Connect with us

Hi, what are you looking for?

နိုင်ငံတကာ

BBCကို တရားစွဲထားတဲ့ အမှုအတွက် ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ချက်ပေးဖို့ ထရမ့်ကို တရားသူကြီး ညွှန်ကြား

BBC သတင်းဌာနကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးရဲ့ ကြားနာမှု အစီအစဉ်တွေမှာ ပူးပေါင်းဖို့ အမေရိကန် တရားသူကြီး တစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အသိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ဆိုချက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ထရမ့်က နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ရလိုမှုနဲ့ ဗြိတိန် သတင်းဌာနအပေါ် စွဲချက်တင်ထားတဲ့ ကိစ္စ ပယ်ချခံရနိုင်ပြီး တရားရုံး လုပ်ထုံးလုပ်နည်းဆိုင်ရာ အရေးယူမှုတွေပါ ကြုံတွေ့နိုင်ကြောင်း တရားသူကြီး အန်ဂျလစ် လတ်ထ်က သတိပေးထားပါတယ်။

ဓာတ်ပုံ - Getty Images

BBC သတင်းဌာနကို တရားစွဲဆိုထားတဲ့ အမှုမှာ တရားရုံးရဲ့ ကြားနာမှု အစီအစဉ်တွေမှာ ပူးပေါင်းဖို့ အမေရိကန် တရားသူကြီး တစ်ဦးက သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ အသိပေးလိုက်ပါတယ်။ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ထွက်ဆိုချက်ပေးဖို့ ပျက်ကွက်မယ်ဆိုရင် ထရမ့်က နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ ရလိုမှုနဲ့ ဗြိတိန် သတင်းဌာနအပေါ် စွဲချက်တင်ထားတဲ့ ကိစ္စ ပယ်ချခံရနိုင်ပြီး တရားရုံး လုပ်ထုံးလုပ်နည်းဆိုင်ရာ အရေးယူမှုတွေပါ ကြုံတွေ့နိုင်ကြောင်း တရားသူကြီး အန်ဂျလစ် လတ်ထ်က သတိပေးထားပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်နေ့၊ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်း ပြီးဆုံးခါနီး ထောက်ခံသူတွေနဲ့ တွေ့ဆုံချိန်မှာ ထရမ့်ပြောဆိုခဲ့တဲ့ မိန့်ခွန်းရုပ်သံကို BBCရဲ့ Panorama ရုပ်မြင်သံကြား မှတ်တမ်း အစီအစဉ်က ပြန်လည်တည်းဖြတ် ထုတ်လွှင့်ခဲ့ပါတယ်။ အဲဒီလို ထုတ်လွှင့်ရာမှာ ထရမ့်က အချိန်ခြားပြီး ပြောဆိုထားတဲ့ စကားတွေကို တစ်ဆက်တည်း ပြောသလိုဖြစ်အောင် တည်းဖြတ်ထားခဲ့ပါတယ်။ ဒါကြောင့် အဲဒီနေ့မှာ ဖြစ်ပေါ်လာတဲ့ အမေရိကန်လွှတ်တော် စီးနင်းခံရမှု ဖြစ်စဉ်ကြီးကို ထရမ့်က လှုံ့ဆော်ပေးခဲ့သလို အဓိပ္ပါယ်မျိုး ဖြစ်သွားခဲ့ပါတယ်။

BBCက အဲဒီလို မိန့်ခွန်းကို တည်းဖြတ်ပြင်ဆင်ရာမှာ မူလဆိုလိုရင်းကနေ သွေဖယ်သွားစေနိုင်တဲ့ အခြေအနေ ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ BBCရဲ့ ထိပ်ပိုင်း သတင်းကြီးကြပ်ရေးဆိုင်ရာ အရာရှိ တချို့လည်း တာဝန်ယူ နုတ်ထွက်ခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့်ကတော့ BBCဟာ သူတကယ် မပြောခဲ့တဲ့ စကားလုံးတွေကိုပါ ဉာဏ်ရည်တု နည်းပညာ (AI) အသုံးပြုပြီး ထည့်သွင်းပုံဖော် ရိုက်ကူးထားတယ်လို့ စွပ်စွဲထားပါတယ်။

အဲဒီဗီဒီယိုဟာ ဖလော်ရီဒါမှာ ထုတ်လွှင့်ခြင်း မရှိခဲ့ပေမယ့်လည်း ထရမ့်ရဲ့ ရှေ့နေတွေက ဖလော်ရီဒါ ပြည်နယ် မမျှတသော၊ လှည့်ဖြားသော ကုန်သွယ်ရေး လုပ်ဆောင်ချက်များဆိုင်ရာ အက်ဥပဒေကို ကိုးကားပြီး ဖလော်ရီဒါက ဖက်ဒရယ် တရားရုံးမှာ BBCကို အမှုဖွင့်ခဲ့ပါတယ်။ BBCရဲ့ တည်းဖြတ်မှုကြောင့် ထရမ့်အတွက် အထူးထိခိုက် ခံစားခဲ့ကြောင်း သူ့ရဲ့ရှေ့နေတွေက အခိုင်အမာ ပြောကြားခဲ့သလို အသရေဖျက်မှုနဲ့ တရားစွဲပြီး နစ်နာကြေး ဒေါ်လာ ၁၀ ဘီလီယံ တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမှုကို ကြားနာ စုံစမ်းနေချိန် အတောအတွင်း ထရမ့်ဆီက တိကျတဲ့ ထွက်ချက်ပေးဖို့ တရားသူကြီးက ညွှန်ကြားထားပြီး ၇ နာရီလောက် ကြာမြင့်မယ့် အဲဒီ ထွက်ဆိုချက်တွေကို ဗီဒီယိုနဲ့ မှတ်တမ်း မတင်ဖို့ ထရမ့်ရဲ့ ရှေ့နေတွေဆီက တောင်းဆိုမှုကိုလည်း လတ်ထ်က ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဗီဒီယိုကို နှစ်ဖက် ရှေ့နေတွေဆီသာ ကြည့်ရှုခွင့် ပေးမှာ ဖြစ်ပါတယ်။

အမှုနဲ့ ပတ်သက်ပြီး တင်ပြဖို့လိုတဲ့ စာရွက်စာတမ်းတွေကို ထရမ့်ရဲ့ ရှေ့နေအဖွဲ့က စုံစုံလင်လင် ပေးပို့ခြင်း မရှိသေးဘူးလို့ BBCရဲ့ ရှေ့နေတွေက ထောက်ပြထားပြီး လတ်ထ်ကလည်း အဲဒီအချက်ကို သဘောတူထားပါတယ်။ စာရွက်စာတမ်း အားလုံး တင်သွင်းမှုကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ နောက်ဆုံးထားပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ထရမ့်ရဲ့ ရှေ့နေတွေ လွှဲပြောင်းပေးထားတဲ့ စာရွက်စာတမ်း အများစုဟာ အင်တာနက်က ရယူထားတဲ့ အချက်အလက်တွေသာ ဖြစ်နေပါတယ်။

စာရွက်စာတမ်း ကိစ္စတွေအပြင် တရားခွင်မှာ ထရမ့်ကိုယ်တိုင် ထွက်ဆိုရေး BBC ရှေ့နေတွေက တောင်းဆိုမှုကိုလည်း အောက်တိုဘာ ၂၂ ရက်နေ့ တရားခွင်မှာ ဆွေးနွေးခဲ့ပါတယ်။ မူလက အောက်တိုဘာ ၁၆ ရက်နေ့မှာ ထရမ့်က ထွက်ဆိုချက်ပေးဖို့ စီစဉ်ထားပေမယ့် နိုင်ငံအတွက် အရေးကြီးတဲ့ တခြားကိစ္စတွေ ရှိနေလို့ဆိုပြီး ထရမ့်ရဲ့ ရှေ့နေတွေက အကြောင်းပြချက်ပေးပြီး ရွှေ့ဆိုင်းစေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာ ထရမ့်ဟာ ဂျော်ဂျီယာ ပြည်နယ်ကိုသွားပြီး ရီပတ်ဘလစ်ကန် ပါတီအတွက် မဲဆွယ်နေခဲ့တာသာ ဖြစ်တယ်လို့ BBCရဲ့ ရှေ့နေတွေက ထောက်ပြထားခဲ့ပါတယ်။ တစ်နည်းအားဖြင့် တရားလို ရှေ့နေအဖွဲ့ဟာ ထွက်ဆိုချက်ပေးဖို့ လိုအပ်တာနဲ့ ပတ်သက်ပြီး လိမ်ညာခဲ့တာလို့ BBC ရှေ့နေ တစ်ဦးက ပြောပါတယ်။

အခုတော့ တရားသူကြီးက ထရမ့်အနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မတိုင်ခင် ကြားနာမှုတွေအတွက် ထွက်ဆိုဖို့ ညွှန်ကြားခဲ့ပြီး ပျက်ကွက်မယ်ဆိုရင် စွဲချက်ကို ရုပ်သိမ်းတာအပြင် တခြားအရေးယူမှုတွေ ကြုံနိုင်တယ်လို့ ထရမ့်ရဲ့ ရှေ့နေတွေဆီ အသိပေးထားပါတယ်။ ထရမ့်ရဲ့ ရှေ့နေ အဖွဲ့ကတော့ သမ္မတဟာ ရုံးချိန်းအတွက် မအားလပ်နိုင် ဖြစ်နေတာကြောင့် ဇန်နဝါရီလလောက်မှာ ထွက်ဆိုခွင့်ပေးဖို့ အဆိုပြုခဲ့ပေမယ့် တရားသူကြီးက ပယ်ချခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူနဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကြားမှာ ပုဂ္ဂိုလ်ရေး ဘာအာဃာတမှ မရှိဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ထောင်ထဲ ထည့်ထားသယောင် လှောင်ပြောင်ထားတဲ့ ပြကွက်တစ်ခုကို အီရန်နိုင်ငံရဲ့ မြို့တော်၊ တဟီရန်မှာ စီစဉ် ပြသထားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်မှာ သမ္မတ ဒေါ်နယ်လ်ထရမ့် ဒုတိယအကြိမ် အာဏာရလာပြီးနောက်ပိုင်း ဗီဇာပေါင်း ၃၀၀၀၀၀ ကျော်ကို ပယ်ဖျက်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်း အစိုးရ အနေနဲ့ ရုရှားနဲ့ သဘောတူညီမှု တစ်ခုခု ရယူတာမျိုး ဖြစ်စေချင်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။