Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမှာ စစ်တပ်လက်အောက်ခံ SNA တပ်စခန်း ၁ ခုကို KIA ပူးပေါင်းတပ် သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

အောက်တိုဘာ ၂၀၊ ၂၀၂၆။ ထားမြတ်၊ ကဖီး / People’s Spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

တောင်ဦးကျေးရွာအုပ်စုတာမယ်ပုတ်ကျေးရွာမှာရှိတဲ့ ရှမ်းနီတပ်စခန်းကို အောက်တိုဘာ ၁၈ ရက်မှာ KIA ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲအခြေအနေတွေ မေးမြန်းနိုင်ဖို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူနဲ့ ကချင်စစ်ရေးသတင်းရင်းမြစ် အချို့ထံ ဆက်သွယ်ထားဆဲ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနေစဉ်မှာ ဟုမ္မလင်းနဲ့ ကချင်ပြည်နယ် နယ်စပ်ဘက်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့ပြီး ရွှေပြည်အေးမြို့နယ်မှာလည်း လေကြောင်းပျံသန်းမှုတွေ ရှိတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“အဓိကကတော့ ဒေသခံတွေရှိနေတဲ့ ရွှေလုပ်ကွက်တွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာပါ။ အရင်ကလည်း ဒေသခံတွေ ရွှေတူးဖော်တဲ့နေရာတွေကို ကြဲလို့ အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တယ်ဆိုတော့ အခုလို စစ်ရေးတင်းမာနေတဲ့ကာလမှာ ဘေးကင်းအောင် နေကြမယ်ထင်တယ်” လို့ ၎င်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၈ ရက်နေ့က ဟုမ္မလင်းမြို့ မြို့နယ်အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေစဉ်မှာ စစ်ကောင်စီက တိုက်ပွဲနေရာနဲ့ ဝေးတဲ့ သဲဇလောက် ရွှေမှော်ပတ်ဝန်းကျင်ကို ဗုံးကြဲလို့ အရပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

KIA ပူးပေါင်းတပ်ဟာ ဖားကန့်နဲ့ မိုးညှင်းဒေသက SNA တပ်စွဲရာ နေရာတွေ တပ်စခန်းတွေကိုလည်း အခုလပိုင်းအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာတွေ ရှိပါတယ်။

စက်တင်ဘာလကုန်ပိုင်းက ဖားကန့်မြို့နယ်၊ ဆယ်ဇင်းဒေသ တောင်ယာကုန်းရွာမှာ ရှိတဲ့ SNA စခန်း ၂ ခုကို KIA ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို မိုးညှင်းမြို့နယ်က SNA ကာကင်းစခန်း အချို့ကိုလည်း သိမ်းရခဲ့တာရှိပါတယ်။

တစ်ဖက်မှာ SNA ကလည်း အင်းတော်ကြီးဒေသမှာ စစ်တပ်နဲ့ ပေါင်းပြီး KIA တပ်တွေရှိရာ ထိုးစစ်ဆင်တိုက်ခိုက်တာ၊ ဒေသတွင်းရှိ ကချင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းအချို့ကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ဘုရားကျောင်းမှာ စစ်သင်တန်းဆင်းပွဲ ပြုလုပ်တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် KIA နဲ့ ပူးပေါင်းတပ်တွေဟာ အောက်တိုဘာလ ၁၉ ရက် ညပိုင်းကလည်း ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပြီး သေနတ်ကြီးပစ်ခတ်သံတွေကို ကြားနေရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဗန်းမော်မြို့မှာ စစ်တပ်က အင်အားဖြည့်တင်းပြီးနောက် နေ့တိုင်းလိုလို တိုက်ပွဲတွေ ရှိနေတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းမြောက် မိုးမိတ်ဒေသ၊ ကချင်ပြည်နယ် ခေါင်လန်ဖူးဒေသတွေမှာလည်း စစ်ရေးတင်းမာနေသလို တနိုင်းလီဒိုလမ်းဘက်မှာလည်း စစ်တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်တွေက စစ်အင်အားဖြည့်တင်းတာတွေ လုပ်နေတယ်လို့ KIA က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့အနီးမှာတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်ဘက်ကအထိနာတာ​ကြောင့် လေကြောင်းပစ်ကူသုံးဗုံးကြဲခဲ့တယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

ပလက်၀ဒေသကို ၂ရက်အတွင်း ဗုံးအလုံးရေ ၁၀၀ ကျော်ကြဲတိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ပြည်သူ ၉ဦး သေဆုံး

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကွမ်းခြံကျေးရွာမှာ အာဏာသိမ်း စစ်တပ်က ဒီ​နေ့ လေကြောင်းတိုက်ခိုက်လို့ ကလေး ၂ ဦးအပါအဝင် ဒေသခံ အမျိုးသမီး ၆ ဦး သေဆုံးပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်။

သတင်း

စစ်တွေတိုက်ပွဲ​တွေမှာ စစ်တပ်က ဒီနေ့ အမြန်​မော်​တော်​လှေ( speedboat)​တွေနဲ့ ကမ်းတက်ဖို့ ဆက်ကြိုးစားလာပြီး အာရက္ခတပ်​တော်ကတိုက်ခိုက်ရာ ကမ်းစပ်မှာ တိုက်ပွဲပြင်းထန်ပြီး စစ်သား ၁၀ ဦးကျော်သေဆုံးကာ ၂၀ ဦး ဝန်းကျင် လက်နက်ချခဲ့ကြတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။