပြောရေးဆိုခွင့်ရှိသူ ကိုဂျေးကော့က ပြောပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

၀လက်နက်ကိုင်တပ်(UWSP/UWSA) ကိုယ်စားလှယ်တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးနေကြောင်း စစ်အုပ်စုဝါဒဖြန့် မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

Facebook