အောက်တိုဘာ-၁၉၊၂၀၂၆။သတိုး/People’s Spring
ပြည့်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနက စစ်ဥပဒေ၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်တွေနဲ့ အညီ ထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၁၆ ဦးက ပေးအပ်တဲ့ တာဝန်တွေ ကိုသစ္စာရှိစွာထမ်းဆောင်တာ ၊ တာဝန်ကျေပွန်တာ ၊ တော်လှန်ရေးတိုက်ပွဲ တွေမှာပါဝင်ပေးဝာာ ၊စစ်ရာဇဝတ်မှုကင်းရှင်း တာတွေအတွက်စစ်သုံ့ပန်းစာရင်းကပယ်ဖျက်ပေးခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
စစ်သုံပန်းစာရင်းက ပယ်ဖျက်ခံခဲ့ရသူတွေက သူတို့ရဲ့ ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အဖြစ်ခံယူဖို့ လျှောက်ထားခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေရဲ့ ထောက်ခံမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေ အဖြစ် ခံယူခွင့် ပြုလိုက်တာလို့ ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးထားပါတယ်။

Public Service Announcement
၂၀၂၄ ဇူလိုင်လမှ ၂၀၂၆ သြဂုတ်လအထိ ၂ နှစ်ကျော်အတွင်းစစ်တပ်မှသေဆုံးသူ နှစ်သောင်းကျော် ၊ဒဏ်ရာရသူ တစ်သောင်းခန့်၊ပြည်သူ့ရင်ခွင်ခိုလှုံသူ (အလင်းဝင်သူ) ၃၈၇၄ ဦး ၊စစ်တပ်မှ ထွက်ပြေးသူ နှစ်သောင်းခန့်ရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ် ။ အများစုဟာ ပစ ခေါ် စစ်မှုထမ်းစစ်သားသစ်တွေလို့ဆိုပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနကဖမ်းဆီးထိန်းသိမ်းထားတဲ့ စစ်သုံ့ပန်း ၅၃၆ ဦးရှိတယ်လို့လည်းဖော်ပြထားပါတယ်။


















































